ကင်းမွန်ဈေးနှုန်း ယခင်နှစ်ထက် သုံးဆမြင့်တက်

0
503

မြိတ်ဒေသထွက် ကင်းမွန်ဈေးနှုန်း များသည် ယခင်နှစ်ထက် ဈေးနှုန်း သုံးဆမြင့်တက်နေကြောင်း မြိတ်ခရိုင် ကင်းမွန်လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးထွန်းထံမှ သိရသည်။


ယခင်နှစ်က ကင်းမွန် ဆယ်ပိဿာ ပါ တစ်ဗန်းလျှင် အများဆုံးကျပ် ၃ သောင်း ခွဲအထိရရှိခဲ့ပြီး ယခုနှစ်တွင် ကျပ် ၉ သောင်းအထိ ဈေး ရရှိနေကြောင်း ကင်းမွန် လုပ်ငန်းရှင်အသင်းမှ သိရ သည်။ ” ထိုင်းဝယ်လက်တွေကြောင့် ဈေး ကောင်းရတာပါ” ဟု ကင်းမွန်လုပ်ငန်းရှင် များအသင်း အတွင်းရေးမှူး ဦးထွန်းက ပြောသည်။

 
မြိတ်တွင် ကင်းမွန်များကို ကင်း မွန်ပြုတ်ခြောက် စက်ရုံများက အခြောက် ခံပြီး တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိ ကြောင်း ကင်းမွန်ပြုတ်ခြောက် စက်ရုံ အချို့မှ သိရသည်။ထိုင်းဘက်မှ အဝယ်လိုက်နေသည့် ကင်းမွန်များသည် မောတောင်နယ်စပ်နှင့် ထီးခီးနယ်စပ်တို့မှတဆင့် ထိုင်းနိုင်ငံ အတွင်းရှိ မဟာချိုင်ငါးဈေးကွက် အတွင်း သို့ တင်ပို့ရောင်းချနေခြင်း ဖြစ်ကြောင်း ကင်းမွန်အသင်းမှ သိရသည်။

 
လက်ရှိကင်းမွန်များ ဈေးနှုန်းမြင့် တက်နေရခြင်းသည် ယခင်က ထိုင်း ဝယ်လက်များမှ ဈေးနှုန်းသတ်မှတ်ထား ပြီး ဝယ်ယူသူများရှိနေကာ ဒေသခံ လုပ်ငန်းတစ်ချို့က မဟာချိုင်ငါး ဈေး ကွက်သို့ တိုက်ရိုက် တင်ပို့ရောင်းချနေ ရာမှ ဈေးနှုန်းအမှန်ကို သိရှိလာပြီး နောက်တွင် ထိုင်းဝယ်လက်က ဈေး ကောင်းပေးဝယ်နေခြင်းလည်း ဖြစ်နိုင် ကြောင်း ကင်းမွန်အသင်း အတွင်း ရေးမှူး ဦးထွန်းက ပြောပြသည်။