တနင်္သာရီတိုင်း အစိုးရလုပ်ဆောင်မှု အားရကျေနပ်ဟု ဦးဝင်းထိန်ပြော

0
602

တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် တိုင်းဒေသကြီး လွှတ်တော် တို့၏ ဆောင်ရွက်ချက်များကို အားရ ကျေနပ်မှု ရှိကြောင်း အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးl ဦးဝင်းထိန်က ပြောကြား သည်။


တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး လွှတ်တော်တို့ ပုံမှန် လည်ပတ်နေခြင်း ဖြစ်သည့်အတွက် အားရကျေနပ်မှုရှိကြောင်း ဦးဝင်းထိန်က ဆိုသည်။နိုဝင်ဘာလ ၁၄ ရက်တွင် ထားဝယ် မြို့၊ မြို့တော်ခန်းမတွင် တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင် များနှင့်တွေ့ဆုံသည့် အခမ်းအနားအပြီး တွင် ယင်းသို့ မှတ်ချက်ပြု ပြောခဲ့ခြင်း ဖြစ်သည်။

 
” သူတို့လုပ်ဆောင်မှုက ပုံမှန်လည် ပတ်နေတာ ဖြစ်တဲ့အတွက်ကြောင့် ကျေ နပ်စရာ ရှိပါတယ်”  ဟု ဦးဝင်းထိန်က ပြောသည်။
တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအသီးသီး၏ လုပ်ဆောင် နေမှုများနှင့် ပတ်သက်၍ ပိုမိုအားရ ကျေနပ်မှု ရှိ၊ မရှိကိုမူ မနှိုင်းယှဉ် လိုကြောင်း ဦးဝင်းထိန်က ဆိုသည်။လူထုကြားတွင်လည်း တိုင်း အစိုး ရ၏ လုပ်ဆောင်မှုများနှင့်ပတ်သက်ပြီး အားရသူများရှိသကဲ့သို့ တစ်ဖက် တွင်လည်း တိုင်းအစိုးရသည် မူဝါဒ ပိုင်းဆိုင်ရာ အဆုံးအဖြတ်များနှင့် ပတ် သက်ပြီး အချိန်ယူစဉ်းစားမှုအားနည်းကာ ချက်ခြင်း အကောင်အထည် ဖော်တတ် သည်ဟု ဝေဖန်မှုများလည်း ရှိသည်။

 
တိုင်းဒေသကြီး အစိုးရအနေဖြင့် အရေးကိစ္စရပ်များ၊ ပြဿနာများကို ကိုင်တွယ် ဆောင်ရွက်ရာတွင် နှေးကွေး နေပြီး လက်ရှိထက် ပိုမို လျင်မြန်စွာ ဆောင်ရွက်နိုင်ပါက ပိုမိုကောင်းမွန် လာမည် ဖြစ်ကြောင်း ထားဝယ် တိုင်း ရင်းသားများပါတီ ဒု-ဥက္ကဋ္ဌ ဦးမောင် မောင်အေးက ထောက်ပြသည်။