ထမင်းဆိုင်များတွင် တောကောင်သား ဟင်းလျာ ရောင်းချမှု တားဆီးသွားမည်

0
420

တိုင်းအတွင်းရှိ ထမင်းဆိုင်အချို့ တွင် တောကောင်သားဟင်းလျာ (ဂျီ၊ ဆတ်၊ တောဝက်၊ မျောက် အစရှိသည့်)များ ရောင်းချနေခြင်းကို တားဆီးနိုင်ရန် လာမည့်အစိုးရအဖွဲ့ အစည်းအဝေးတွင် တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး သယံဇာတ နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန် ကြီးက ပြောကြားသည်။


ဇီဝမျိုးတူမျိုးကွဲများကို ထိန်းသိမ်း ခြင်းဖြင့် တောတောင်ကို ထိန်းသိမ်းရာ ရောက်သဖြင့် ထမင်းဆိုင်များတွင် တော ကောင်သား ဟင်းလျာများ ရောင်းချ နေခြင်းကိုအသိပညာပေးခြင်းနှင့် အရေး ယူခြင်းများ လုပ်ဆောင်ရမည်ဖြစ် ကြောင်း တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင် ကဆိုသည်။

 
“တောတောင်တွေ ထိန်းသိမ်းမယ် ဆိုလည်း ဒါတွေက ဆက်စပ်ပြီးလုပ်ရ မယ့် ကိစ္စတွေပါ”  ဟု ဝန်ကြီး ဦးမြင့် မောင်က ပြောသည်။
လက်ရှိအချိန်တွင် တောကောင် သားများ ပစ်ခတ်ရောင်းဝယ်ခြင်းကို ဥပဒေအရ တားမြစ်ထားသော်လည်း ဟင်းလျာအဖြစ် ရောင်းချမှုများရှိနေ သေးကြောင်း ဝန်ကြီး ဦးမြင့်မောင်က ဆိုသည်။” အမဲလိုက်တာနဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင်မှာနေတဲ့လူတွေ အသိ တရားရှိကြဖို့လည်း လိုတယ်”  ဟု နယ် ဒေသများကို အမြဲတမ်းခရီးထွက်လေ့ ရှိသည့် ထားဝယ်မြို့နေ ဦးဘိုဘိုအောင် ကပြောသည်။

 
တောကောင်နှင့်ပတ်သက်၍ သက် ဆိုင်ရာဌာနများက ပုံမှန်စစ်ဆေးခြင်း မရှိသည့်အတွက် အလွန်အကျွံ ဖမ်းဆီး မှုနှင့် တောမီးရှို့ခြင်းကဲ့သို့ နည်းလမ်း လွဲမှားကာ ဖမ်းဆီးနေခြင်းမျိုးကို ထိထိ ရောက်ရောက်ဖြစ်စေရန် ပုံမှန် စစ်ဆေး သင့်ကြောင်း ဦးဘိုဘိုအောင်က ဆိုသည်။
တိုင်းအတွင်းရှိ မြို့နှင့်အနည်း ငယ်သာ ဝေးကွာသည့် နယ်ဘက်ဒေသ များတွင် တောကောင်သားဟင်းလျာ များကို တွင်ကျယ်စွာ ရောင်းဝယ်စား သုံးနေကြဆဲ ဖြစ်သည်။