ညွန်ကြားချက်မလိုက်နာသဖြင့် တရားမဝင် သတ္တုလုပ်ငန်းများကို အစိုးရ တရားစွဲမည်

0
721

ပိတ်သိမ်းရန် ညွန်ကြားထားသော် လည်း တရားမဝင် သတ္တုလုပ်ငန်းများ ဆက်လုပ်နေခြင်းကြောင့် တရားစွဲဆိုသွား မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသ ကြီး အစိုးရအဖွဲ့က ပြောဆိုလိုက်သည်။


တနင်္သာရီမြစ်တစ်ဘက်ကမ်းရှိ ကြိမ်ချောင်းအတွင်း တရားမဝင် သတ္တု တူးဖော်နေသည့် လုပ်ငန်းများကို တိုင်း အစိုးရအဖွဲ့မှ သယံဇာတနှင့် ပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင် အပါအဝင် တာဝန်ရှိသူများ ဩဂုတ်လ ၂၈ ရက်က သွားရောက်စစ်ဆေးခဲ့ပြီး ၁၅ ရက်အတွင်း ပိတ်သိမ်းရန်ညွှန်ကြား ခဲ့သည်။

 
သို့သော် ခဏသာရပ်နားပြီး ပြန် လည်လုပ်ကိုင်နေသည့်အတွက် ပြန်လည် လုပ်ကိုင်နေသူများကို တရားစွဲဆိုမည် ဖြစ်ကြောင်း ဝန်ကြီး ဦးမြင့်မောင်က ဆိုသည်။” တရားစွဲတာက အနှေးနဲ့အမြန် စွဲ သွားမှာပါ” ဟု ဝန်ကြီးက ဆိုသည်။
ပိတ်သိမ်းရန် ညွှန်ကြားထားသော် လည်း လက်ရှိ ပြန်လာလုပ်နေသည့် လုပ်ငန်း ၂၇ ခုရှိပြီး ဆက်လက်လုပ် ကိုင်နေပါက သတ္တုတွင်းဥပဒေနှင့် တရား စွဲဆိုမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

 
ယင်းလုပ်ငန်းများကို အကြိမ်ကြိမ် သတိပေးထားပြီးဖြစ်သော်လည်း လိုက် နာမှု မရှိခြင်းကြောင့် တရားစွဲရန် စီစဉ် ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ကြိမ်ချောင်းအတွင်း တရားမဝင် သတ္တုလုပ်ငန်း လုပ်ကိုင်နေသည့် လုပ်ငန်း ၁၀၀ ကျော်ရှိကြောင်း သိရသည်။