တနင်္သာရီတွင် ဆေးခြောက်နှင့် ဘိန်းစာပင်များ မီးရှို့ဖျက်ဆီး

0
403

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ဆေးခြောက်ပင်ပေါင်း ၁၀၀ နီးပါးနှင့် ဘိန်းစားပင် ၁၀၀ ပင်တို့အား ဧပြီလ ၂၅ ရက်က မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း တနင်္သာရီမြို့မရဲစခန်းထံမှ သိရသည်။

 
တကျက်ကျေးရွာအုပ်စု၊ ကျွဲထိန်း ကုန်းကျေးရွာမှ တစ်မိုင်အကွာတွင်ရှိ သည့် ငါးပြေမအင်းအနီးတွင် အလေ့ကျ ပေါက်ရောက်နေသော ဆေးခြောက်နှင့် ဘိန်းစာပင်များအား ခုတ်ထွင်ကာ မီးရှို့ ဖျက်ဆီးကြခြင်းဖြစ်သည်။

 
ဖျက်ဆီးခဲ့သည့် ပမာဏမှာ တန်ဖိုး အားဖြင့် ဆေးခြောက်ပင်တန်ဖိုး ကျပ် သိန်း ၇၀ ကျော်နှင့် ဘိန်းစာရွက်တန်ဖိုး ၁၄ သိန်းကျော်ခန့် ရှိကြောင်း တနင်္သာရီ မြို့မရဲစခန်းထံမှ သိရသည်။