ကံပေါက်တွင် ဆိုင်ကယ်ကယ်ရီ မောင်းသူတစ်ဦး ရိုက်နှက် လုယက်ခံရ

0
412

ဆိုင်ကယ်ငှားစီးသည့် အမျိုးသား ၂ ဦးက ကယ်ရီမောင်းသူအား ရိုက်နှက် ကာ ဆိုင်ကယ်လုယူမှု ကံပေါက်ဒေသ ဇာဒီရွာအနီးတွင် စက်တင်ဘာလ ၁၈ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ထား ဝယ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။


ယင်းနေ့ ညနေ ၅ နာရီခန့်တွင် ဂန့်ဂေါ်တောင်ရွာနေ အသက် ၄၀ နှစ်အရွယ် အမျိုးသား မောင်းနှင်သည့် ဆိုင်ကယ်အား အမျိုးသားနှစ်ဦးမှ ငှား ရမ်းသွားပြီး ညအချိန်အထိ ပြန်ရောက် မလာသဖြင့် ယောက္ခမဖြစ်သူမှ လိုက်လံ စုံစမ်းရာ ကံပေါက်ဆေးရုံတွင် ဦးခေါင်း နောက်စေ့ပေါက်ပြဲ၊ လည်ဂုတ်ဖူးရောင် ဒဏ်ရာ အစရှိသည့် ဒဏ်ရာများရရှိကာ သတိမေ့နေသည်ကို တွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

 
၎င်းအား ဇာဒီရွာ သင်္ချိုင်းအနီးတွင် ဒဏ်ရာများဖြင့် လဲနေသည်ကို တွေ့ရ သဖြင့် ဇာဒီရွာ တာဝန်ရှိသူများက ကံပေါက်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထား သည်။ဆိုင်ကယ်မှာ ပျောက်ဆုံးနေပြီး ကယ်ရီမောင်းနှင်သူ အမျိုးသားကို ထားဝယ်ဆေးရုံကြီးသို့ လွှဲပြောင်းကုသ ထားပြီး စိုးရိမ်ရကြောင်း ရဲမှတ်တမ်း အရ သိရသည်။
ကျူးလွန်သူများအား စုံစမ်းနေ ဆဲဖြစ်ကာ (ပ) ၆၆/၂၀၁၆ ၊ ရာဇသတ် ကြီးပုဒ်မ ၃၉၄ ဖြင့် ကံပေါက်နယ်မြေ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရဲမှတ် တမ်းအရ သိရသည်။