ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာထွန်းနိုင်နှင့် တွေ့ဆုံခြင်း

0
506

ထားဝယ်စီမံကိန်းနှင့် ပတ်သက်ပြီး လတ်တလော လှုပ်ရှားမှုများ ခပ်စိတ်စတ် ပြန်တွေ့လာရသည့်အတွက် တနင်္သာရီ စာဖတ်ပရိသတ်များ သိရှိနိုင်ရန် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌဒေါက်တာထွန်းနိုင်အား မေးမြန်းထားသည်ကို ဖော်ပြလိုက်ပါသည်။

တနင်္သာရီ ။ ။ ထားဝယ်စီမံ ကိန်းနဲ့ ပတ်သက်ပြီး ပြန်လှုပ်လာတယ်။ ဂျပန်နဲ့တွေ့တာ၊ ထိုင်းနဲ့တွေ့တာ တွေလည်း သမ္မတရုံးဝက်ဘ်ဆိုက်မှာ သတင်းထုတ်ပြန်ထားတာ တွေ့ရပါ တယ်။ စီမံကိန်းနဲ့ ပတ်သက်ပြီး ဘာတွေ ဆုံးဖြတ်ခဲ့ကြလဲ ခင်ဗျား။

Dr. TN ။ ။ ဒီလိုမေးတာ ကတော့ ဖြေဖို့ အင်မတန် ခက်ပါတယ်။ ဘာဆုံးဖြတ်တယ်၊ မဆုံးဖြတ်ဘူးဆို တာထက် မူလကတည်းက လုပ်နေတဲ့ စီမံကိန်းကို ဆက်လက် အကောင် အထည် ဖော်ဖို့ ဆုံးဖြတ်တယ်ပေါ့။ ဒါကြောင့် ထိုင်းနဲ့ရော၊ ဂျပန်နဲ့ကော ဘယ်လိုပုံစံနဲ့ ရှေ့ဆက်သွား မလဲဆိုတာ ကိုတော့ ညှိနှိုင်း တိုင်ပင်နေကြတယ်။ အဲလိုပဲ ပြောရမှာပေါ့။

တနင်္သာရီ။ ။ စီမံကိန်းနဲ့ ပတ် သက်ပြီး နောက်ဆုံး အခြေအနေက ဘယ်လိုရှိပါသလဲ။
Dr. TN ။ ။ စီမံကိန်းအခြေအနေဘယ်လိုရှိလဲဆိုတော့ ကျွန်တော်တို့ ဆွေးနွေးနေတဲ့ အဆင့်ပဲ ရှိပါတယ်။ အဲလိုပြောရမှာပေါ့။ မူလက လုပ်တဲ့ အလုပ်ဆိုတာ တစ်ဖက်က လာရောက် တည်ဆောက်သူချည်းပဲ လုပ်ရတာမျိုး မဟုတ်ပါဘူး။ ဒီလို အလုပ်မျိုးလုပ်တယ် ဆိုတာ မြန်မာအစိုးရဘက်က၊ ဌာန ဆိုင်ရာတွေဘက်က လိုက်ပြီးတော့ ခွင့်ပြုချက်တွေ စိစစ်ပေးရတာတွေ လုပ်ရတယ်။ အဲဒီတော့ ဒါက ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနဲ့ မသက်ဆိုင်တော့ဘဲနဲ့ ဥပမာဆိုရင် ဆက် သွယ်ရေးဆိုရင် ဆက်သွယ်ရေးလုပ်ငန်းနဲ့ ဆိုင်တယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနနဲ့ ဆိုင်တာ ရှိတယ်။ သတ္တုတွင်းဌာနနဲ့ ဆိုင်တာတွေရှိတယ်။ ဒါတွေက ယခင်ကာလတွေမှာ အဲဒီ ကိစ္စရပ်တွေဟာ အစိုးရအကူး အပြောင်း ကာလတွေကြောင့် ရပ်တန့်သွားတာ တွေရှိတယ်။ အခု အဲဒီဟာတွေကို ဆက်လက် ဆောင်ရွက်ပေးနေတယ်။ အဲလိုပဲ ပြောရမှာပေါ့။

တနင်္သာရီ။ ။ နောက်တစ်ခုက လူထုကလည်း စီမံကိန်းနဲ့ ပတ်သက်ပြီး သိချင်နေကြတာ ရှိပါတယ်။ စီမံကိန်းနဲ့ ပက်သက်ပြီး ဆရာတို့ရဲ့ ရှေ့ဆက် လုပ်မယ့် အစီအစဉ်တွေက ဘာတွေရှိလဲ မသိဘူးခင်ဗျ။ နောက်ထပ်ဘာတွေဖြစ် လာနိုင်လဲ ခင်ဗျ။

Dr. TN ။ ။ စီမံကိန်းဆိုတာ ဒီစီမံကိန်းက အလွန်ကြီးမားပါတယ်။ စနစ်တကျနဲ့ ဆောင်ရွက်ရ ပါမယ်။ ဒါကြောင့် စနစ်တကျဆောင်ရွက်မယ်ဆိုလို့ရှိရင် ဒီအတွက် ဆွေးနွေးမှုတွေ ကကို အချိန်ပေါင်း အများကြီး ယူရပါ လိမ့်မယ်။ ဝုန်းဒိုင်းဝုန်းဒိုင်းနဲ့ လုပ်ရမယ့် လုပ်ငန်းမျိုးလည်း မဟုတ်ပါဘူး။ ဒါကြောင့် ရှေ့ဆက် ဘာလုပ်မှာလဲ ဆိုတဲ့ မေးခွန်းကို မေးတဲ့အခါမှာ ရှေ့ဆက် ပြီးတော့ မြေပြင်မှာ တစ်ခုခု ထလုပ်မှာ လားလို့မေးရင် အဲဒီလိုဟာက လုပ်ငန်း သေးသေးလေးတွေကို လုပ်တဲ့အလေ့ အထနဲ့တွေးပြီး မေးသလိုဖြစ်နေပါ တယ်။

ဒါက အလုပ်ကြီးတွေ လုပ်တာ ဖြစ်တဲ့အတွက် ကျွန်တော်တို့က ညှိနှိုင်း ဆွေးနွေးတာတွေကိုပဲ ဆက်လုပ်ပါ မယ်လို့ ကျွန်တော်က ဆက်ပြောနေတာ ဖြစ်ပါတယ်။ ဒါကကို ဆွေးနွေးရမယ့် ကိစ္စရပ်တွေက အများကြီး ဖြစ်နေနိုင်ပါ တယ်။ ဒါကြောင့် ဘာလုပ်မှာလဲဆို မြေပြင်မှာ ဘာပေါ်မှာလဲလို့ ချက်ချင်း ကြီးမေးသလို ဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဖြေစရာမရှိဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ ဘာမှ မလုပ် တာကို ပြောတာ မဟုတ်ပါဘူး။

တနင်္သာရီ။ ။ ကျွန်တော်မေး တာက ဆရာတို့မှာ ဘယ်လို အစီအစဉ် တွေရှိလဲဆိုတာ (ဖြတ်ပြီးဖြေ)
Dr. TN ။ ။ ခုနက ကျွန်တော် တို့ ပြောတာပဲ။ ဒီအတွက် ကို ဆွေးနွေး ရမှာပဲ ရှိပါသေးတယ်လို့။ ဆွေးနွေးရမယ့် အချက်တွေကကို အများကြီး ဖြစ်ပါ တယ်။ ဒါကြောင့် ဆွေးနွေးဆဲပဲ ဖြစ်ပါ တယ်။

တနင်္သာရီ။ ။ ထိုင်းနဲ့ဂျပန် ကရော စီမံကိန်းမှာ သူတို့ရဲ့ အခန်းကဏ္ဍက ဘယ်လိုအနေအထား ရှိမလဲ ခင်ဗျ။
Dr. TN ။ ။ စီမံကိန်းမှာ သုံး ပွင့်ဆိုင် သုံးနိုင်ငံ ပူးပေါင်းပြီးဆောင် ရွက်မယ်ဆိုတဲ့ ဗါမနနာနညအ ကို ယခင်ကတည်းက ထိုးထားခဲ့တာဖြစ်တဲ့ အတွက်ကြောင့် သူတို့အခန်းကဏ္ဍက ဘာလဲဆိုရင် သုံးနိုင်ငံ ပူးပေါင်းပြီးဆောင် ရွက်မယ်ဆိုတဲ့ အခန်းကဏ္ဍပဲဖြစ်ပါ တယ်။

တနင်္သာရီ။ ။ ITD က ရော ဘယ်လိုအခန်းကဏ္ဍမှာ ပါဝင်မလဲခင်ဗျ။
Dr. TN ။ ။ Developer အဟောင်းနဲ့ပတ်သက်ရင် သူ့ကို Dawei SEZ စီမံကိန်းမြေနေရာထဲ မှာရှိတဲ့ မြေအကန့်အသတ်တခု၊ ပမာဏ တစ်ခု ဆက်လက်လုပ်ကိုင်ခွင့်ကို နဂို ကတည်းက ရထားပြီးသားပါ။ တစ်ခု လုံးကြီးကို သူက လုပ်ကိုင်ခွင့်ရတဲ့သဘော မဟုတ်ပါဘူး။ အပိုင်းတစ်ပိုင်းဟာ သူက လုပ်ကိုင်ခွင့်ရပါတယ်။ အဲဒီအပိုင်းကို သူက ဆက်လုပ်ရမှာဖြစ်ပြီး ကျန်တဲ့ အပိုင်းက ပိုပြီးကြီးမားကျယ်ပြန့်တဲ့ ဟာက မြန်မာ၊ ထိုင်း၊ ဂျပန်က ဆွေးနွေး ဆောင်ရွက်ရမယ့်အပိုင်း ဖြစ်ပါတယ်။

တနင်္သာရီ။ ။ ITD ဘက်ကနေ စာချုပ်ပါ အချက်အလက်တွေကို ပြင်ချင် နေတယ်လို့ သိရလို့ပါ။ သူတို့အနေနဲ့ ဘယ်လိုအချက်တွေကို ပြင်ချင်တာပါလဲ။
Dr. TN ။ ။ အဲဒီဟာတွေ ကတော့ ကျွန်တော်တို့ လတ်တလော မပြောနိုင်သေးပါဘူး။

တနင်္သာရီ။ ။ ITD နဲ့ အတူ တခြားကုမ္ပဏီတွေရော ပါလာဖို့ရှိလား ခင်ဗျ။
Dr. TN ။ ။ အဲဒါတွေ ဘာမှ မရှိပါဘူး။ ကျွန်တော်တို့ ဘာမှ ဒီဟာတွေ အပြောင်းအလဲမရှိပါဘူး။

တနင်္သာရီ။ ။ မြေပြင်လုပ်ငန်း ကရော ဘယ်တော့ စနိုင်မယ်လို့ မှန်း ထားလဲခင်ဗျ။
Dr. TN ။ ။ မြေပြင်လုပ်ငန်း စနိုင်ဖို့ဆိုတာက ခုနက ကျွန်တော် တို့ပြောသလို ဒီမြန်မာအစိုးရဘက်က ဌာနဆိုင်ရာတွေဘက်က စိစစ်အတည်ပြု ပေးတဲ့ သဘောထားမှတ်ချက်တွေ၊ ခွင့်ပြု ချက်တွေ စောင့်ဆိုင်းရမှာ ဖြစ်ပါ တယ်။ ဒါကြောင့် မြေပြင်စတယ်ဆိုတာက အဲဒီလိုကိစ္စရပ်တွေ အများကြီး ဆောင် ရွက်ရမှာဆိုတာကို ကျွန်တော် ကနဦး ကတည်းက ရှင်းပြခဲ့တာပါ။

တနင်္သာရီ။ ။ စီမံကိန်းဒေသ တွေရဲ့ ထုံးစံအတိုင်း ထောက်ခံ၊ ကြား နေ၊ ကန့်ကွက်စတဲ့ အုပ်စုတွေ ရှိတယ်။ အရင်က လုပ်ခဲ့တဲ့ စီမံမှု အမှားတွေကြောင့် လန့်နေ၊ မယုံရဲ ဖြစ်နေကြတာတွေလည်း ရှိတယ်။ အခု တကယ်လို့ စီမံကိန်းကို ပြန်စမယ်ဆိုရင် အဲဒီအခြေအနေကို ဘယ်လို ကျော်ဖြတ်ဖို့ စီစဉ်ထားပါသလဲ ခင်ဗျား။
Dr. TN ။ ။ အဲဒါတွေနဲ့ ပတ် သက်ပြီး တိုင်းဒေသကြီးအစိုးရရဲ့ စီမံ ခန့်ခွဲမှုနဲ့ပဲ သွားရပါလိမ့်မယ်။ ဒါက ကျွန်တော်တို့နဲ့ တိုက်ရိုက်ကြီး ပတ်သက် ဖို့ မဟုတ်ပါဘူး။

တနင်္သာရီ။ ။ စီမံကိန်းနဲ့ ပက် သက်ပြီး တခြားဘာများပြောချင်တာ ရှိပါသလဲခင်ဗျ။
Dr. TN ။ ။ မရှိပါဘူးဗျာ ဘာမှ။
တနင်္သာရီ။ ။ ကျေးဇူးတင်ပါ တယ်ခင်ဗျ။