အိပ်မက်မက်ပါ၊ ပြင်ဆင်ပါ

0
540

လက်ရှိ အစိုးရသစ်၊ လွှတ်တော်သစ် လက်ထက်တွင် အားလုံး အားမလို အား မရ ဖြစ်ရသည်မှာ စွမ်းဆောင်ရည် ပြဿ နာ ဖြစ်သည်။
ကာယကံရှင်များကလည်း ထုတ် ဖော်ဝန်ခံသည်။ သို့သော် တိုင်းပြည် အပြောင်းအလဲအတွက် ” လူကိုမကြည့် ပါတီကိုကြည့်” မူကို လက်ကိုင်ထားပြီးခဲ့ သည့် လက်သန်းပိုင်ရှင်များ အသံ စထွက်လာသည်။ အားကောင်းမောင်းသန် အလုပ်လုပ်ရတော့မည့် အချိန်တွင် အား ကောင်းမောင်းသန် မဖြစ်သေး။


ယင်းအခြေအနေကို ကြည့်ပြီး ပြန် သုံးသပ်မိသည်မှာ မိမိလုပ်သည့် အလုပ် နှင့် ပတ်သက်ပြီး ပြတ်သားသည့် အိပ် မက်မရှိခြင်းနှင့် ပြင်ဆင်မှုမရှိခြင်းကို သွားတွေ့ပါသည်။ အတိုက်အခံအနေဖြင့် နိုင်ငံရေး လုပ်နေသူများသည် ယင်းသို့ လုပ်ခဲ့ စဉ်ကတည်းကပင် ကိုယ်ကိုကိုယ် နိုင်ငံ ရေးသမားများအဖြစ် ခံယူကြမည် ဖြစ် သည်။ နိုင်ငံရေးနှင့် ပတ်သက်ပြီး ကိုယ်စီ အိပ်မက်များ ရှိမည်ဖြစ်သည်။  အချို့ အိပ်မက် ကြီးကြီး ဖြစ်ကောင်းဖြစ်မည်။ အချို့ အိပ်မက်သေးသေး ဖြစ်ကောင်း ဖြစ်မည်။

 
မည်သို့ဆိုစေ ကြီးကြီး သေးသေး နိုင်ငံရေး သမားတစ်ဦးသည် နိုင်ငံရေးနှင့် ပတ်သက်သည့် သိသင့်သိထိုက်သည်များ ကို လေ့လာမှတ်သား ပြင်ဆင်ကြရမည် ဖြစ်သည်။ စိတ်ဝင်စားကြရမည် ဖြစ်သည်။  စွမ်းဆောင်ရည်များ ဖြည့်တင်းရန် ကြိုး စားရမည်ဖြစ်သည်။ အိပ်မက် ကြီးကြီး မက်သူများ အနေဖြင့်မူ ပိုပြီး ပြင်ဆင်ရ ဖြည့်ဆည်း ရမည်ဖြစ်သည်။ ဖြစ်နိုင်သည် မဖြစ်နိုင် သည်ကို ဆင်ခြေများဖြင့် မျှော်တွေး တွေ ဝေခြင်းမရှိဘဲ မိမိလုပ်ချင်သည့် အလုပ်၊ မိမိမက်နေသည့် အိပ်မက်အတွက် အချိန် နှင့် အမျှ ပြင်ဆင်နေရမည် ဖြစ်သည်။

 
လက်ရှိ လေ့လာမိသလောက် ထိုသို့ ပြင်ဆင်ခဲ့သည့်ကို မတွေ့ရပေ။
ယင်းသို့ ပြင်ဆင်ခဲ့ခြင်း မရှိသည့် အတွက်လည်း လက်ရှိတွင် စွမ်းဆောင် ရည်အားနည်းကြောင်း ကာယကံရှင် နိုင်ငံရေးသမားများ၏ ထုတ်ဖော် ဝန်ခံ ချက်များကို ဖန်တရာတေ ကြားနေရခြင်း ဖြစ်သည်။ စာမေးပွဲ ဖြေရမည့်အချိန်မှာ စာ ကျက်နေရ၊ မှတ်စုစာအုပ်ရှာနေရ၊ ကျူရှင် တက်နေရသည့် အခြေအနေမျိုး ဖြစ်နေ သည်။ နိုင်ငံရေးသမားတစ်ဦးအဖြစ် ရပ် တည်ရမှုသည် လွယ်ကူသည့် အလုပ် မဟုတ်။
ကိုယ်က မသိနားမလည် မြင်နိုင် စွမ်း မရှိလျှင် ယင်းမသိမှုကို နင်းပြီး ကိုယ် ကိုရုပ်သေးအဖြစ် ကြိုးဆွဲမည့်သူများ တစ်ပုံတစ်ပင်။
ကိုယ်က ဝေးဝေးမြင်နိုင်၊ ကျယ် ကျယ်ပြန့်ပြန့် ဆင်ခြင်တွေးဆနိုင်မှသာ ကိုယ်ကျိုးစီးပွား ကိုယ်စီဖြင့် ကိုယ့်ဆီ ချဉ်းကပ်လာ သူများနှင့် လက်တွဲပြီး လူထုအတွက် အကျိုးများသော အလုပ် များကို လုပ်နိုင်မည်ဖြစ်သည်။

 
မှန်ကန်သည့် ဆုံးဖြတ်ချက်များကို ချနိုင်မည်ဖြစ်သည်။ သို့မဟုတ်က ကိုယ်က ထိုသူများ၏ ကြိုးဆွဲရာကို ကမှန်းမသိ ကနေရတတ် သည်။
စီမံကိန်းများနှင့် ပတ်သက်လာလျှင် ” လုံးဝ လက်ခံသည်”  သို့မဟုတ် ” လုံးဝ လက်မခံဘူး” ဟု ဆုံးဖြတ်ရန်ပင် အင်မ တန် ခက်ခဲသည်။
” လက်ခံသည် ။ သို့သော် . . . .”   ” လက်မခံဘူး။ သို့သော် . . . .” ဟူသည့် ဆုံးဖြတ်ချက်မျိုးချရန်မှာ သာ၍ပင် ခက် ပါသည်။
နိုင်ငံရေးသမားတစ်ဦး ဖြစ်လာ သည့်အခါ ယင်းကဲ့သို့သော အခြေအနေ ၄ ရပ်စလုံးနှင့် ကြုံရမည်ဖြစ်သည်။

 
တချို့ကိစ္စများအား မျက်လုံးစုံ မှိတ် ပြီး  ” လုံးဝ လက်ခံသည်”   ” လုံးဝ လက် မခံဘူး”  ဟု ဆုံးဖြတ်ရမည်ဖြစ်ပြီး အချို့ အခြေအနေများတွင် ” လက်ခံသည်။ သို့သော် . . . .” လက်မခံဘူး။ သို့ သော် . . . .” ဟူသည့် ဆုံးဖြတ် ချက်မျိုး ချရမည်မှာ မြေကြီးလက်ခတ် မလွဲ။
လက်ရှိအခြေအနေ လာမည့် ၂၀၂၀ တွင် ကျင်းပမည့် ရွေးကောက် ပွဲတွင် ဝင်ပြိုင်ကြမည်ဟူသည့် နိုင်ငံရေးသမား များရှိက ယခုအခင်းအကျင်းကို အား မလို အားမရစွာဖြင့် ကြည့်နေကြမည်။ ဝေဖန်ကြမည်။ ထောက်ပြကြမည် ဖြစ် သည်။
သို့သော် ယင်းသို့ အိပ်မက်မက်နေ သူများအနေဖြင့် မမေ့မလျော့ လုပ်ရမည့် အလုပ်တစ်ခုရှိသည်။

 
ယင်းမှာ လက်ရှိ ဖြစ်နေသည်ကို လေးလေးနက်နက် သင်ခန်းစာယူ ကြို တင်ပြင်ဆင်မှု ဖြစ်သည်။
ကိုယ့်အလှည့် ရောက်လျှင် ဟူ သည့်စိတ်ဖြင့် ဝန်ကြီးချုပ် အိပ်မက် မက်လျှင် ဝန်ကြီးချုပ်တစ်ဦး သိသင့် သိထိုက်၊ တတ်သင့် တတ်ထိုက်သည် များကို ပြင်ဆင်ဖြည့်တင်းထားရမည် ဖြစ်သည်။ ဝန်ကြီး အိပ်မက်မက်လျှင်လည်း ထိုနည်းလည်းကောင်း။
လွှတ်တော် ဥက္ကဋ္ဌအိပ်မက် မက် လျှင်လည်း ထိုနည်းလည်းကောင်း။ လွှတ်တော် အမတ်အိပ်မက်မက် လျှင်လည်း ပြင်ဆင်ရ ဖြည့်ဆည်းထား ရမည်သာ ဖြစ်သည်။

 
အခွင့်အရေးသည် မည်သည့်အချိန် တွင် ရောက်လာမည်ဟု မည်သူမှ မသိ နိုင်သည့်အတွက် လက်ရှိ ဖြစ်နေသည် များကို သင်ခန်းစာယူရမည် ဖြစ်သည်။ကိုယ့်ပုခုံးပေါ် တာဝန်မရောက်မီက ဝေဖန်ထောက်ပြခဲ့သည့်များ ကိုယ့် အလှည်ကျမှ ဖြစ်လျှင် ကိုယ်ညံ့လွန်းရာ ကျသည်။

 
ယင်းသို့မဖြစ်ရန် အလေးအနက် ပြင်ဆင်ကြရမည် ဖြစ်သည်။