ကော့သောင်းတွင် ရေချိုသဲဈေး ထိုးတက်

0
384

စက်ယန္တရားများဖြင့် သဲစုပ်ခွင့်မပြု တော့သည့်နောက် ဆောက်လုပ်ရေး လုပ်ငန်းခွင်သုံး ရေချိုသဲဈေး မြင့်တက် သွားခဲ့သည်ဟု ကော့သောင်းမြို့ သဲ၊ ကျောက်လုပ်ငန်းရှင်များ အသိုင်းအဝိုင်း ထံမှ သိရသည်။


ယခင်က ဒေသလိုအပ်ချက်အရ နားလည်မှုဖြင့် ခွင့်ပြုထားသည့် သဲစုပ် ခွင့်ကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း က သက်ဆိုင်ရာက တားမြစ်ခဲ့သည်ဟု အထက်ပါ အသိုင်းအဝိုင်းမှ သိရသည်။ယခင်ရေချိုသဲတစ်ကျင်းလျှင် ကျပ် ၈၀၀၀မှ ယခု ကျပ် ၁၂၀၀၀ အထိ ဈေးတက်လာကြောင်း စေတနာ အုတ်သဲ ကျောက် အရောင်းပိုင်ရှင်က ပြောသည်။

 
“စက်ယန္တရားတွေနဲ့ သဲစုပ်ခွင့် မပြုတော့ဘူးဆိုရင်လည်း ရေချိုထွက်တဲ့ ကျေးရွာ ဒေသခံတွေ စားဝတ်နေရေး အဆင်ပြေအောင် လက်နဲ့ ကျုံးယူခွင့် ပေးစေချင်တယ်”ဟု အထက်ပါ ဆိုင် ပိုင်ရှင်က ဆိုသည်။သဲရှားလာသည့်နောက် ဆောက် လုပ်ရေး လုပ်ငန်းလုပ်ကိုင်သူများ လုပ် ငန်းလည်ပတ်မူကိုပင် ဆိုင်းငံ့ထား ရ သည်အထိ ကြုံတွေ့နေရကြောင်း ကော့သောင်းမြို့နယ် ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်သူမျာထံမှ သိရသည်။