တစ်လုံးလျှင် ကျပ် တစ်သိန်းရှစ်သောင်းတန် လမ်းမီးလာမည်

0
441

ထားဝယ်မြို့ရှိ လမ်းမီးတိုင်များတွင် စမ်းသပ်တပ်ဆင်ရန် တစ်လုံးလျှင် ငွေ ကျပ် ၁၈၀၀၀၀ တန်ဖိုးရှိ မီးလုံးများ မှာယူထားကြောင်း တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ်က ပြောကြားသည်။


လက်ရှိ ထားဝယ်ဒေသတွင် လက် ရှိအချိန်၌ လျှပ်စစ်ဓာတ်အား မလုံ လောက်သည့်အတွက် လျှပ်စစ်သုံးစွဲမှု ဝပ်အားနည်းပြီး မီးလင်းအားများသည့် မီးလုံး ၃၀ ခန့်ကို စမ်းသပ်တပ်ဆင်ရန် စင်ကာပူနိုင်ငံသို့ မှာယူထားကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆိုသည်။

အဆိုပါ မီးလုံးများအား အကျိုးရှိ^ မရှိ၊ ဒေသနှင့် လိုက်လျောညီထွေမှု ရှိ၊ မရှိနှင့် ဓာတ်တိုင် အနိမ့်အမြင့်အစ သဖြင့် စမ်းသပ်သုံးစွဲနိုင်ရန် မှာယူထားခြင်းဖြစ် ကြောင်း ဝန်ကြီးချုပ်က ပြောသည်။အဆိုပါ မီးလုံးများကို ထားဝယ်မြို့ ရှိ ကမ်းနားပန်းခြံ၊ လေယာဉ်ကွင်း လမ်းနှင့်ဝန်ကြီးများအိမ်ယာရှေ့ (ကမျောကင်းလမ်း) အစရှိသည့် နေရာ များတွင် စမ်းသပ်တပ်ဆင်ရန် ရည်မှန်း ထားကြောင်း ၎င်းကပြောသည်။

နိုင်ငံတကာတွင် လမ်းမီးများကို မာကျူရီမီးလုံးများသာ ထွန်းလေ့ရှိပြီး တိုင်းအတွင်းတွင်မူ ၂ ပေ မီးချောင်းများ ဖြင့်ထွန်းညှိထားပြီး အလင်းရောင် ကောင်းစွာမရသည့်အတွက် ယာဉ် အန္တရာယ်များကြောင်း ထားဝယ်မြို့မှ တက်ကြွလူငယ်တစ်ဦးဖြစ်သူ ကိုဝေဖြိုး ကဆို သည်။
ထားဝယ်မြို့အတွင်း လမ်းမီး တိုင် ပေါင်း ၂၆၀၀ ခန့်ရှိကြောင်း ဒုတိယ တိုင်းလျှပ်စစ်အင်ဂျင်နီယာ အင်ဂျင်နီ ယာမှူးကြီး ဦးထွန်းဝဏ္ဏ ကပြောကြား ခဲ့ဖူးသည်။

ထားဝယ်ဒေသတွင် လျှပ်စစ်သုံး စွဲသည့် ပြည်သူများထံမှ  လမ်းမီးကြေး ဟုဆိုကာ (မီတာတစ်လုံး)တစ်လလျှင် ငွေကျပ် ၄၀၀ နှုန်း ကောက်ခံနေသည်။ သို့သော်လည်း နယ်ဘက်ရှိ လမ်းမ ကြီးများနှင့် လမ်းသွယ်၊ လမ်းကြား များတွင် လမ်းမီးမရှိသည့်အတွက် ပြည်သူများကြားတွင် ဝေဖန်မှုမြင့် တက်နေခဲ့သည်။