ကော့သောင်းမြို့နယ် ရပ်ကွက် / ကျေးရွာအတွင်း အကြောင်းအမျိုးမျိုး ကြောင့် ခြေအင်္ဂါချို့ယွင်း ပျက်ဆီးနေသူ များကို ဘားအံခြေတုလက်တု ဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာန၏ နယ်လှည့် ခြေတုပြုပြင်ရေးအဖွဲ့မှ ဒီဇင်ဘာလ ၉ ရက်တွင် အခမဲ့ လာရောက် လှဲလှယ် ပေးသွားမည်ဖြစ်ကြောင်း ကော့သောင်း ခရိုင်ပြည်သူ့ ဆေးရုံထံမှ သိရသည်။
ကော့သောင်းမြို့နယ် အေးမြကန် သာရပ်ကွက် ခရိုင်ပြည်သူ့ ဆေးရုံကြီး တွင် အသေးစားပြင်ဆင်မူများဖြစ်သည့် ခြေဖဝါး၊ ခါးပတ်ကြိုးများကို အသစ် လဲလှယ်ပေးခြင်းကို အခမဲ့ ဆောင်ရွက် ပေးသွားမည်ဟု သိရသည်။ အကြီးစား ပြုပြင်မှုများနှင့် အသစ် လဲလှယ်မှုအတွက်မူ ဌာနသို့ ပြန်လည် ညွှန်းပို့သွားမည်ဖြစ်ကြောင်း ဘားအံ ခြေတုလက်တုဆိုင်ရာ ပြန်လည် သန်စွမ်း ရေးဌာန၏ ဘားအံရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
” မိမိတို့ အသုံးပြုနေတဲ့ ခြေတု အဟောင်း၊ လက်ထောက်များ၊ အားပြု ကိရိယာတွေနဲ့ သက်ဆိုင်ရာဌာနက ထုတ်ပေးတဲ့ မှတ်ပုံတင်ကတ် ပြားတွေကို တပါးတည်း ယူဆောင်လာဖို့ပဲ လိုတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ တို့ လုပ်ငန်းပူးပေါင်းဆောင်ရွက်သော ဘားအံခြေတုလက်တု ဆိုင်ရာ ပြန်လည် သန်စွမ်းရေးဌာနမှ တစ်နိုင်ငံလုံး နယ်လှည့်ခြေတု ပြုပြင်ရေး ဆောင်ရွက် ပေးလျက် ရှိသည်။