ထားဝယ်တွင် လူငယ်တစ်ဦး နေ့ခင်းကြောင်တောင် ရိုက်သတ်ခံရ

0
380

ထားဝယ်မြို့တွင် ဆိုင်ကယ် အရောင်းအဝယ် ကိစ္စဖြင့် စကားများ ကြရာမှ အသက် ၁၇ နှစ်အရွယ် လူငယ် တစ်ဦး ရိုက်သတ်ခံရမှုတစ်ခု ဖေဖော်ဝါရီ လ ၁၄ ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ ကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။

အသက် ၁၇ နှစ်အရွယ် လူငယ်ကို ထားဝယ်မြို့ ထိန်ဟောင်းရပ်နေ အသက် ၂၁ နှစ်အရွယ် အမျိုးသားဖြစ်သူက ဆိုင် ကယ်ပြင်ဆိုင်တွင် ဆိုင်ကယ်ပြင်သည့် ဂွဖြင့် ရိုက်လိုက်ရာ ဦးခေါင်းနောက် စေ့တွင်ဖူးရောင် ဒဏ်ရာရရှိသွားခဲ့ ကြောင်း ရဲစခန်းမှတ်တမ်းအရ သိရ သည်။ဒဏ်ရာရရှိသူအား ဆေးရုံကို ပို့ ဆောင်ကုသနေစဉ် ရရှိသည့်ဒဏ်ရာဖြင့် ညနေ ၃ နာရီခန့်တွင် သေဆုံးသွားခဲ့ ကြောင်း ထားဝယ်ရဲစခန်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ဆိုင်ကယ်ပြင်သည့် ဂွဖြင့် ရိုက် နှက်သူနှင့် သေဆုံးသွားသည့် လူငယ်မှာ သူငယ်ချင်းများဖြစ်ကြကြောင်း ထားဝယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။
ဂွဖြင့်ရိုက်နှက်ခဲ့သည့် အသက် ၂၁ နှစ်အရွယ် အမျိုးသားမှာ အခင်းဖြစ်ပွား ပြီးနောက် ရှောင်တိမ်းပြီး ဖေဖော်ဝါရီလ ၁၄ ရက် ည၁၀နာရီခွဲခန့်တွင် ၎င်း၏ အမျိုးသမီး အလုပ်လုပ်နေသည့် တည်းခို ခန်းအနီးတွင် ပြန်လည်ဖမ်းမိခဲ့ကြောင်း အဆိုပါ ရဲအရာရှိက ပြောသည်။

“စောင့်ကြည့်နေတုန်း သူ့မိန်းမကို ဖုန်းနဲ့ဆက်သွယ်လာပြီး ထွက်ပြေးဖို့ အချိန်းအချက်လုပ်ချိန်မှာ ဖမ်းလိုက် တာ” ဟု ၎င်းက ပြောသည်။
ရိုက်နှက်ခဲ့သည့် အသက် ၂၁ နှစ်အရွယ် အမျိုးသားကို (ပ)၃၉၈ / ၂၀၁၇ ၊ ရာဇသတ်ကြီး ပုဒ်မ- ၃၀၂ဖြင့် ထားဝယ်မြို့မ ရဲစခန်းတွင် အမှုဖွင့်ထား ကြောင်း ရဲစခန်းမှတ်တမ်းအရ သိရ သည်။