ကျိုက်ထီးရိုးဘုရားဖူးများအား စိတ်အနှောင့်အယှက်ဖြစ်စေက အရေးယူမည်

0
880

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ သမိုင်း ဝင်ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် မြတ်ကြီးသို့ လာရောက်သည့် ဘုရားဖူး ဧည့်သည်တော်များအား စိတ်အနှောင့် အယှက်ဖြစ်စေသည့် ဈေးဆိုင်နှင့် နတ် နန်းအလှူခံဌာနများရှိက အရေးယူသွား မည်ဟု ကျိုက်ထီးရိုးဂေါပကအဖွဲ့ထံမှ ထံသည်။


ဂေါပကအဖွဲ့အသစ် လက်ထက် တွင် ဈေးဆိုင်များ၊ နတ်နန်းအလှူခံဌာန များနှင့် ပတ်သက်ပြီး စည်းကမ်းချက်များ ထုတ်ပြန်ထားပြီးဖြစ်ကာ ယင်းစည်း ကမ်းများအား ဖောက်ဖျက်ပါက ပထမ အကြိမ် ခေါ်ယူအသိပေးကာ၊ ဒုတိယ အကြိမ် ထပ်မံဖောက်ဖျက်ပါက ဆိုင်ယာ ယီပိတ်သိမ်းသည့် စနစ်ဖြင့် အရေးယူ သွားမည်ဖြစ်သည်။
”ေ ဂါပကတွေက ဘုရားအလှူခံ ဌာနပဲ ကိုင်ထားတာ၊ နတ်နန်းအလှူခံ ဌာနကို အရင်လူတွေကို ကန်ထရိုက်ပေး ထားတယ်၊ ဘုရားဖူးသူတွေ စိတ် အနှောင့်အယှက် မဖြစ်အောင် အထဲ မှာပဲ အလှူခံ၊ စည်းကမ်းမလိုက်နာရင် အရေးယူမှုတွေ လုပ်မယ်၊ ဈေးဆိုင်တွေ လည်းအဲလိုပဲအချို့ကိုလဲ အရေးယူထား ပြီးပြီ ”  ဟု ကျိုက်ထီးရိုးဂေါပကအဖွဲ့ဝင် ဒေါက်တာအေးဇံက ပြောသည်။ဂေါပကအဖွဲ့အသစ် လက်ထက် တွင် ဘုရားဖူးများ စိတ်အနှောင့်အယှက် မရှိ အေးချမ်းစွာ ဘုရားဖူးနိုင်ရန်အတွက် စီစဉ် ဆောင်ရွက်ပေးလျက်ရှိပြီး အချိန် နည်းပါးသည့်အတွက် အချို့ကိစ္စများ အဆင်မပြေမှုရှိနေဆဲဖြစ်ကာ လာမည့် နှစ် ဘုရားဖူး ရာသီတွင် အားလုံး အဆင် ပြေနိုင်ရန် ဆောင်ရွက်သွားမည်ဟု ၎င်း က ပြောသည်။

 
ကျိုက်ထီးရိုးဘုရားတွင် နတ်နန်း ၉ ခုရှိသည့်အနက်  ရွှေနန်းကျင်နတ် နန်းနှင့် ကျိုက်ထီးရိုးဘိုဘိုကြီးနတ်နန်း တို့ကို ရိုးရိုးလေးမှ ကန်ထရိုက် ရရှိထား သည်ဟု ဂေါပကအဖွဲ့ဝင် ဦးစိန်းမြင့်က ပြောသည်။ကျိုက်ထီးရိုးတောင်ပေါ်မှ အမှိုက် များနှင့် သန့်ရှင်းမှုမရှိသည့်နေရာများတွင်လည်း ဘုရားဖူးများ စိတ်အနှောင့် ယှက်မရှိစေရန် အမှိုက်ပုံးများထားရှိသွား ရန် စီစဉ်နေပြီး ဘုရားရင်ပြင်တော်သာ ယာသန့်ရှင်းရန်အတွက် ဝန်ထမ်းအသစ် များကိုလည်း ခေါ်ယူသွားရန် စီစဉ် ထားကြောင်း ဂေါပကအဖွဲ့ထံမှ သိရ သည်။

 
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ တော် ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ နှစ်စဉ်နှစ်တိုင်း  ပြည်တွင်း၊ ပြည်ပ ဘုရားဖူး ဧည့်သည်ပေါင်း ၂ သန်းကျော် လာရောက်လည်ပတ်လေ့ရှိသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဌာန (မော် လမြိုင်ရုံးခွဲ) ရှိဘုရားဖူး ဝင်ရောက် မှုစာရင်းအရ သိရသည်။