မွန်ဝန်ကြီးချုပ်အသစ် ဒေါက်တာအေးဇံဖြစ်လာ၊ မူးယစ်ဆေးဝါးနှင့် အဂတိလိုက်စားမှု ပြင်းထန်စွာကိုင်တွယ်ဟု ကတိပေး

0
442

မွန်ပြည်နယ်ဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်ခံရသည့် ဒေါက်တာအေးဇံ သည် မွန်ပြည်နယ်အတွင်းက မူးယစ် ဆေးဝါး ပြဿနာများကို ပြင်းပြင်း ထန်ထန် ကိုင်တွယ်ဖြေရှင်းသွားမည်ဟု ပြောသည်။

” မူးယစ်ဆေး ပြဿနာတွေ၊ ရာဇ ဝတ်မှုတွေ၊ လောင်းကစားမှုတွေကို ဥပဒေနဲ့အညီ ထိထိရောက် ကိုင်တွယ် ဖြေရှင်းသွားမယ်၊ မူးယစ်ဆေးဝါး ပြဿ နာကို ဖြေရှင်းရာမှာ မူးယစ်ဆေးဝါး သုံးစွဲသူများအပြင် လက်လီလက်ကား ဖြန့်ဝေရောင်းချသူများကိုပါ ရပ်တန်းက ရပ်ရန် ထိထိရောက်ရောက် အသိပေး သွားမယ်၊ ဒါ့အပြင် အဂတိလိုက်စားမှု ကိုလည်း ပြင်းပြင်းထန်ထန်ကိုယ်တွယ် မယ်လို့ ကတိပေးလိုပါတယ်” ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောသည်။ဒေါက်တာအေးဇံသည် လစ်လပ် နေသည့် ဝန်ကြီးချုပ်နေရာအတွက် မတ် လ ၁ ရက်တွင် ခန့်အပ်ခံရပြီး ဝန်ကြီး ချုပ် မိန့်ခွန်း ပြောကြားရာတွင် ထိုကဲ့သို့ ပြောဆိုသွားခြင်း ဖြစ်သည်။

အသက် ၆၂ နှစ် ရှိပြီဖြစ်သည့် ဒေါက်တာအေးဇံသည် ကျိုက်ထိုမဲဆန္ဒ နယ် အမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သည်။
မွန်ပြည်နယ်လွှတ်တော် ဘဏ္ဍာ ရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာ ကိစ္စ ရပ်များလေ့လာသုံးသပ်ရေး ကော်မတီနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ကြည့်ရေး ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူလည်း ဖြစ်သည်။မွန်ပြည်နယ်၊ မုဒုံမြို့၊ သင်္ဘောဦး ရပ်ဇာတိဖြစ်ပြီး အလုပ်အကိုင်မှာ ဆရာ ဝန်၊ ဇနီး၏ အမည်မှာ ဒေါ်ခင်အေးမူ (သီရိစံ အိမ်ဆောက်ပစ္စည်း ရောင်းဝယ် ရေး)နှင့် သား(၃)ဦး၊ သမီး (၁)ဦး ရှိသည်။

ဒေါက်တာအေးဇံသည် ၁၉၉၀ ခုနှစ်ရွေး ကောက်ပွဲတုန်းက NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်း ခံထားခဲ့ရသကဲ့သို့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင်လည်း ကျိုက်ထို မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စား လှယ်အဖြစ် ထပ်မံ အရွေးချယ်ခံခဲ့ရသူ ဖြစ်သည်။