ဆောက်လုပ်ရေး ဓာတ်ခွဲခန်း စဖွင့်

0
391

လမ်း၊ တံတား၊ အဆောက်အအုံ များ၏ အရည်အသွေးအား စစ်ဆေးနိုင် သည့် တည်ဆောက်ရေးလုပ်ငန်း အသေး စား ဓာတ်ခွဲခန်းအား ထားဝယ် အမှတ် (၂) လမ်းဦးစီးဌာနရုံးဝင်းတွင် စတင် တပ်ဆင်ထားပြီဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြား ရေး မှူး ဦးဝင်းမင်းထွဋ်ထံမှ သိရသည်။
မတ်လ ၂၃ ရက်တွင် စတင် တပ် ဆင်ခဲ့ပြီး ယခုနှစ်သင်္ကြန်အပြီး ၂၀၁၇- ၁၈ ဘဏ္ဍာရေးနှစ်မှစ၍ လုပ်ငန်းစတင် လက်ခံဆောင်ရွက်ပေးမည်ဟု ညွှန်ကြား ရေးမှူး ဦးဝင်းမင်းထွဋ်ထံက ပြောသည်။

ဓာတ်ခွဲခန်းတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် အစိုးရဌာနများမှ ကန်ထ ရိုက်ပေးထားသော လမ်းများ၏ ခံဆောင် နိုင်အား အဆင့်များ စစ်ဆေးခြင်း၊ ကွန် ကရစ်အရည်အသွေး သတ်မှတ်စံချိန် စံညွှန်း မီမမီအား လုပ်ငန်းခွင်များတွင် နမူနာတုံးများယူကာ စစ်ဆေးခြင်းများ ပြုလုပ်မည်ဟု သိရသည်။ထို့ပြင် ဘိလပ်မြေ၊ ကျောက်သဲ အနေအထားအရ ဘိလပ်မြေ မည်မျှ၊ သဲကျောက်ရေမည်မျှထည့်သင့်သည်ကို လည်း စမ်းသပ်ဓာတ်ခွဲပေးမည်ဟု သိရ သည်။
အကယ်၍ ပြည်သူများအနေဖြင့် မိမိတို့ဒေသရှိ လမ်း၊ တံတား ပြည်သူ့ အဆောက်အအုံများကို စစ်ဆေးလို ကြောင်း အကြောင်းကြားလာပါကလည်း သွားရောက် စစ်ဆေးပေးသွားမည်ဟု စစ်ဆေးသွားမည်။

” အကြောင်းကြားစရာ မလိုအောင် ကို ကျွန်တော်တို့က အများပြည်သူသုံး အဆောက်အအုံတွေကို အကုန် လိုက်စစ် မှာပါ”
ဓာတ်ခွဲခန်းအတွက်” အရည် အသွေး ထိန်းသိမ်းရေးနှင့် စစ်ဆေးရေး အဖွဲ့” လပိုင်းအတွင်း အမြန်ဖွဲ့ရန် ကြိုး စားနေပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ပေးထားသော တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း အောက်တွင် ထား ရှိကာ နောင်တစ်ချိန်တွင် အစိုးရမဟုတ် သော အဖွဲ့အစည်းတစ်ခုအဖြစ် ထားရှိ သွားမည်ဟု ဆိုသည်။

ထားဝယ်ခရိုင် တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဦးရဲထွဋ်က ယခုကဲ့သို့ဓာတ်ခွဲခန်းဖြင့် စစ်ဆေးနိုင် ခြင်းကို ကြိုဆိုကြောင်း ပြောသည်။
” လူတွေမျက်လုံးနဲ့ အမြင်လောက်ပဲ လိုက်စစ်နေတာနဲ့စာရင်ခုလို ခေတ်မီ စက်နဲ့စစ်တာပိုကောင်းတာပေါ့၊ နောက် ပြီးအဖွဲ့တွေကအချိန်ပြည့် လိုက်မစစ်နိုင် တော့လေ” ဟု ဦးရဲထွဋ်က ပြေသည်။

ယင်းဓာတ်ခွဲခန်းတွင် ပုဂ္ဂလိက တစ်ဦးခြင်းသည်လည်း အခကြေးငွေ ပေးကာ လုပ်ငန်းအပ်နှံနိုင်ကြောင်း သိရ သည်။