အမေများနေ့ အထိမ်းအမှတ်ပွဲ ရက်ရွေ့

0
396

တနင်္သာရီမြို့နယ် မရင်းကြီး ကျေးရွာတွင် နှစ်စဉ်ပြုလုပ်နေသည့် အမေများနေ့ အထိမ်းအမှတ်ပွဲကို ဇန်နဝါရီလ ၁၁ နှင့် ၁၂ ရက်အစား ဖေဖော်ဝါရီလ ၆ နှင့် ၇ ရက်တွင် ပြုလုပ်ရန် ရက်ရွှေ့ထားကြောင်း ယင်းပွဲ ဖြစ်မြောက်ရေးတာဝန်ခံ တစ်ဦးထံမှ သိရသည်။


ဖွင့်ပွဲအခမ်းအနားနဲ့ အမေများနေ့ အထိမ်းအမှတ် စာစောင်မိတ်ဆက်ပွဲကို ဇန်နဝါရီလ ၁၀ ရက်တွင် ပြုလုပ်ပြီး ဖြစ်ကာ ဂီတဖျော်ဖြေရေး အစီအစဉ် ကိုသာ ရက်ရွှေ့ ထားရခြင်းဖြစ်ကြောင်း ကော်မတီထံမှ သိရသည်။ ” ရာသီဥတုအခြေအနေအရ ရက် ပြောင်းလိုက်ရတာပါ” ဟု အထက်ပါ ပွဲဖြစ်မြောက်ရေး ကော်မတီ တာဝန်ခံက ပြောသည်။

 
ယခုရက်ပိုင်းအတွင်း တနင်္သာရီ တွင် မိုးဆက်တိုက်ရွာသွန်းမှု ဖြစ်ပေါ် နေရကြောင်း  သိရသည်။
ဂီတဖျော်ဖြေပွဲကြီးတွင် နိုင်ငံကျော် အဆိုတော်များနှင့် Dancer အကများ ဖြင့် ဖျော်ဖြေမည်ဖြစ်ကြောင်း ကော်မတီ မှ သိရသည်။
မရင်းကြီးကျေးရွာတွင် အမေများ နေ့ ကျင်းပလာသည်မှာ ယခုနှစ်တွင် ဆဋ္ဌမအကြိမ်မြောက် ဖြစ်သည်။