ကလိန်အောင်နှင့် သရက်ချောင်း ဘဏ်ခွဲများ လာမည်

0
491

ကလိန်အောင်၊ သရက်ချောင်းနှင့် ပလ မြို့နယ်များတွင် ကမ္ဘာ့ရတနာ ဘဏ်ခွဲများ လာမည့်မေလတွင် ဖွင့် လှစ်နိုင်ရန် မျှော်မှန်းထားကြောင်း ကမ္ဘာ့ ရတနာဘဏ် ထားဝယ်ဘဏ်ခွဲထံမှ သိရ သည်။

ဒေသခံ ပြည်သူများ အဆင်ပြေ စေရန်ရည်ရွယ်၍ ငွေလွှဲ၊ ငွေထုတ် အဆင်ပြေစေရန်အတွက် ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ထားဝယ်ဘဏ်ခွဲ ဒုတိယ တာဝန်ခံက ဆိုသည်။ပြီးခဲ့သည့်နှစ်က လောင်းလုံးမြို့ နယ်အတွင်းရှိ မောင်းမကန်ရွာတွင် ဘဏ်ခွဲဖွင့်လှစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်း လောင်းလုံးဘဏ်ခွဲနှင့် ပလောက်ဘဏ်ခွဲ များကို ဆက်ဖွင့်သွားရန်ရှိကြောင်း ထား ဝယ်ဘဏ်ခွဲ ဒု-တာဝန်ခံ ဦးမြင့်သိန်းက ပြောသည်။

သရက်ချောင်းမြို့နှင့် ကလိန်အောင် မြို့ရှိ ဘဏ်ခွဲများတွင် တာဝန်ထမ်း ဆောင်မည့် ဝန်ထမ်း လျှောက်လွှာများ ကို လာမည့် မတ်လ ၂၅ ရက် နောက်ဆုံး ထား လျှောက်ထားနိုင်ကြောင်း အထက်ပါ ဘဏ်ခွဲထံမှ သိရသည်။