ဒညင်းသီးရာသီအစ ယမန်နှစ်ထက် ဈေးကောင်း

0
488

ထားဝယ်ဒေသထွက် သီးနှံများ အနက် တစ်ခုဖြစ်သော ဒညင်းသီး၏ ရာသီအဖွင့်ဈေးနှုန်းမှာ ယခင်နှစ်ထက် အနည်းငယ်မြင့်ကြောင်း ထားဝယ်မြို့ ပေါ်ရှိ ပွဲရုံများထံမှ သိရပါသည်။

ရာသီအစ ဧပြီလတွင် ဒညင်းသီး အထွက် နည်းသေးသည့်အတွက် ယင်း သို့ ဈေးမြင့်ခြင်းဖြစ်ကြောင်း သိရသည်။” မနှစ်ကထက်တော့ ဈေးနည်းနည်း ကောင်းတာပေါ့။ မနှစ်က ဒီအချိန်ဆိုရင် ဓညင်းသီးတွေက ပွဲရုံထဲမှာတောင် ထည့်လို့ မဆံ့တော့ဘူးလေ” ဟု ပွဲရုံပိုင် ရှင် ဒေါ်စန်းပွင့်က ပြောသည်။

ဒညင်းသီးတစ်ပုံး ( ၉ ပိဿာခွဲဆံ့) လက်ရှိ ပေါက်ဈေးမှာ အရွယ်အစား အလိုက် ကျပ် ၈၀၀၀ မှ ၁၂၅၀၀ ခန့် ရှိသည်ဟု ဈေးကွက်အတွင်းမှ သိရ သည်။
ယမန်နှစ်က ရာသီအစ ပေါက် ဈေးမှာ ဒညင်းသီးတစ်ပုံး အရွယ်အစား လိုက် ကျပ် ၆၀၀၀ ဝန်းကျင်မှ ကျပ် ၁၀၀၀၀ ဝန်းကျင်အထိရှိကြောင်း သိရ သည်။
ဒညင်းသီးဈေးနှုန်းမှာ အရောင်း အဝယ် များလာသည့်အခါ အတက် အကျ မြန်သည်ဟု ပွဲရုံအသိုင်း အဝိုင်း က ပြောကြားခဲ့ပါသည်။
ဒညင်းသီးရာသီမှာ ဧပြီလမှာ စပြီး ဇူလိုင်လတွင် ပြီးဆုံးသည်။