နော်ချစ်ပန်းတိုင် အသတ်ခံရမှု လူနှစ်ဆယ်နီးပါးကို စစ်ဆေး

0
565

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက် နေ့ ညက သီချင်းဆိုပြိုင်ပွဲတွင် ဓားထိုး ခံရပြီး သေဆုံးသွားခဲ့သည့် နော်ချစ်ပန်း တိုင် အသတ်ခံရသည့်အမှုတွင် လူနှစ် ဆယ်ကျော်ကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ကပြောကြားသည်။

သေဆုံးသူ နော်ချစ်ပန်းတိုင်နှင့် လူမှုရေး ပတ်သက်ဆက်နွယ်သူများကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး တရားခံဖမ်းမိရန် နီးစပ်နေပြီဟု မပြောနိုင်သေးဘဲ မှန်းဆ နေတုန်းပင်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ မှူးက ဆိုသည်။

ဒီနေရာမှာ သတ်ရလောက်တဲ့ အခြေအနေတွေက ဘယ်အရာတွေ ဖြစ်သလဲပေါ့နော်၊ ဒါတွေကို လိုက်နေ တယ် ဟု တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက ပြောသည်။

သေဆုံးသူ နော်ချစ်ပန်းတိုင်သည် ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားရင် ပြင်တွင် ကျင်းပပြုလုပ်သည့် သီချင်းဆို ပြိုင်ပွဲတွင် လည်ပင်းထိုးသွင်းဒဏ်ရာ၊ နဖူးပြတ်ရှဒဏ်ရာ အစရှိသည့် ဓားဒဏ် ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ပြီး ရက် ၂၀ ခန့်ကြာပြီးသည်အထိ တရားခံ ဖမ်းမိခြင်းမရှိသေးပေ။

နော်ချစ်ပန်းတိုင် အသတ်ခံရခြင်း နှင့် ပတ်သက်၍ ထားဝယ်တိုင်းရင်းသား များပါတီ နှင့် လူမှုအဖွဲ့အစည်း ၂၀ ကျော်ကလည်း တရားခံကို အမြန်ဆုံး ဖော်ထုတ်ရန် ကြေညာချက်များ ထုတ် ပြန်ခဲ့ကြသည်။