တနင်္သာရီတိုင်းတွင် မြေယာကိစ္စဖြေရှင်းရန် အထူးအဖွဲ့ ဖွဲ့မည်

0
537

တနင်္သာရီတိုင်းအတွင်း မြေယာ ပြဿနာ များပြားသည့်အတွက် ယင်း ကိစ္စကို ဖြေရှင်းရန် အထူးအဖွဲ့ ဖွဲ့သွား မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ဝန်ကြီးချုပ်က ပြောကြားသည်။ထားဝယ်မြို့သို့ စက်တင်ဘာလ ၁၉ ရက်က လာရောက်ခဲ့သည့် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ယင်းကဲ့သို့ အထူးအဖွဲ့ဖွဲ့ပြီး စစ်ဆေးရန် လမ်းညွှန်ခဲ့ ကြောင်း ဝန်ကြီးချုပ်က ပြောသည်။


ယင်းအဖွဲ့ကို လယ်ယာမြေပြဿနာ ကို တတ်ကျွမ်းနားလည်သူများ၊ လွှတ် တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင် ရာ ရပ်^ကျေး ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ပြီး အဖွဲ့ ဖွဲ့စည်း မည့်ကိစ္စအား လာမည့် တိုင်းအစိုးရအဖွဲ့ အစည်းအဝေးတွင် ဆွေးနွေးမည်ဟု သိရ သည်။  ” ကျွန်မတို့က ကျွန်မတို့ဘာသာ စဉ်စားမဆုံးဖြတ်ပါဘူး၊ အားလုံးပဲ အစိုး ရအဖွဲ့က အားလုံးသဘောတူညီချက်နဲ့ပဲ လုပ်တာပါ၊ ဘယ်အလုပ်မျိုးမဆိုပါ ”  ဟု ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။

 
ယင်းအပြင် မှန်ကန်သည့် လယ် ယာမြေနှင့် ပတ်သက်သည့် အချက် အလက်များ၊ ကျန်းမာရေးနှင့် ပတ်သက် သည့် အချက်အလက်များ၊ ကျောင်းနှင့် ပတ်သက်သည့် အချက်အလက်များ စသည့် အချက်အလက်များ ပို့ပေးရန် ဒုသမ္မတက မှာကြားခဲ့သည်ဟု သိရ သည်။ ယင်းကဲ့သို့ အထူးဖွဲ့ ဖွဲ့မည် ဆိုပါက ဝမ်းသာကြိုဆိုရမည်ဖြစ်ပြီး အ ဖွဲ့တွင် ပါဝင်မည့်သူများအပေါ် မူတည် ကာ အကျိုးကျေးဇူး ရရှိမည်ဖြစ်ကြောင်း ထားဝယ်လယ်သမားအရေး ကူညီဆောင် ရွက်ပေးနေသူ ဦးသန်းဝင်းက ပြော သည်။
“ခေါက်ရိုးကျိုးနေတဲ့ သူတွေပါရင် ခေါက်ရိုးကျိုးတဲ့ အနှစ်သာရပဲရမှာ၊ တရားမျှတတဲ့ စိတ်ရင်းစေတနာပါတဲ့ သူတွေပါရင် စေတနာအလိုက် ကောင်း တဲ့အနှစ်သာရ ရလိမ့်မယ်” ဟု ဦးသန်း ဝင်းက ဆိုသည်။

 
ယခင်ရှိပြီးဖြစ်သည့် လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန် လည်စိစစ်ရေး ကော်မတီကိုမူ ဖျက်သိမ်း မည်မဟုတ်ဘဲ မြေယာပြဿနာဖြေရှင်း ရေး အထူးအဖွဲ့ကို သီးခြားဖွဲ့စည်းသွား မည်ဟု ဝန်ကြီးချုပ်က ပြောသည်။
စက်တင်ဘာလ ၁၉ ရက်က ထား ဝယ်သို့ လာရောက်ခဲ့သည့် ဒုသမ္မတ သည် ထားဝယ်သို့ မနက်ပိုင်းတွင် ရောက်ရှိလာပြီး ထားဝယ် အထူးစီးပွား ရေးဇုန်သို့ သွားရောက် ကြည့်ရှု လေ့လာ ခဲ့ပြီး ညနေပိုင်းတွင် ပြန်လည်ထွက်ခွာ သွားကြောင်း သိရသည်။