ကျောက်မီးသွေး လက်မခံလျှင် ဖွံ့ ဖြိုးတိုးတက်မှုမရှိဟု မွန်ဝန်ကြီးချုပ်ပြော

0
502

ကျောက်မီးသွေး အသုံးပြုမှုကိုလက်မခံလျှင် ဖွံ့ဖြိုးတိုးတက်မှု မရှိဟုမွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောဆိုလိုက်သည်။ ဇွန်လ ၁ ရက်က ကျင်းပခဲ့သည့် မွန်ပြည်နယ်အစိုးရ၏ ပထမ တစ်နှစ် တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ကျောက်မီးသွေးသုံး လည်ပတ်နေသည့် မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL တွင် ကျောက်မီးသွေးအစားအခြားလောင်စာ ပြောင်းလဲအသုံးပြုရန်ရှိ^မရှိ သတင်းမီဒီယာများ၏ မေးမြန်းမှု
အပေါ် ဝန်ကြီးချုပ်က ထိုကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

” ဘယ်နိုင်ငံမှ ကျောက်မီးသွေးမသုံးဘဲနဲ့ မတိုးတက်ဘူး၊ ကျွန်တော်တို့လည်း မတည်ပါဘူး၊ မသုံးပါဘူး၊ ဒါပေမယ့် ကျွန်တော်ပြောမယ် ကျောက်မီး
သွေးကို လက်မခံဘူးဆိုရင်ကတော့ဖွံ့ဖြိုးတိုးတက်မှု မရှိဘူး” ဟု ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ပြောဆိုခဲ့သည်။အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်းေ ကျာက်မီးသွေး လျှပ်စစ်အားပေး စက်ရုံရှိကြောင်း၊ အချမ်းသာဆုံး အမေရိကန်နိုင်ငံ၊ ဂျပန်နိုင်ငံတွင်လည်း ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ အများအပြား
ရှိကြောင်း၊သေချာလေ့လာပြီးမှ ကျောက်မီးသွေးကို အပြစ်တင်သင့်ကြောင်းနှင့်အားလုံးပြောနေကြသည့်အတိုင်း မဟုတ်ကြောင်းဝန်ကြီးချုပ်က ဆက်ပြောသည်။

ကျောက်မီးသွေးသုံး လျှပ်စစ် ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး Clean Coal စနစ်ဖြင့် အသုံးပြုမည်ဆိုပါ အန္တရာယ်တစ်စုံတစ်ရာ မရှိနိုင်ဟု မွန်ပြည်နယ်
အစိုးရအဖွဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမင်းထင်အောင်ဟန်က ပြောသည်။” တကယ် Clean Coal နဲ့ လုပ်ရင် တကယ် သန့်/မသန့် လေ့လာတွေ့ရှိထားပြီး ဖြစ်ပါတယ်၊ MCL စက်ရုံမှာလည်း တကယ် Clean Coal သာ ပုံစံတကျ သုံးမယ်ဆိုရင် ဘာမှအန္တရာယ်မရှိဘူးဆိုတာ ကျွန်တော်တို့ လေ့လာတွေ့ရှိထားပါ” ဟု ၎င်းက ပြောသည်။

ကျောက်မီးသွေးဖြင့် လျှပ်စစ်ထုတ် လုပ်မည်ဆိုပါက လျှပ်စစ်အသုံးပြုမှုအတွက် ကုန်ကျစရိတ်သက်သာသည့် အပြင် လျှပ်စစ် လုံလောက်မှု ရှိသည့်အတွက် ပြည်နယ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလည်း ဝင်ရောက်လာမည်ဟု ဝန်ကြီးချုပ်က ပြောသည်။လက်တလောတွင် မွန်ပြည်နယ်အတွင်း၌ မော်လမြိုင် ဘိလပ်မြေစက်ရုံ MCL တစ်ရုံသည်သာ ကျောက်မီးသွေး သုံးပြီး လျှပ်စစ်စွမ်းအင် ထုတ်လုပ်ကာလည်ပတ်လျက်ရှိသည်။

ယခင်အစိုးရလက်ထက်က ရေးမြို့နယ်တွင် လျှပ်စစ်စွမ်းအင် မဂ္ဂါဝပ်၁၂၈၀ ထုတ်လုပ်မည့် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ
တည်ဆောက်ရန် ပြည်ထောင်စုအစိုးရနှင့်တိုယိုထိုင်းကုမ္ပဏီတို့အကြား လက်မှတ်ရေး ထိုးထားသော်လည်း ဒေသခံများ၏ကန့်ကွက် မှု့ကြောင့် ယနေ့ အထိ အကောင်အထည် မဖော်နိုင်သေးပေ။