ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း) ဖွင့်ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် မဟုတ်

0
487
သံလွင်တံတား(ချောင်းဆုံ) လက်ရှိ မြင်ကွင်း

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးသွား နေသည့်အတွက် မေလ ၉ ရက် နံနက် တွင် ဖွင့်လှစ်မည့် ဗိုလ်ချူပ်အောင်ဆန်း တံတား(ဘီလူးကျွန်း) ဖွင့်ပွဲသို့ တက် ရောက်နိုင်မည်မဟုတ်ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။
တံတားဖွင့်ပွဲသို့ နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်များနှင့် ရန်ကုန်တိုင်း၊ ဧရာဝတီ တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့မှ အမျိုးသား လွှတ် တော် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်များနှင့် တိုင်းနှင့် ပြည်နယ်အသီးသီးမှလွှတ်တော် ကိုယ် စားလှယ်များပါ တက်ရောက်မည်ဟု ဝန်ကြီးချုပ်က ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ ခြားခရီးသွားနေလို့ မတက်ရောက်နိုင် ဘူး၊ တံတားပြတိုက်ကိုပါ ဖွင့်ပွဲပြုလုပ် မယ်၊ ကြီးကြီး ကျယ်ကျယ်လုပ်မယ်”  ဟု ဒေါက်တာအေးဇံက ပြောသည်။

 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပ သမဂ္ဂ (အီးယူ) ဌာနချုပ်၊ ဘယ်လ်ဂျီယံ၊ အီတလီနှင့် ဗြိတိန်နိုင်ငံသို့ တရားဝင် ခရီးသွားရောက်ရန် ဧပြီလ ၃၀ ရက်က ရန်ကုန်မှ ထွက်ခွာသွားပြီဟု နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။
အဆိုပါတံတားပေါ်သို့ ဧပြီလ ၂၇ ရက်က ယာယီဖြတ်သန်းခွင့်ပြုထားပြီး မေလ ၇ ရက်တွင် ယာယီပြန်လည် ပိတ် သွား မည်ဖြစ်ကာ ဖွင့်ပွဲပြုလုပ်ပြီးပါက ၂၄ နာရီ ဖြတ်သန်းခွင့်ပေးသွားမည် ဟုလည်း  ဒေါက်တာအေးဇံက ဆက် ပြောသည်။

 
ဒေသခံဌာနေတိုင်းရင်းသားများ ကန့်ကွက်နေပြီး အများဝေဖန်ထောက်ပြ နေသည့်ကြားက တံတားအမည်ကို ဗိုလ် ချုပ်အောင်ဆန်း တံတား(ဘီလူးကျွန်း) အမည်ဖြင့် ဧပြီလ ၂၆ ရက် ညပိုင်း အချိန်ခန့်တွင် ဆိုင်းဘုတ်တင်ခဲ့သည်။