ရေစီးရေလာ ကောင်းရေး ပထမဦးစားပေးဟု ထားဝယ်စည်ပင် ဥက္ကဋ္ဌသစ် ကတိပေး

0
392

ထားဝယ်မြို့နယ်အတွင်း ရေစီး ရေလာ ကောင်းမွန်ရေးကို ပထမဦးစား ပေး လုပ်ဆောင်မည်ဟု အသစ်ရွေးချယ် ခံရသည့် ထားဝယ်မြို့နယ် စည်ပင်သာ ယာရေး ကော်မတီဥက္ကဋ္ဌသစ်က ကတိ ပေးသည်။


လက်ရှိ ပြုလုပ်နေသည့် ရေစီး ရေလာကောင်းမွန်စေရေး လုပ်ဆောင်နေ မှုများကို အားမရသေးသည့်အတွက် ရှိ သည့်ယန္တရားများဖြင့် လုပ်ဆောင်သွား ရန် ကော်မတီနှင့် ညှိနှိုင်းကာ ပထမဦး စားပေးအဖြစ် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း စည်ပင်ကော်မတီဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသူ ဦးလှဦးက ပြောသည်။

 
ထို့အပြင် မြို့နယ်လူထုက လမ်းမီး အတွက်ဟုဆိုကာ တစ်လလျှင် ငွေ ကျပ် ၄၀၀ ပေးဆောင်နေရပြီး လမ်းကြား အများစုမှာ လမ်းမီးမရှိသည့်အတွက် သွားလာရေး အခက်အခဲရှိနေသဖြင့် လမ်းကြားများ မီးလင်းရေးကို ဒုတိယ ဦးစားပေး လုပ်ဆောင် သွားမည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

 
ထားဝယ်မြို့နယ် စည်ပင်သာယာ ရေး ကော်မတီရွေးချယ်ပွဲကို အောက်တို ဘာလ ၃ ရက်က ထားဝယ်မြို့၊ မြို့တော် ခန်းမတွင် ပြုလုပ်ရာ မြို့ပေါ်ရပ်ကွက် ၁၅ ခုမှ ကိုယ်စားလှယ်ဦးရေ ၄၅ ဦး ရွေးချယ်ခံရန် စာရင်းပေးသော်လည်း ၃၉ ဦးသာ တက်ရောက် အရွေးချယ် ခံခဲ့သည်။
တက်ရောက်အရွေးချယ်ခံသည့် ကိုယ်စားလှယ်လောင်း ၃၉ ဦးအနက် ဦးလှဦး က ၁၇ မဲရရှိပြီး စည်ပင်ကော်မတီ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ဦးဇော်လေး က ဆန္ဒမဲ ၇ မဲဖြင့် အဖွဲ့ဝင်အဖြစ် ရွေး ချယ်ခံရခြင်း ဖြစ်သည်။

 
လက်ရှိစည်ပင်ကော်မတီ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရသည့် ဦးလှဦးသည် ၂၀၁၃ ခုနှစ် ယခင် အစိုးရလက်ထက်တွင် စည်ပင်ကော်မတီဥက္ကဋ္ဌအဖြစ် ၈ လခန့် တာဝန်ယူခဲ့သူ ဖြစ်သည်။