ကျူးကျော်များအတွက်ဆောက်မည့် အိမ်ယာစီမံကိန်း မြိတ် ဦးစားပေးမည်

0
373

တနင်္သာရီတိုင်းဒေသကြီး အတွင်း ရှိ ကျူးကျော် နေထိုင်သူများအနက် မြိတ်ဒေသကို ဦးစားပေးသည့် အနေဖြင့် အိမ်ရာများ ဆောက်လုပ်ပေးသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောကြားခဲ့ သည်။


မြိတ်မြို့ကမ်းနားလမ်းတွင် ဇန်န ဝါရီလ ၇ ရက်နေ့က ပြုလုပ်သည့် Sea View Condo အရောင်းပြခန်းဖွင့်ပွဲ အခမ်းအနားတွင် ဝန်ကြီးချုပ်က ယင်း ကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ် သည်။” ကျွန်မတို့အစိုးရအဖွဲ့က လာမယ့် ဘဏ္ဍာနှစ်တွင် ကျူးကျော်တွေအတွက် အိမ်ရာတွေ ဆောက်ပေးဖို့ အစီအစဉ် ရှိပါတယ် “ဟု ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ပြောသည်။

 
တိုင်းအတွင်းရှိ ထားဝယ်နှင့် မြိတ် မြို့တို့ရှိ ကျူးကျော်နေထိုင်သူများ အတွက် အိမ်ရာများ ဆောက်လုပ်ပေးနိုင်ရန်နိုင်ငံ တော်သမ္မတ၏ အထူးရန်ပုံ ငွေမှ ကျပ် ၄ ဒသမ ၈ ဘီလီယံကို ပေးထားပြီး ဖြစ်ကာ ရှေ့နှစ်တွင် ပိုက်ဆံရရချင်း မြိတ်ဒေသကို အထူးဦးစားပေးပြီး ဆောက် လုပ်ပေးရန် ရည်ရွယ်ထားကြောင်း ဝန်ကြီးချုပ်က ပြောသည်။

 
မြိတ်မြို့အတွင်းရှိ စက်မှုဇုန်၊ စီးပွားရေးဇုန်နှင့် မွေးမြူရေးဇုန်တို့တွင် လုပ်ငန်းရှင်များနှင့် ဘိုးဘွားပိုင်မြေ ပိုင်ရှင် အချို့က လက်ရှိအချိန်အထိ မြေယာ ပြဿနာ အမှုခင်းများနှင့် ရင်ဆိုင်နေကြ ရပြီး ဇုန်အတွင်း လူနေအိမ်ခြေများကို ကျူးကျော်အဖြစ် တရား စွဲဆိုထားမှုများ လည်းရှိနေကြောင်း ယင်းအသိုင်း အဝိုင်း မှ သိရသည်။

 
အဆိုပါဇုန်များသည်များစွာ နေရာ ယူထားသည့်အတွက်ကြောင့် လူနေ သည့် အိမ်ခြေနည်းပါးမှု၊ ကျူးကျော် နေထိုင်သူများနှင့်ခွင့်ပြုချက်မရှိဘဲ နေအိမ် များဆောက် လုပ်မှုများနေသည့်အတွက် မြိတ်ဒေသအတွက် ဦးစားပေး အိမ်ရာ များဆောက်လုပ် ပေးရခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။ထို့ပြင် ဒေသအတွင်း ဖွံ့ဖြိုးတိုး တက်မှု အားနည်းမှုများကို အိမ်နီးချင်း ထိုင်းနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်းယှဉ်ကာ လုပ်ငန်းရှင်ကြီးများ အနေ ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုသည်ကို ကွန်ဒိုဖွင့်ပွဲအခမ်းအနားတွင် တိုက်တွန်း ပြောကြားခဲ့သည်။