သထုံ တည်းခိုခန်း မန်နေဂျာသေဆုံးမှု ရဲတပ်ဖွဲ့ဝင် ၇ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၈ နှစ် ချမှတ်

0
465

မွန်ပြည်နယ်၊ သထုံမြို့မရဲစခန်း တွင် ငွေကြေးခိုးယူမှုဖြင့် စွပ်စွဲခံထားရသူ ချမ်းမြေ့တည်းခိုခန်း မန်နေဂျာအား စစ်ဆေးနေစဉ် လက်လွန်သေဆုံးသွား သည့်အမှုနှင့် ပတ်သက်ပြီး အမှုစစ်ရဲ အရာရှိ အပါအဝင် ရဲတပ်ဖွဲ့ဝင် ၇ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၈ နှစ်စီသီ ခြားကျခံစေရန် သထုံခရိုင်တရားရုံးက နိုဝင်ဘာ ၂၃ ရက်တွင် အမိန့်ချလိုက်သည်။


အဆိုပါ တည်ခိုခန်းတွင် မတ်လ ၁ ရက်က လာရောက်တည်းခိုခဲ့သည့် ကုမ္ပဏီဝန်ထမ်းတစ်ဦး ငွေကျပ် သိန်း တစ်ရာကျော် ပျောက်ဆုံးသွားသဖြင့် မသင်္ကာသူ တည်းခိုခန်းမန်နေဂျာကို သထုံခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှုခင်း အကူ ဌာနမှ ရဲတပ်ဖွဲ့ဝင်တို့က မတ်လ ၂၁ ရက် ညနေပိုင်းခန့်တွင် သထုံမြို့မ ရဲစခန်း၌ စစ်ဆေးနေစဉ် လက်လွန်ပြီး သေဆုံး သွားခဲ့ခြင်း ဖြစ်သည်။ သေဆုံးမှုကြောင့် အမှုစစ်သည့် သထုံခရိုင် မှုခင်းအကူဌာနမှ ဒုရဲအုပ်၊ ရဲတပ်ကြပ်ကြီးနှင့် ရဲတပ်ကြပ် ၅ ဦး တို့ကို လူသတ်မှု ပုဒ်မ ၃၀၂(၂)  ဖြင့် တရား စွဲဆိုခဲ့ပြီး ထိုပုဒ်မ မမြောက်သောကြောင့် ပုဒ်မ ၃၀၄ ဖြင့် အမိန့်ချမှတ်ခဲ့သည်။

 
အဆိုပါ အမိန့်ချမှတ်မှုအတွက် ကာယကံရှင်ဆန္ဒရှိပါက အယူခံဝင်သွား မည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့များဘက်က လိုက်ပါ ဆောင်ရွက်ပေးသော အထက် တန်းရှေ့နေ ဦးမျိုးဝင်းက ပြောသည်။” ကျွန်မတို့က မကျေနပ်ဘူး၊ လူ တစ်ယောက်လုံးကို ရက်ရက်စက်စက် သတ်ပြီးမှထောင် ၈ နှစ်စီပဲ ကျတယ်ဆို တော့ မဖြစ်နိုင်တဲ့ကိစ္စပါ၊ မိသားစုတွေ တိုင်ပင်ပြီး နောက်ဆက်တွဲ ဆက်လုပ် သွားမယ်”  ဟု သေဆုံးသူ၏ ဇနီးက ပြောသည်။

 
ယင်းအမှုနှင့် ပတ်သက်ပြီး ရုံး ချိန်းအကြိမ် ၃၀ စစ်ဆေးခဲ့ကာ နိုဝင်ဘာ ၂၃ရက်တွင် အမိန့်ချခဲ့ခြင်း ဖြစ်သည်။
” ဒီပုဒ်မရဲ့ အများဆုံး ပြစ်ဒဏ်က တစ်သက်တစ်ကျွန်းပဲ၊ ဒါပေမယ့် ဥပဒေနဲ့ ညီညွတ်အောင် တရားမျှတမှုဖြစ် အောင်တော့ ချမှတ်ထားတယ်၊ အမှု လိုက် အရာရှိတစ်ယောက်အနေနဲ့ တရား မျှတယ်လို့ထင်တယ်” ဟု သထုံခရိုင် တရားရုံးမှ ဥပဒေအရာရှိ ဦးတင်မောင်က ပြောသည်။