ထားဝယ်မြို့အတွင်း ဈေးများကို စည်ပင်မှ စီမံခန့်ခွဲမှုအပေါ် ပြည်သူများ မေးခွန်းထုတ်

0
492

ထားဝယ်မြို့အတွင်းရှိ ဈေးများ တွင် အများပြည်သူ သွားလာနေသည့် လမ်းမများပေါ် ကျူးကျော်ပြီး ဈေး ရောင်းချခြင်းနှင့် ဈေးအတွင်း ဈေးသည် များ သတ်မှတ် ဧရိယာကျော်ကာ ရောင်းချ ခြင်းများကြောင့် ခါးပိုက်နှိုက်မှု နှင့် ယာဉ်တိုက်မှုများ ဖြစ်ပွားလာနိုင် သဖြင့် စည်ပင်အဖွဲ့၏ စီမံခန့်ခွဲမှုအပေါ် ပြည်သူများ အကြား မေးခွန်းထုတ်လျက် ရှိသည်။


ထားဝယ်မြို့ရှိ ကမ်းနားဈေးတွင် ဈေးဧရိယာရှိ လမ်းမကြီးပေါ်တွင် ကျူး ကျော်ကာ ဈေးရောင်းချနေမှုများကြောင့် လမ်းပိတ်ဆို့မှုများ နေ့တိုင်းဖြစ်ပေါ် လျက်ရှိကာ ယာဉ်တိုက်မှုအန္တရာယ် စိုး ရိမ်ရကြောင်း ကမ်းနားဈေးအနီး လက် ဖက်ရည်ဆိုင် ဖွင့်လှစ်ရောင်းချနေသူ အမျိုးသားတစ်ဦးက ပြောသည်။ “ရောင်းတဲ့သူ အပြစ်လို့ မမြင်ဘူး၊ သူတို့ (စည်ပင်)က နေ့တိုင်း နီးပါး ဈေးကိုလာနေတာပဲ ဘာမှ မပြောတာ” ဟု အဆိုပါ အမျိုးသားက ပြောသည်။

 

စည်ပင်သာယာဈေး(ဈေးကြီး) ပတ်ဝန်းကျင်တွင်လည်း လမ်းမပေါ် ဈေးရောင်းချမှုများနှင့် စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများကြောင့် လမ်းပိတ် ဆို့မှုများ ဖြစ်ပွားနေကြောင်း စည်ပင် သာယာဈေးအနီး ဂိတ်ထိုးပြေးဆွဲနေ သည့် သုံးဘီးယာဉ်မောင်း တစ်ဦးက ပြောသည်။
” လမ်းပိတ်လို့ ကျူးကျော်ဆိုင်တွေ ကို ရှင်းမယ်ဆိုရင် မြန်မြန်ရှင်းသင့်သလို သူတို့ရဲ့ မိသားစု ဝမ်းစာရေးအတွက် နေရာတစ်ခု ဖန်တီးပေးသင့်တယ်” ဟု အဆိုပါ သုံးဘီးယာဉ်မောင်းက ဆို သည်။
ဈေးတာဝန်ရှိသူများ ကြပ်မတ်မှု အားနည်းသည့်အတွက် ဈေးကြီးအတွင်း ရောင်းချနေသည့် ဆိုင်များက သတ် မှတ်ဆိုင်ခန်း ဧရိယာထက်ကျော်ကာ  ဖြန့်ခင်း ရောင်းချနေမှုများကြောင့် ဈေးဝယ်သူများ လျှောက်မည့် လူသွား လမ်း ကျဉ်းမြောင်းသွားကာ တိုးဝှေ့ သွားလာနေရပြီး ခါးပိုက်နှိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း စည် ပင်သာယာဈေးအတွင်း ဈေးရောင်းချနေ သည့် အမျိုးသမီး တစ်ဦးက ဆိုသည်။

 

 

ပြီးခဲ့သည့်အပတ်က အမျိုးသမီး တစ်ဦး ငွေကျပ် ၂၃ သိန်း ခါးပိုက်နှိုက် ခံရပြီး လာမည့် ပွင့်လင်းရာသီတွင် ဧည့် သည်များအများဆုံးလာရောက် လေ့ရှိပြီး ခါးပိုက်နှိုက်မှု ဖြစ်ပွားပါက ဒေသပုံရိပ် ကို ထိခိုက်လာနိုင်ကြောင်း ၎င်းက ဆိုသည်။
ယင်းဈေးများနည်းတူ အိုးလုပ် ရပ်ကွက်ရှိ ဒေသအခေါ် ပိန္နဲတောဈေး၊ ညနေဈေး(ဘုမ္မော်ဈေး)နှင့် ဆန်းချီဈေး တို့တွင်လည်း လမ်းပေါ်ဈေးရောင်းချ မှုများ ရှိနေသည့်အတွက် ယာဉ်သွားလာ မှုများ အခက်အခဲ ဖြစ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
စည်ပင်သာယာရေးအဖွဲ့ကမူ စည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်နေသကဲ့သို့ တစ်ဖက်က လည်း ဈေးသည်များ၏ မိသားစု စားဝတ်နေရေးကို မပျက်စီးစေရန် ထိန်းသိမ်းလုပ် ဆောင်နေကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 
အောက်တိုဘာလ လဆန်းမှစကာ ကမ်းနားဈေးရှိ ငါးရောင်းသူများကို ငါးရုံအသစ်တွင် နေရာချထားသွားမည် ဖြစ်ပြီး စည်ပင်သာယာဈေး(ဈေးကြီး)မှ ငါးရောင်းသူများကို အဆိုပါ နေရာကို ပြောင်းရွှေ့သွားမည်ဟု ၎င်းက ဆိုသည်။
ယင်းအပြင် ကမ်းနားဈေးနှင့် ဈေး ကြီး ဧရိယာအတွင်း လမ်းဘေးတွင် ရောင်းချနေသည့် ပျံကျဈေးသည်များကို လည်းနေရာတကျနေရာချသွားမည် ဖြစ် ကြောင်း အဆိုပါ တာဝန်ရှိသူက ပြော သည်။