တစ်ယူနစ် ကျပ်၂၁၀ နှုန်း လျှပ်စစ် ဖြန့်ဖြူးရေး လုပ်ခွင့်ရ ကုမ္ပဏီအမည် မကြာမီ ထုတ်ပြန်မည်

0
903

ထားဝယ်ခရိုင်ကို ဇူလိုင်လ ၁ ရက်နေ့ကစပြီး တစ်ယူနစ်လျှင် ကျပ် ၂၁၀ နှုန်းဖြင့် လျှပ်စစ် ဖြန့်ဖြူးခွင့်ရသည့် ကုမ္ပဏီအမည်ကို လာမည့် ဇွန်လ ၂၇ ရက်တွင် ထုတ်ပြန်ပေးနိုင်မည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ် စစ်နှင့်စွမ်းအင်ဝန်ကြီးက ပြောကြား သည်။

လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ကိုင်ခွင့်ရ ကုမ္ပဏီကို အတည်ပြုထားပြီးဖြစ်ကာ စာချုပ်ချုပ်ဆိုပြီးမှ ကုမ္ပဏီအမည်ကို ထုတ်ပြန်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ပြော သည်။” သူတို့ကို ကျွန်တော်တို့က ဖြန့် ဖြူးရေးအတွက် တနင်္လာနေ့မှာ စာချုပ် ချုပ်ဖို့ ပြင်ဆင်ထားတယ်” ဟု ၎င်းက ဆိုသည်။

ထားဝယ်ခရိုင်ကို လျှပ်စစ်ဖြန့်ဖြူး ရေး လုပ်ငန်းလုပ်ကိုင်ရန် ဖိုးသီးချို ကုမ္ပဏီနှင့် လက်ရှိ ဖြန့်ဖြူးရေး လုပ်ကိုင် နေသည့် DDPC ကုမ္ပဏီကို ဇွန်လ ၁၄ ရက်က အဆိုပြုချက် တောင်းထား ပြီး အစိုးအရအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်းဝန်ကြီး ဦးကြည်လှိုင်က ဇွန်လ ၁၄ ရက်က ပြော ဆိုခဲ့ဖူးသည်။
လက်ရှိအချိန်တွင် တစ်ယူနစ်ဈေး နှုန်းကို ကျပ် ၂၁၀ သတ်မှတ်ထားကြောင်း ဝန်ကြီးဦးကြည်လှိုင်က ပြောသည်။

ထားဝယ်ခရိုင်အတွက် လျှပ်စစ် ထုတ်လုပ်ပေးမည့် ကုမ္ပဏီ Global Grand Service ကုမ္ပဏီက လိုင်းပေါ် တင်ပေးသည့်ဈေးဖြစ်သည့် (စက်ရုံ ထွက်ဈေး) လျှပ်စစ်တစ်ယူနစ်လျှင် ၁၃၀ ကျပ်ဖြင့် ထုတ်လုပ်ပေးမည်ဖြစ်ပြီး ဖြန့် ဖြူးရေး စရိတ် ထည့်ပေါင်းလိုက်ပါက တစ်ယူနစ် ကျပ် ၂၁၀ သင့်မည်ဖြစ်သည်။
လျှပ်စစ်ထုတ်လုပ်သည့် ကုမ္ပဏီက ကံပေါက်ဒေသတွင် ၁.၆ မဂ္ဂါဝပ်တပ် ဆင်အားရှိသည့် ဂက်စ်အင်ဂျင် ၈ လုံး တပ်ဆင်သွားမည်ဖြစ်ပြီး ယင်းစက်များ ထဲမှ ၁ လုံးကို အရန်အဖြစ် ထားရှိမည် ဖြစ်ကြောင်း ဝန်ကြိးက ပြောသည်။

လျှပ်စစ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး မည့် ကုမ္ပဏီကို ၅ နှစ်သက်တမ်း ရှိလာမည်ဖြစ်ကာ ၁ နှစ် တစ်ကြိမ် သက်တမ်းတိုးရမည်ဖြစ်ကြောင်း ဝန်ကြီး ဦးကြည်လှိုင်က ဆိုသည်။ထားဝယ်ခရိုင်တွင် လျှပ်စစ် အသုံး များသည့် အချိန်တွင် ၉.၇ မဂ္ဂါဝပ် ခန့်အထိ သုံးစွဲမှုရှိပြီး မီတာအလုံးရေ သုံးသောင်းကျော်ရှိကြောင်း လျှပ်စစ် အင်ဂျင်နီယာရုံးထံမှ သိရသည်။