ခရီးသွား ထိုင်းယာဉ်တန်းများ ပြန်လှည့်ရ၊ ခရီးသွားလုပ်ငန်းတွင် ကျပ်သိန်း ၃၀၀ ကျော် ဆုံးရှုံး

0
486

မြန်မာ-ထိုင်းနယ်စပ် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ် ဂိတ်မှ ဝင်ရောက်လာသည့် ထိုင်းခရီး သွားယာဉ်တန်း မြိတ်သို့ ဝင်ရောက်ခွင့် ကို တိုင်းအစိုးရက တားမြစ်ခဲ့သည့် အတွက် ကျပ်သိန်း ၃၀၀ ကျော် ဆုံးရှုံး ခဲ့သည်ဟု ယင်းခရီးစဉ် စီစဉ်သည့် Khaing Lin Tun Travel & Tours မှ သိရသည်။

ထိုင်းနိုင်ငံမှ ခရီးသွား မော်တော် ယာဉ် ၂၂ စီးသည် ဇွန်လ ၁၀ ရက်တွင် မောတောင်နယ်စပ်ဂိတ်မှ ဝင်ရောက် လာပြီး တနင်္သာရီမြို့နယ် အရောက် တိုင်းအစိုးရ၏ ညွှန်ကြားချက်အရဟု ဆိုကာ မော်တော်ယာဉ်များအား ဝင်ခွင့် မပေးဟု မြို့နယ်အုပ်ချုပ်ရေးမှူး၏ နှုတ်မိန့်ဖြင့် ပြောခဲ့ကြောင်း ယင်းခရီး သွားလုပ်ငန်းထံမှ သိရသည်။

မော်တော်ယာဉ်များကို ဝင်ခွင့်မပြုဘဲ လူများကိုသာ မြန်မာကားများဖြင့် မြိတ် သို့ ဝင်ရောက်ခွင့်ပေးခြင်း ဖြစ်သည်။” ထိုင်းကားတွေ ဖြစ်နေတာကြောင့် တိုင်းက ညွှန်ကြားလို့ ဝင်ခွင့် မပေးတာ ပါ” ဟု အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းနိုင် က ပြောသည်။ယင်းခရီးစဉ်မတိုင်မီ ဇွန်လ ၉ ရက် တွင် ထိုင်းမော်တော်ယာဉ် ၁၇ စီး ဆိုင် ကယ် ၃ စီးတို့မှာ မြိတ်သို့ ဝင်ရောက် လာခဲ့ပြီး ဖြစ်ကြောင်းဟိုတယ်နှင့် ခရီး သွားညွှန်ကြားမှု ဦးစီးဌာန(မြိတ်ရုံးခွဲ)မှ သိရသည်။

လက်ရှိ ဝင်ရောက်လာသည့် ထိုင်း ခရီးသွားယာဉ်တန်း မြိတ်ခရိုင်တွင်းသို့ တရားဝင် ဝင်ရောက်ခွင့်ကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဇွန်လ ၁ရက်၊ ရက်စွဲဖြင့် တရားဝင် ဝင်ရောက် ခွင့်ပြုပေး ပြီးဖြစ်ကာ တိုင်းဒေသကြီး အစိုးရရုံးနှင့် သက်ဆိုင်ရာဌာနများ သို့ လည်း တင်ပြပေးထားပြီးဖြစ်ကြောင်း အထက်ပါ ခရီးသွားလုပ်ငန်းမှ သိရသည်။

အဆိုပါ ထိုင်းခရီးသွားကားများ ဝင်ခွင့်မရခြင်းနှင့်ပတ်သက်၍ Khaing Lin Tun Travel & Tours က မြိတ် အခြေစိုက် ခရီးသွားလုပ်ငန်းကုမ္ပဏီများ ပါဝင်သည့် ရှင်းလင်းပွဲတစ်ခုကို ဇွန်လ ၁၃ ရက်က မြိတ် Grand Jade Hotel တွင် ပြုလုပ်ခဲ့သည်။

ယင်းခရီးစဉ်အတွက် မောတောင်ရှိ စစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ် တစ်စီးလျှင် (ကညန)သို့ အခွန်သွင်းငွေ ကျပ်ငါးသောင်းနှုန်း အပါအဝင် လူ၊ မော်တော်ယာဉ်အာမခံများနှင့် မြန်မာ အစိုးရသို့ အခွန်သွင်းထားပြီး ငွေ ၁၈ သိန်းကျော်ရှိကြောင်း ယင်း ခရီးသွား လုပ်ငန်းထံမှ သိရသည်။
ထို့ပြင် ထိုင်းနိုင်ငံသား ၆၅ ဦး အတွက် ကြိုတင်အခန်းများမှာ ယူထား ပြီးဖြစ်သည့်အတွက် တစ်ရက်တာ ဟို တယ် အခန်း ၃၃ ခန်းခ၊ ကြိုတင်မှာယူ ထားသည့် စားသောက်စရိတ် ကျွန်းခရီး စဉ်အတွက် အမြန်ယာဉ် ငှားရမ်းခနှင့် ထိုင်းခရီးသွား လုပ်ငန်းသို့ ပြန်ပေး လျော်ရငွေ အပါအဝင် စုစုပေါင်း သိန်း ၃၀၀ ကျော်ရှိကြောင်း Khaing Lin Tun Travel & Tours မှ သိရသည်။

” ဆုံးရှုံးငွေတွေကို ခွင့်ပြုပေးထား သူဖြစ်ဖြစ် တားမြစ်သူပဲဖြစ်ဖြစ် တာဝန် ယူပေးစေချင်တယ်” ဟု Khaing Lin Tun Travel & Tours မှ မန်နေဂျာ ဦးကျော်ကျော်ထွေးက ပြောပြသည်။

ခရီးစဉ်အနေဖြင့် ဇွန်လ ၁၀ ရက်မှ ၁၃ ရက်အထိ မြိတ်မြို့ရှိ တန်ခိုးကြီး ဘုရားများနှင့် ရေလုပ်ငန်းတချို့ ကျွန်းစု မြို့ အတွင်းရှိ ဆလုံတိုင်းရင်းသားကျေး ရွာများနှင့် ပုလောမြို့နယ်အထိ သွား ရောက်လည်ပတ်မည် ဖြစ်သည်။” ဟိုတယ်ခရီးကတော့ ဘာမှပြော စရာမရှိဘူး တားမြစ်တဲ့သူမှာပဲ တာဝန်ရှိ တယ်” ဟု ဟိုတယ် ခရီး(ထား ဝယ်ရုံး)မှ လက်ထောက် ညွှန်ကြားရေး မှူး ဦးသက်နိုင်ထွေးက ပြောသည်။

ယင်းကဲ့သို့ မြိတ်သို့ဝင်ရောက်ခွင့် မရှိဘဲ တနင်္သာရီမှ လှည့်ပြန်ရသည့် အ တွက် ထိုင်းမှ မြန်မာခရီးသွားလုပ်ငန်း များအပေါ် ယုံကြည်မှု လျော့နည်းလာပြီး ခရီးသွားဦးရေ ဝင်ရောက်နည်းပါး လာ မည်ဖြစ်ကာ ဒေသအခြေစိုက် ခရီးသွား လုပ်ငန်းများကို အခက်အခဲများဖြစ်ပေါ် လာမည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတချို့က မှတ်ချက်ပြုသည်။

မောတောင်နယ်စပ်ဂိတ်ကို ၂၀၁၃ ခုနှစ် မေလ ၈ ရက်က တရားဝင်ဖွင့် လှစ်ထားပြီး ထိုင်းနိုင်ငံ ဒန်းစင်ခွန် ဂိတ် ကို အထူးယာယီနယ်စပ်ဂိတ်အဖြစ်သာ ဖွင့်လှစ်ထားကာ တရားဝင် ဖွင့်လှစ်ထား ခြင်း မရှိသေးပေ။