ဟိန္ဒား သတ္တုတွင်း တစ်လ စမ်းသပ် ပြန်လည်ပတ် ခွင့်ပြု

0
705

စည်းကမ်းမလိုက်နာသဖြင့် နှစ် ကြိမ်တိုင်ရပ်နားခိုင်းခြင်းခံရသည့် ထားဝယ်မြို့နယ်ရှိ ဟိန္ဒား သတ္တုမိုင်းကို စမ်းသပ်ကာလအဖြစ် တစ်လ ပြန်လည် ပတ်ခွင့် ထပ်မံခွင့်ပြုလိုက်ကြောင်း ထား ဝယ်ခရိုင် သတ္တုလုပ်ကွက်စိစစ်ရေး အဖွဲ့ ထံမှ သိရသည်။


သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုများ ကြောင့် ပထမအကြိမ်အဖြစ် ဇွန်လ ၂၉ ရက်က ဟိန္ဒားသတ္တုတွင်းနှင့် ဘ၀ပင် သတ္တုတွင်းနှစ်ခုကို ရပ်နားခိုင်း ခဲ့ပြီး ဇူလိုင်လ ၁၆ ရက်နေ့တွင် ဟိန္ဒား သတ္တုတွင်း၏ လုပ်ကွက် A ၊ B ၊ C  သုံးကွက်တွင် B နှင့် C တို့ကို စမ်းသပ်လည်ပတ်ခွင့် ပြုခဲ့သည်။
သို့သော် ဇူလိုင်လ ၂၄ ရက်က ထားဝယ်ခရိုင် သတ္တုလုပ်ကွက်စိစစ်ရေး အဖွဲ့က သွားရောက်စစ်ဆေးရာ ချောင်း အတွင်း စွန့်ပစ်ရေနောက်များစီးဆင်းနေ ဆဲဖြစ်သောကြောင့် ဇူလိုင်လ ၂၅ ရက် နေ့တွင် ထပ်မံရပ်နားခိုင်းခဲ့သည်။ ထို နောက် အောက်တိုဘာလ ၅ ရက်နေ့တွင် ထပ်မံ စမ်းသပ် လည်ပတ်ခွင့်ပြုလိုက် ခြင်းဖြစ်သည်။

 

” အကြီးစားပြုပြင်မှုတွေ လုပ်ပြီး ပြီလို့ စာတင်ပြလာတော့ ကော်မတီက သွားစစ်ကြည့်ပြီး စမ်းသပ်ပြန်လည်ခွင့် ပေးလိုက်တာပါ”  ဟု ထားဝယ်ခရိုင် သတ္တုလုပ်ကွက်စိစစ်ရေးအဖွဲ့ခေါင်း ဆောင်ဖြစ်သည့် သယံဇာတနှင့် ပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့် မောင်က ပြောသည်။စမ်းသပ်လည်ပတ်ခွင့် အချိန် တစ်လ ပြည့်သည့်အချိန်တွင် ထပ်မံစစ် ဆေးမည်ဖြစ်ပြီး လိုအပ်ပါက ထပ်မံ ရပ်နားရမည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

 
ဟိန္ဒားသတ္တုတွင်းနှင့်အတူ ယာယီ ရပ်နားထားခြင်းခံရသည့် ဘ၀ပင်သတ္တု တွင်းကိုမူ လက်ရှိအချိန်အထိ စမ်းသပ် လည်ပတ်ခွင့်ပြုခြင်းမရှိသေးပေ။