ဘန်းချောင်း ကျောက်မီးသွေးထုတ်ခွင့် ဆက်ပိတ်၊ ဒေသခံနစ်နာမှု တစ်ပတ်အတွင်း လျော်ကြေးပေးရမည်

0
400

ထားဝယ်မြို့နယ် ဘန်းချောင်းဒေသကွမ်းချောင်းရွာအနီး ကျောက်မီးသွေးတူးဖော်ခွင့် ဆက်လက်ရပ် ဆိုင်းထားမည်ဖြစ်ကြောင်း သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်သိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြောသည်။ယင်းအပြင် ကုမ္ပဏီအနေနှင့် ဒေသခံများ၏ နစ်နာမှုအပေါ် တစ်ပတ်အတွင်း
လျော်ကြေးပေးရန် ဆုံးဖြတ်ထားသည်။

ကျောက်မီးသွေး ထုတ်ခြင်းကြောင့်ဒေသခံများက ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ကျန်းမာရေးနှင့် အခြား ထိခိုက်မှုများကြုံ တွေ့ နေရကြောင်း အစိုးရအား အကြိမ်
ကြိမ် တိုင်ကြားခဲ့ပြီး တိုင်းအစိုးရအဖွဲ့မှရှောင်တခင် စစ်ဆေးကာ ကုမ္ပဏီအား၂၀၁၇ ခုနှစ် မတ်လတွင် ထုတ်လုပ်ခွင့်ယာယီ ရပ်ဆိုင်းခဲ့သည်။

မေလတွင် ကုမ္ပဏီဘက်မှ သတ်မှတ်စည်းကမ်းချက်များနှင့်အညီလုပ်ဆောင်ပြီးကြောင်း တင်ပြလာသဖြင့်သတ္တုတွင်း ဦးစီးဌာန ညွှန်ကြားရေးမှူးအပါအဝင် တိုင်းအစိုးရတာဝန်ရှိသူများ က မေလ ၂၇ ရက်တွင် သွားရောက် စစ်ဆေးခဲ့ရာ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ မပြီးပြတ်သေးသဖြင့် ထုတ်လုပ်ခွင့် ဆက်လက်ရပ်ဆိုင်းရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ဝန်ကြီး ဦးမြင့်မောင်ကပြောသည်။

“လုပ်တော့ လုပ်ထားတယ်၊ ထပ်လုပ်ဖို့ ကျန်နေသေးလို့ မဖွင့်ပေးသေးတာ” ဟု ဝန်ကြီးက မေလ ၃၀ ရက်နေ့တွင် ပြောသည်။ကုမ္ပဏီဘက်မှ လိုက်နာလုပ်
ဆောင်ရန် ကျန်ရှိသည့် လုပ်ငန်းစဉ်များနှင့် ဒေသခံတို့၏တောင်းဆိုချက်များအား ကတိပေးထားသည့်အတိုင်း အကောင်အထည်ဖော်ပြီးသည် အထိ ဆက်လက်ရပ်ဆိုင်းသွားမည်ဟု ဝန်ကြီးက ဆိုသည်။မေလ ၂၆ ရက်နေ့ သွားရောက် စစ်ဆေးစဉ်က အစိုးရအဖွဲ့နှင့် ကုမ္ပဏီတာဝန်ရှိသူများက ကရင်အမျိုးသားအစည်းအရုံး၊ ဒေသခံအရပ်ဘက် အဖွဲ့အစည်းများ၊ ဘန်းချောင်းဒေသခံများနှင့်တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် ဥယျာဉ်ခြံပျက်စီးမှုအတွက် ထိခိုက်နစ်နာသူ ဒေသခံများအား တစ်ပတ်အတွင်း လျော်ကြေးပေးရန် အပါအဝင် ကျန်း မာရေးထိခိုက်မှု မရှိ မရှိရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစသည့် အချက် ၁၁ ချက်ကို ကုမ္ပဏီဘက်မှ လိုက်နာပါမည်ဟု ကတိပြုခဲ့ကြောင်း ဝန်ကြီး ဦးမြင့်မောင် က ပြော
သည်။” ကုမ္ပဏီဘက်က ကတိအတိုင်းအပြည့်အဝ ဆောင်ရွက်ပေးဖို့ စာထုတ်မယ်၊ လုပ်ငန်းပြန်လုပ်ခွင့် ပေးမပေးကိုအဲဒီ အချက် ၁၁ ချက်ပေါ် မူတည်
ဆုံးဖြတ်မယ်” ဟု ၎င်းက ပြောသည်။

လုပ်ငန်း ရပ်ဆိုင်းခံထားရသောမေဖလားဝါးကုမ္ပဏီသည် ဘန်းချောင်းဒေသ ကွင်းချောင်းရွာအနီး ၅၀၀ ဧကကို ၂၀၁၀ ခုနှစ်မှ ၂၀၃၅ ခုနှစ်ထိ၊
ကထောင်းနီရွာအနီး ၂၀၀ ဧကကို ၂၀၁၂မှ ၂၀၂၂ ခုနှစ်ထိ ကျောက်မီးသွေးထုတ်ခွင့်ရထားသည်။