မုဒိမ်းသမား မြောင်းပုလဲမှာ မနေပါ

0
489

သက်ငယ်မုဒိမ်းမှုကို ကျူးလွန် ခဲ့တယ်လို့ ယူဆရတဲ့သူဟာ မြောင်းပုလဲ ရပ်ကွက်မှာနေတယ်လို့Facebook စာမျက်နှာတွေမှာ ဖော်ပြနေကြတာကို မြောင်းပုလဲ ရပ်ကွက်သူ၊ ရပ်ကွက်သား တွေက ငြင်းဆန်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့က သဘော့ဆိပ်ရွာမှာ ၂ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့ သူဟာမြောင်းပုလဲရပ်ကွက်မှာ နေတဲ့သူ ဖြစ်တယ်လို့ တနင်္သာရီတိုင်းရဲတပ်ဖွဲ့ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြ ခဲ့တာကို ရပ်ကွက်သိက္ခာကျတယ်ဆိုပြီး ရပ်ကွက်သူ ရပ်ကွက်သားတွေက သတင်း စာရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့တာဖြစ် ပါတယ်။

“နောက်မျိုးဆက်သစ် လူငယ်တွေ အတွက်လည်း ပြယုဂ်က အရမ်းဆိုးသွား တယ်၊ ဒီလိုဖြစ်လို့ မြောင်းပုလဲ ရွာသား မဟုတ်ကြောင်း ရှင်းလင်းတင်ပြတာ ” လို့ မြောင်းပုလဲရပ်ကွက်တာဝန်ခံလို့ ဆိုတဲ့ ကိုထွေးလွင်က ပြောပါတယ်။
သက်ငယ်မုဒိမ်းမှု ကျုးလွန်သူလို့ ယူဆရတဲ့ သူဟာ ရေဖြူမြို့နယ်၊ ဥဿရံ ကျေးရွာမှာ နေထိုင်တဲ့သူသာဖြစ်ပြီး မြောင်းပုလဲရပ်ကွက်မှာ နေထိုင်တဲ့သူ မဟုတ်ဘူးဆိုတာကို မြောင်းပုလဲ ရပ်ကွက် သူ ဒေါ်သူဇာအောင်က မကျေနပ်တဲ့ လေသံစွက်ပြီး ဆိုပါတယ်။

သဘော့ဆိပ်ရွာမှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ ည ၁၁ နာရီခန့်မှာ ကလေး ငယ်ရဲ့နေအိမ်ကို အဝင်အထွက် ရှိတဲ့ ထားဝယ်မြို့၊ မြောင်းပုလဲ ရပ်ကွက် မှာနေတဲ့ အသက် ၃၃ နှစ် အရွယ် ရေလုပ်သား အမျိုးသားက ကျူးလွန် ခဲ့တယ်လို့ ရဲမှတ်တမ်းတွေမှာ ဖော်ပြ ထားတာဖြစ်ပါတယ်။

ဒီလိုမျိုး အမှုကျူးလွန်သူဟာ ထားဝယ် လား၊ အခြား လူမျိုးလားဆိုပြီး မေးခွန်း တွေထုတ်ကြတာကိုလည်း တွေ့ရပါတယ်။