BIA ရဲဘော်များအတွက် အကျွတ်အလွတ်ပွဲ ကျင်းပ

0
471

ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) ထားဝယ်စစ်ကြောင်းမှ ရဲဘော် များအပါအဝင် မကျွတ် မလွတ်သေးသည့် BIA ရဲဘော် အားလုံးအတွက် အကျွတ် အလွတ်ပွဲကို ဇန်နဝါရီလ ၁၈ ရက် ညက ကျင်းပခဲ့ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။


အင်္ဂလိပ်အား ပြန်လည်တိုက် ထုတ်ရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ မြန်မာနိုင်ငံသို့ ဝင်ရောက်ရာ ထားဝယ် စစ်ကြောင်း ချီရာလမ်းတွင်ရှိသည့် မေတ္တာမြို့၊ တောင်သုံးလုံးကျေးရွာရှိ BIA ကျောက်တိုင်ဝင်းအတွင်း ကျင်းပ ခဲ့ခြင်းဖြစ်သည်။
ကျောက်တိုင်ဝင်း ပတ်လည်တွင် အမွှေးနံ့သာနှင့် ဖယောင်းတိုင်များ ထွန်း ညှိပြီး သံဃာတော်များက မကျွတ် မလွတ်သေးသည့် BI A ရဲဘော်များ၏ ဝိညာဉ်များအား ဖိတ်ခေါ်ကာ ထမင်း ပျော့၊ အမဲသားပြုတ်၊ ဆေးလိပ်၊ ကွမ်း ယာများ ကျွေးမွေး၍အမျှအတန်း ပေးဝေ ခဲ့ကြောင်း သိရသည်။

 
BIA တည်ထောင်ခြင်း ၇၅ နှစ် ပြည့် စိန်ရတု အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့သော ပွဲမျိုး ယခင်က တစ်ကြိမ်မျှ မလုပ် ဖူးသေးဟု BIA ကျောက်တိုင်နှင့် ပြတိုင် တည်ဆောက်ရေး ကော်မတီအတွင်း ရေးမှူး ဦးရာဇာစိုးက ပြောသည်။
အမျှအတန်းဝေပြီး ဝိညာဉ်များအား ပြန်လွှတ်ချိန်တွင် အမှတ် ၄၀၁ ခြေလျှင် တပ်ရင်းမှ တပ်ရင်းမှူးနှင့်အဖွဲ့က သေ နတ်များ ပစ်ဖောက်ခြင်း၊ လူပရိသတ်က မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်း၊ မီးပုံး ပျံများ လွှတ်တင်ခြင်းများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ယင်းပွဲသို့ ရဟန်းရှင်လူပရိသတ် တစ်ထောင်ဝန်းကျင် တက်ရောက်ခဲ့ပြီး BIA စိန်ရတု အထိမ်းအမှတ် တရား ပွဲအား ဇန်နဝါရီလ ၁၈ မှ ၂၀ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။

 
ဘီအိုင်အေကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဖွဲ့စည်းခဲ့ပြီးနောက် စစ်ကြောင်း ၃ ကြောင်းခွဲကာ မြန်မာ နိုင်ငံကို ပြန်လည်တိုက်ခိုက်ချိန်က ထားဝယ်စစ်ကြောင်းသည် ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်တွင် မေတ္တာရွာရှိ ဗြိတိသျှတပ် စခန်းကို သိမ်းပိုက် ခဲ့ပြီးနောက် ဇန်နဝါရီလ ၁၉ ရက်တွင် ထားဝယ်မြို့ကို သိမ်းပိုက်ခဲ့သည်။