မိုးရာသီစိုက်မည့် ပျိုးပင် မြို့ နယ်သစ်တောတွင် အခမဲ့ထုတ်ယူနိုင်

0
471

မိုးရာသီတွင် စိုက်ပျိုးရန်အတွက် ပျိုးပင်များကို မြို့နယ်သစ်တောဦးစီး ဌာနများထံတွင် အခမဲ့ထုတ်ယူနိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး သစ်တော ဦးစီးဌာနထံမှ သိရသည်။

ပြည်သူလူထုထံဖြန့်ဝေရန်အတွက် ပျိုးပင်ပေါင်း ၃သိန်း စိုက်ပျိုးထားပြီး မြို့နယ်သစ်တောဌာနများတွင် စိုက်ပျိုး မည့်နေရာနှင့် အပင်အရေအတွက်များကို တင်ပြကာ လျှောက်ထားနိုင်ကြောင်း တိုင်းသစ်တောဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးကျော်ဇေယျက ပြောကြား သည်။”ပေးတာက အခမဲ့ထုတ်ပေးမှာပါ။ ပေးနိုင်သမျှကို ထုတ်ပေးသွားပါ့မယ်” ဟု ဦးကျော်ဇေယျက ပြောသည်။

လမ်းနံဘေးဝဲယာစိုက်ပျိုးခြင်း၊ ကျေးရွာပိုင် တစ်ဧက တွင် စိုက်ပျိုးခြင်း၊ ဌာနဆိုင်ရာနှင့် လူထုထံဖြန့်ဝေခြင်း စသဖြင့် လုပ်ဆောင်နိုင်ရန်အတွက် ပျိုး ပင်များကို မြို့နယ်အလိုက် စိုက်ပျိုး ထားခြင်းဖြစ်ကြောင်း တိုင်းသစ်တော ဦးစီးဌာနထံမှ သိရသည်။သစ်တောဦးစီးဌာနတွင် ပျိုးပင် များထုတ်ယူကာ လာမည့် မိုး ရာသီတွင် ထားဝယ်ခရိုင်အတွင်း သစ်ပင် ပေါင်း တစ်သောင်းကျော် စိုက်ပျိုးမည် ဖြစ် ကြောင်း ထားဝယ် သုတေသနအသင်း ထံမှ သိရသည်။

” ဒီလိုမျိုး သစ်ပင်တွေစိုက်တာက ထာဝစဉ်တည်တံ့တဲ့ သစ်တောစီမံ အုပ် ချုပ်မှုတစ်ခု အကောင်အထည်ပေါ်စေချင် လို့ပါ” ဟု ထားဝယ်သုတေသန အသင်း ဥက္ကဋ္ဌ ဦးဇော်သူရက ပြောသည်။

ထားဝယ်ခရိုင်တွင် အရပ်ဖက်အဖွဲ့ အစည်းများစုပေါင်းက မိုးရာသီ နှစ်စဉ် သစ်ပင် စိုက်ပျိုးလေ့ရှိသည်။