ပြောင်းလဲချိန် တန်ပြီ

0
455

NLD အစိုးရတက်လာတဲ့အချိန် ကစပြီး ကျွန်တော်တို့ တိုင်းပြည်မှာ ပြောင်းလဲ  လာတာတွေ အများကြီးရှိပါ တယ်။ ပြောင်းလဲမှုတွေ အများကြီး အထဲ ကမှ ကျွန်တော်သဘောကျဆုံး အချက် ကတော့ ကွမ်းယာဆိုင်တွေမှာ  ” ကွမ်းတံ ထွေးကို စနစ်တကျထွေးပါ ”  ဆိုတဲ့ အချက်ကလေးကို တော်တော်လေး သဘောကျမိပါတယ်ခင်ဗျား။


ဒါပေမဲ့ ကွမ်းတံတွေးကို စနစ်တကျ မထွေးဘဲ စည်းမဲ့ကမ်းမဲ့ လုပ်ရပ်တွေကို နေ့တိုင်း တွေ့နေရပါတယ်။ ကားမောင်း ရင်းနဲ့ ကားပေါ်ကနေ ထွေးကြတယ်။ ဆိုင် ကယ်မောင်းရင်း၊ လမ်းလျှောက်ရင်းလည်း  ထွေးနေကြတာကို တွေ့မိမြင်မိသူတွေအ တွက် မနှစ်မြို့စရာပါ။ မီးပွိုင့်တွေမှာ၊ လက် ဖက်ရည်ဆိုင်တွေ အရှေ့မှာ အားမနာ ပါးမနာ ထွေးရက်ကြပါတယ်။အခုတလော ကျွန်တော်တို့ ထားဝယ် မြို့မှာ နိုင်ငံခြားသားတွေ အများကြီး အလည်လာနေကြတာတွေကို တွေ့ကြမှာ ပါ။ သူတို့တွေဟာ လာရင်ဒီအတိုင်း တည်းခိုခန်းမှာပဲ မအိပ်နေကြပါဘူး။ ကမ်းခြေတွေမှာ လာရောက်အပန်းဖြေ ကြတယ်။

 

 

လှပတဲ့နေရာလေးကို ရှာဖွေပြီး အနားယူနေကြမှာပါ။ စီးပွားရေး လုပ်ငန်း ရှင်တွေလည်း ရှိပါတယ်။ သူတို့အနေနဲ့ ကျွန်တော်တို့ စည်းမဲ့ ကမ်းမဲ့ ထွေးထားတဲ့ ကွမ်းတံတွေးတွေ အမှိုက်တွေကို မြင်ပြီး  ” ဟယ်.. လှလိုက်တာ ”  လို့တော့ ပြောမှာ မဟုတ်ဘူး။ ဒါဟာ ကျွန်တော်တို့ တိုင်း ပြည်အတွက် ထားဝယ် ဒေသအတွက် ရှက်စရာကောင်းတဲ့ လုပ်ရပ်တစ်ခုလို့ မြင်မိပါတယ်။ ဒီမြင်ကွင်းဟာ ဒီမှာတင် မပြီးဆုံးနိုင်ပါဘူး။ သူတို့နိုင်ငံ အထိပါ သွားနိုင်တယ်ဆိုတာ သတိချပ်စေချင်ပါ တယ်။

 
ကျွန်တော်တို့ ထားဝယ်ဒေသကို နိုင်ငံ ခြားသား ခရီးသွားတွေ အလည်လာနေကြ တာဟာ ထားဝယ်ဒေသအတွက် အပေါင်း လက္ခဏာ ဆောင်နေပါတယ်လို့ ကျွန်တော် ထင်မြင်မိပါတယ်။ ဒါဟာ ကျွန်တော့်လို ဗဟုသုတ မကြွယ်သေးတဲ့ လူတစ်ယောက် ရဲ့ အမြင်ပါ။ နိုင်ငံခြားသားတွေများလာ တဲ့အတွက် တိုင်းပြည်အတွက် နိုင်ငံခြားဝင် ငွေတွေ ရလာမယ်။ ဒေသခံပြည်သူတွေ အတွက်အလုပ်အကိုင် ပိုများလာမယ်လို့ ထင်မြင်မိပါတယ်။ အလုပ်အကိုင်အခွင့် အလမ်းတွေ ပိုများလာရင် ကျွန်တော်တို့ တစ်ဖက်နိုင်ငံတွေမှာ အလုပ်သွားလုပ်စရာ မလိုတော့ဘူးပေါ့။ ဘွဲ့ရပြီးသား လူတွေ အတွက် အလုပ်အကိုင်ပိုများလာမယ်လို့ ထင်မြင်မိပါတယ်။ ကျန်တဲ့ အခွင့်အရေး တွေ အများကြီးကျန်ပါသေးတယ်။

 
ကိုင်း ဒါဆိုရင်ဗျာ..။ ကျွန်တော်တို့ အတွက် ရလာမယ့် အခွင့်အရေးတွေကို ဘာမဟုတ်တဲ့ ကွမ်းတံထွေးနဲ့ အမှိုက်တွေက ဖျက်ဆီးပစ်တာကို ကျွန်တော်တို့ ဆုံးရှုံးခံကြ တော့မှာလား။ မပြင်သင့်ဘူးလား။ ကိုယ့်ပါး စပ်ကနေ ထွေးချလိုက်တဲ့ ကွမ်းတံထွေး အချို့ကြောင့် ကိုယ့်တိုင်းပြည်ရဲ့ ပုံရိပ်၊ ကိုယ့်ဒေသရဲ့ ပုံရိပ်ကျဆင်းသွားမှာကို မစိုး ရိမ်သင့်ဘူးလား။ကျွန်တော်တို့က ” ပြောင်းလဲချိန် တန်ပြီ ” ဆိုပြီး အော်နေပေမဲ့ ကိုယ်ကို တိုင်မပြောင်းလဲရင် အော်နေလည်း အလ ကားပါပဲ။ ဒီနေရာမှာ စောဒကတက်စရာ တစ်ခုရှိပါလိမ့်မယ်။ ဒီဆောင်းပါးကို ရေးနေတဲ့ကောင်ကရော ဘယ်လောက် ပြောင်းလဲ နေပြီလဲ။

 

ဘာအဆင့်ရှိလို့လဲဆိုပြီး ပြောကြရင်လည်း ” ဟုတ်ကဲ့.. ကျွန်တော် ဟာ ဘာအကောင်မှ မဟုတ်ပါဘူး။ ဘာအဆင့်မှလည်း မရှိပါဘူး ခင်ဗျား ” လို့သာ ဖြေရမှာပါ။ သို့ပေမယ့် ကွမ်းတံ တွေးနဲ့ အမှိုက်ကိုတော့စနစ်တကျ စွန့်ပစ် တတ်တဲ့၊ စနစ်တကျ စွန့်ပစ်စေချင်တဲ့ လူတစ်ယောက် ဆိုတာကိုတော့ ကျွန်တော် ပြောရဲပါတယ်။ မည်သည့် တစ်ဦးတစ် ယောက်ကိုမှ ထိခိုက်စေလိုတဲ့ ဆန္ဒမရှိပါ။ ကိုယ့်တိုင်းပြည်၊ ကိုယ့်ဒေသကို သန့်သန့် ရှင်းရှင်းနဲ့ ဖွံ့ဖြိုးတိုးတက်တာကို မသေခင် မြင်ချင်တွေ့ချင်ရုံ သက်သက်ပါ။ ကျွန် တော်တို့ ကွမ်းတံတွေးနဲ့ အမှိုက်ကို စနစ် တကျ စွန့်ပစ်ရင်းနဲ့ ပြောင်းလဲချိန်တန်ပြီလို့ အော်ကြရအောင်။