ကျွန်းစုမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဒေါ်မိုးမိုးနွယ်နှင့် တွေ့ဆုံမေးမြန်းခြင်း

0
666

” လုပ်ကိုင်ရမယ့်ကိစ္စတွေ အားလုံးကို လေ့လာရင်း ကြိုးစားရင်းနဲ့ လုပ်ကိုင်သွားမယ်”

ပြီးခဲ့သည့် မေလ ၇ ရက်တွင် ကျွန်းစုမြို့နယ် စည်ပင်သာယာရေး ကော်မတီအဖွဲ့ကို ဒုတိယအကြိမ် ပြန် လည် ရွေးချယ်ခဲ့ရာ ဝင်ရောက်ရွေး ချယ်ခံသူ ၁၀ ဦးတွင် အမျိုးသမီးတစ်ဦး အနေဖြင့် မဲအများဆုံးနဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသူ ဒေါ်မိုးမိုးနွယ်နှင့် တွေ့ ဆုံမေးမြန်းခဲ့သည်ကို တနင်္သာရီ စာဖတ် ပရိသတ်အတွက် တင်ပြပေးလိုက်ပါ တယ်။

အသက် ၄၃ နှစ်ရှိ ဒေါ်မိုးမိုးနွယ် သည် ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာတွင်နေထိုင်သူတစ်ဦးဖြစ်ပြီး ဥယျာဉ် လုပ်ငန်းကို အဓိကထား လုပ်ကိုင်သည်။
ကျေးရွာရှိ လူထုဗဟိုပြုစီမံကိန်း တွင် ဥက္ကဋ္ဌအဖြစ် ၄ နှစ်သာ တာဝန်ထမ်း ဆောင်ဖူးကာ ကျေးရွာဆယ်အိမ်မှူး န၀ရတ်သစ်တော ထိန်းသိမ်းရေးအဖွဲ့နှင့် ပရဟိတလုပ်ငန်းများကို လုပ်ကိုင်ခဲ့ဖူး သည့် အမျိုးသမီးတစ်ဦးလည်း ဖြစ် သည်။

တနင်္သာရီ
။ ။ကိုယ်မဲအများဆုံးနဲ့ အရွေးခံရတာ သိသိချင်း ခေါင်းထဲမှာ ပေါ်လာတဲ့ အတွေးက ဘာလဲ။

ဒေါ်မိုးမိုးနွယ်။ ။သိသိချင်း ခေါင်း ထဲပေါ်လာတာကတော့ အများနဲ့ရင်ဆိုင် ပြီး လုပ်ကိုင်ရတော့မယ်။ လုပ်ငန်းကြီး တွေကို ကြိုးစားပြီးတော့ ပြည်သူလူထုနဲ့ အတူ တာဝန်ယူရင်း လုပ်ကိုင်ရတော့မယ် လို့ တွေးမိခဲ့ပါတယ်။
တနင်္သာရီ။ ။ကိုယ့်မြို့အတွက် စည်ပင်သာယာရေးနဲ့သက်ဆိုင်တဲ့ လုပ် ငန်းတွေက အများကြီးလေ။ အစ်မအနေနဲ့ ဘာတွေကို ဦးစားပေးဆောင်ရွက်သွားဖို့ ရှိပါသလဲ။

ဒေါ်မိုးမိုးအေး။ ။ မြို့နယ်တစ်ခု တည်း ဖွံ့ဖြိုးဖို့ရည်ရွယ်တာ မဟုတ်ဘူး။ ကျေးလက်ဒေသတွေမှာလည်း ဖွံ့ဖြိုး အောင် လုပ်မယ်။ ကျေးလက်ဒေသတစ်ခု ချင်းဆီကိုလည်း ကိုယ်တိုင်သွားမယ်။ အချက်အလက်တွေ စစ်တမ်း ကောက်ယူ မယ်။ ယူလာတဲ့စစ်တမ်းတွေကို မြို့ပေါ် ကဆိုင်ရာ အဖွဲ့တွေနဲ့ တိုင်ပင်ပြီးတော့ သူတို့ရဲ့ လိုအပ်ချက် တွေကို အနီးစပ် ဆုံးရရှိအောင် ဦးစားပေးလုပ်ပေးသွားမယ် လို့ ရည်ရွယ်ထားပါတယ်။ စည်ပင်နယ် နိမိတ်ထဲမပါတဲ့ ကျွန်းတွေကိုလည်း ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးလာပြီး ဒေသခံ တွေရဲ့ အလုပ်အကိုင်အခွင့် အလမ်းနှင့် အခြား အကျိုးခံစားခွင့် တွေရလာအောင် ဆောင်ရွက်သွားဖို့လည်း ရှိပါတယ်။

တနင်္သာရီ။ ။ စည်ပင် ဥက္ကဋ္ဌ တစ် ယောက်အနေနဲ့ နယ်ပယ်သစ်မှာ ကြုံ ရမယ့် စိန်ခေါ်မှုတွေက မမျှော်လင့် နိုင် အောင်ပဲလေ။ အဲဒါတွေအတွက် ဘာတွေ ဘယ်လို ပြင်ဆင်ထားပါသလဲ။
ဒေါ်မိုးမိုးနွယ်။ ။ ဒီအလုပ်ကို လုပ်တဲ့အခါ နည်းပညာပိုင်းနဲ့အခြား ကိုယ်မကျွမ်းကျင်သေးတာကို ကြိုးစား ရမယ်။ ပြီးတော့ အသိပညာဗဟု သုတ လုပ်ငန်းခွင် လုပ်ကိုင်ရမယ့်ကိစ္စတွေ အားလုံးကို လေ့လာရင်း ကြိုးစားရင်းနဲ့ လုပ်ကိုင်သွားမယ်။

တနင်္သာရီ။ ။ဘယ်လိုတွန်းအားတွေ ဆန္ဒတွေကြောင့် စည်ပင်ကော်မတီ ရွေး ကောက်ပွဲ ဝင်ပြိုင်ဖြစ်လဲ။

ဒေါ်မိုးမိုးနွယ်။ ။ ဒီလုပ်ငန်းကို လုပ်ဖို့ဆိုတာက ပြည်သူတွေရဲ့ဆန္ဒပါပဲ။ ကျွန်မရဲ့ လုပ်ရည်ကိုင်ရည် ပြောဆိုရည် တွေကို ပြည်သူတွေက တွန်းအားပေးလိုက်တဲ့အတွက်ကြောင့်ပါ။ ဒါကြောင့် ကြိုးစားပြီး လုပ်ပေးသွားပါမယ်။

တနင်္သာရီ။ ။စည်ပင်ကော်မတီ ဥက္ကဋ္ဌသစ်တစ်ယောက်အနေနဲ့ ကိုယ့်မြို့ သူမြို့သားတွေကို ပေးချင်တဲ့ ကတိက ဘာလဲ။

ဒေါ်မိုးမိုးနွယ်။ ။ တစ်မြို့နယ်လုံး စည်ပင်သာယာဖို့အတွက် ကိုယ့်မြို့သူ^ သား ကျေးရွာနေတို့ရဲ့ သူတို့လိုချင်တဲ့ ဆန္ဒ တွေ ဖြည့်ဆည်းနိုင်အောင် အတတ်နိုင် ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမယ်။

တနင်္သာရီ။ ။ စည်ပင်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံထားရတဲ့ အမျိုးသမီး တစ်ယောက်အနေနဲ့ ကိုယ့်လို ဘ၀တူ အမျိုးသမီးတွေကို ဘာများ ပြောချင်ပါ သလဲ။

ဒေါ်မိုးမိုးနွယ်။ ။နယ်ပယ် အသီး သီးမှာ အမျိုးသမီးတွေ့ရဲ့ အခန်းကဏ္ဍတွေပါဝင်လာနိုင်အောင် ကြိုးစားကြပါ။ အဲလိုပါဝင်နိုင်အောင်လည်း ဘယ်လို စွမ်းဆောင်ရည်တွေကို လေ့လာထားသင့် သလဲဆိုတာ ကျွန်မသိထားတာ တွေကို လည်း ပြန်လည် ဝေငှပေးသွားပါမယ်။

တနင်္သာရီ။ ။ အခြားဖြည့်စွက် ပြောချင်တာများ ရှိပါသလား။

ဒေါ်မိုးမိုးနွယ်။ ။အရင်တုန်းက ဆိုရင် အမျိုးသမီးတွေက အခန်းကဏ္ဍတော်တော်များများမှာ ပါဝင်ခွင့် မရကြ ဘူး။ အမျိုးသားတွေပဲ ဦးဆောင်ခွင့် ရတယ်၊ အမျိုးသမီးတွေဆိုရင် သီးသန့် ချန်လှန်ထားခြင်းခံရတာတွေကို မခံစား နိုင်တော့ အမြဲတမ်းကြိုးစားတယ်။ တို့တွေက အမျိုးသမီး သူတို့ကအမျိုးသား ဆိုပေမယ့် အတူတူပဲ။ ဘာကြောင့် အမျိုး သမီးတွေက ထိပ်ဆုံးထိ မရောက်တာလဲ။ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေ ဘာကြောင့် မရတာလဲဆိုတာ အတွေးထဲ အမြဲဝင်နေတာပါ။

အခုလိုမျိုး အမျိုးသမီးဥက္ကဋ္ဌဖြစ် လာတော့ တော်တော်လေးလည်း ဝမ်းသာ မိတယ်။ လုပ်ငန်းတွေကိုလည်း ပြည်သူ့ ဆန္ဒအရ တင်မြှောက်ထားတဲ့အတွက် ကြိုးစားဆောင်ရွက်ပေးသွားမယ်။