ပငပ် ထွက်နှုန်း ယမန်နှစ်ထက်များ

0
517

ကျွန်းစုမြို့နယ် ပဲ့တိုင်ကျေးရွာမှ ရေထွက်ကုန်တစ်မျိုးဖြစ်သည့် ခရု (ဒေသအခေါ် ပငပ်) ယမန်နှစ်ထက် ထွက်နှုန်းများသည်ဟု ယင်းကျေးရွာနေ သူတချို့ထံမှ သိရသည်။

ယခင်နှစ်က လူတစ်ဦး ပငပ် ကောက်လျှင် ပငပ် ၃ ပြည်မှ ၅ပြည် အထိသာရရှိခဲ့ပြီး ယခုနှစ်တွင် ၁၂ ပြည် ခန့်အထိ ရရှိနေကြောင်း ပဲ့တိုင်ရွာသား တချို့က ပြောသည်။” ပငပ်က အရမ်းထွက်နေတော့ အခြားရွာကလူတွေပါ လာကောက် နေကြတယ်” ဟု ပဲ့တိုင်ရွာသား ဦးဝင်း စိုးက ပြောသည်။

ပဲ့တိုင်ကျေးရွာအပြင် သင်ပုန်း ကျွန်း၊ သံပြာ၊ မင်းခေါင်းဈေးနှင့် သဇင် ကျေးရွာတို့မှ ဒေသခံရွာသားများလည်း ပငပ်များ လာကောက်နေကြကြောင်း သိရသည်။
ထို့ပြင် ဈေးနှုန်းလည်း ယခင်က တစ်ပြည်လျှင် ကျပ် ၈၀၀ ရရှိခဲ့ပြီး ယခုနှစ်တွင် တစ်ပြည်လျှင် ကျပ် ၁၂၀၀ အထိ ပေါက်ဈေးရှိနေကြောင်း သိရ သည်။
အဆိုပါ ပငပ်ကောင်များသည် နှစ်စဉ် ဇန်နဝါရီလမှ မိုးမတိုင်ခင်အချိန် ထိထွက်ရှိလေ့ ရှိသည်။