ဘင်္ဂါလီများပါ မော်တော်ကားတစ်စီး ကော့သောင်းမြို့ အဝင်တွင် တိမ်းမှောက်

0
351

ကော့သောင်းမြို့ မိုင်တိုင် ၁၅ အနီးတွင် ဘင်္ဂါလီများ တင်ဆောင် လာသည့် ပရိုဘောက်အဖြူရောင် ကား တစ်စီး စက်တင်ဘာလ ၃၀ရက် နံနက် က တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။


ရန်ကုန်မြို့မှ ထွက်ခွာလာသည့် ယင်းကားသည် ကော့သောင်းမြို့အဝင် မိုင်တိုင် ၁၅ အရောက်တွင် ယာဉ်မောင်း အိပ်ငိုက်ပြီး လမ်းဘေးဆီအုန်းပင် တိုက်မိရာမှ တိမ်းမှောက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။ကားပေါ်ပါလာသည့် ခရီးသည် ၆ ဦးသည် ကော့သောင်းနယ်စပ်မှ တဆင့် ထိုင်းနိုင်ငံသို့ ခိုးဝင်ရန် ရောက် လာခြင်းဖြစ်သည်ဟု ယာဉ်မောင်း၏ ထွက်ဆိုချက်အရ သိရသည်။

 
ဆီအုန်းပင်အား တိုက်မိသည့် အရှိန်ကြောင့် ကားရှေ့ခေါင်းခြမ်း ပျက်စီး ခဲ့ပြီး ကားပေါ်ပါလာသည့် ကားသမား အပါ ၄ဦး ထိခိုက်ဒဏ်ရာ ရရှိသည့် အတွက် ကော့သောင်း ပြည်သူ့ဆေးရုံ ကြီးတွင် ဆေးကုသမူ ခံယူလျက်သည်။ပွဲစားဆိုသူအပါအဝင် ဘင်္ဂါလီ  ၄ ဦးမှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း အထက်ပါ ရဲစခန်းမှ သိရသည်။ အထက်ပါ ကိစ္စနှင့် ပတ်သက်ပြီး ယာဉ်မောင်း ဇနီးမောင်နှံနှင့် ဘင်္ဂါလီ ၂ ဦးအား စစ်ဆေးလျက်ရှိသည်။