မြန်မာ – ထိုင်း ချစ်ကြည်ရေး သံဃာအပါး ၄၅၀ ဆွမ်းလောင်းမည်

0
418

မြန်မာ-ထိုင်း ချစ်ကြည်ရေး သံဃာအပါး ၄၅၀ ဆွမ်းလောင်းပွဲကို မြိတ်မြို့ စန္ဒဝတ်ကျေးရွာစန္ဒ၀တီ ကုန်းတော်ပေါ်ရှိ မဟာသိဒ္ဓိဇယျစေတီ တော်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆွမ်းလောင်းလှူပွဲ ဖြစ်မြောက်ရေးအကျိုး ဆောင်အဖွဲ့ဝင်တစ်ဦးမှ သိရသည်။


ဖေဖော်ဝါရီလ ၂၆ ရက် မွန်းလွဲ ၂ နာရီတွင် ကျင်းပမည့် ဆွမ်းလောင်းပွဲကို သံသရာအေးဆရာတော်မှ ဦးစီးပြီး ဘာ သာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပရဟိတလူငယ်အဖွဲ့များ စုပေါင်း ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ယင်းပွဲတွင် မြိတ်မြို့မှ ပင့်သံဃာ အပါး ၂၅၀၊ ထိုင်းပင့်သံဃာ အပါး ၂၀၀ ပါဝင်မည် ဖြစ်သည်။

 
စေတနာအလှူရှင်များအနေဖြင့် ဆွမ်းဆေးအစရှိသော လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ မတည်အလှူငွေ များထည့်ဝင်လှူဒါန်းခြင်း၊  ပင့်သံဃာ များ အဆင်ပြေစွာ ကြွရောက် အလှူ ခံနိုင်ရန် ယာဉ်များ လှူဒါန်းခြင်း၊ လုပ် အားဒါနများဖြင့် ပါဝင်ခြင်း စသည်ဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း အကျိုးဆောင် အဖွဲ့မှ အသိပေးနှိုးဆော်ထားသည်။မြန်မာ-ထိုင်း ဆွမ်းလောင်းပွဲကို မြိတ်တွင် ပထမဦးဆုံး ကျင်းပခြင်းဖြစ် သည်။