မြိတ်တွင် နိုင်ငံတကာ ငါးဈေးကွက် ဖော်ဆောင်ရေး သဘောတူညီ ချက်ရ

0
403

မြိတ်မြို့တွင် နိုင်ငံတကာ ငါးဈေး ကွက်တစ်ခု ဖော်ဆောင်ရေးအတွက် ဘုံသဘော တူညီချက်တစ်ခု ရရှိခဲ့ ကြောင်း တနင်္သာရီတိုင်း ငါးလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးလှသန်းထံမှ သိရ သည်။


ယင်းသဘောတူညီချက်ကို စက်တင်ဘာလ ၁၇နှင့် ၁၈ ရက်တို့တွင် နှစ်ရက်ကြာ မြိတ်ကမ်းနားလမ်း ပုလဲ ရတနာ ခန်းမတွင် ပြုလုပ်သည့် ငါး ဈေးကွက် ပြန်လည်ဖော်ဆောင်ရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲမှ ရရှိခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ဘုံသဘော တူညီချက် ရရှိခဲ့သော်လည်း ရေလုပ်ငန်းရှင်များနှင့် လက်ရှိ ငါးလေလံဈေးအကြား အား ပြိုင်မှုများ ရှိနေကြောင်း ဆွေးနွေးပွဲ တက်ရောက်သူ အချို့က ပြောသည်။

 
” ငါးဈေးကွက် ပေါ်ပေါက်ဖို့ အား လုံးလက်ခံကြပေမယ့် ဘယ်လို ပူး ပေါင်းပြီး လုပ်ကြမလဲတော့ မသိရသေး ဘူး” ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ရေလုပ်ငန်းကိုယ်စားလှယ် ဦးလှဝေက ပြောသည်။မြိတ်တွင် ၁၆ နှစ်နီးပါး လုပ်ငန်း ရပ်နားထားရသည့် မြန်မာ အပြည်ပြည် ဆိုင်ရာ ငါးဈေးတွင် လာမည့် အောက် တိုဘာလမှစပြီး ငါးများကို စတင်ဝယ်ယူ သွားရန် စီစဉ်နေကြောင်း ငါးလေလံဈေး မန်နေဂျင်းဒါရိုက်တာ ဒေါ်ဋ္ဌေးဋ္ဌေးဝင်း ထံမှ သိရသည်။

 

” ငါးလေလံဈေးမှာ ငါးဈေးကွက် ဖော်မယ်ဆိုရင် ရှယ်ယာအနေနဲ့ ဘယ် လို ပူးပေါင်းပါဝင်လို့ ရမလဲဆိုတာ ချပြပေးစေချင်ပါတယ်” ဟု တိုင်းငါး လုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလှသန်းက ပြောသည်။လက်ရှိတွင် မြိတ်ဒေသထွက် ငါး ၈၅ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံ ရနောင်း ငါးဈေးကွက်များသို့သာ တင်ပို့ရောင်း ချနေရသည်။ငါးလေလံဈေးတွင် ငါးဈေးကွက် ဖော်ဆောင်နိုင်မည်ဆိုပါက ငါးများ ရောင်းချပေးသွားမည်ဖြစ်ကာ ရှယ်ယာ အနေဖြင့် ပူးပေါင်း ပါဝင်ခွင့်မရပါက လုပ်ငန်းရှင်အများစု ပါဝင်နိုင်သည့် ငါး ဈေးကွက်အသစ်တစ်ခုကိုလည်း ပြုလုပ်ရန် ရည်ရွယ်ထားကြောင်း ဦးလှသန်းက ပြောသည်။
” ဘယ်သူတွေပဲ လုပ်လုပ် ငါးဈေး ကွက်ဖြစ်လာဖို့က အဓိက အရေးကြီး ဆုံးပါပဲ” ဟု မြိတ်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန ဦးစီးမှူး ဦးထွန်းနောင်ဦးက ပြောသည်။နိုင်ငံတကာ ငါးဈေးကွက်ကို ဖော် ဆောင်မှု အောင်မြင်ရန်မှာ ဝန်ဆောင် မှု မည်မျှပေးနိုင်သည် ဟူသည့် အပေါ် မူတည်သည်ဟု ထားဝယ်ခရိုင် ငါးလုပ် ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်သက် က ထောက်ပြသည်။ငါးဈေးတွင် ငါးလာရောင်းသည့် ငါးဖမ်းလှေများ ဆိုက်ကပ်မည့် နေရာ အစ၊ ဝယ်လက်များ ဖိတ်ခေါ်နိုင်မှု အလယ်၊ ဝယ်လက်များ၏ ကိုယ်စား လှယ်များတည်းခိုမည့် နေရာအဆုံး ဝန် ဆောင်မှုကောင်းစွာပေးရန် စီစဉ်ထား မှသာ အဆင်ပြေနိုင်မည်ဟု ဦးကျော်ကျော် သက်က ပြောသည်။
ထို့အပြင် ဘဏ်စနစ် မဖွံ့ဖြိုးမှုနှင့် မောတောင်နယ်စပ် ဂိတ်အား ထိုင်းဘက် မှ တရားဝင် မဖွင့်လှစ်သေးသည့် အခြေ အနေကလည်း မြိတ်တွင် ငါးဈေးကွက် ဖော်ဆောင်မှု အောင်မြင်ရေးအတွက် အဟန့်အတားဖြစ်နေသည်ဟု ၎င်းက ထောက်ပြသည်။
မြန်မာအပြည်ပြည်ဆိုင်ရာ အဆင့် မီ ငါးဈေးကို ၂၀၀၁ ခုနှစ်တွင် စတင် လည်ပတ်ခဲ့ပြီးနောက် ထိုင်း-မြန်မာ နယ်စပ် ပြဿနာများကြောင့် ရပ်နားခဲ့ ရသည်။

 
၂၀၀၄ ခုနှစ်တွင် ပြန်လည် ဖွင့်လှစ်ခဲ့သော်လည်း ရေထွက် ပစ္စည်း များ ရောက်မလာခြင်းနှင့် အကြောင်း ကြောင်းကြောင့် အောင်မြင်မှု မရခဲ့ ကြောင်း ယင်းငါးဈေးမှ သိရသည်။ယင်းငါးလေလံဈေးအားMyan-mar Fisheries International Joint-Venture Limited (MFIJV Ltd.)   က အကောင်အထည်ဖော်နေပြီး Setraco Marine Investments Pte Ltd ကုမ္ပဏီက ၇၀ ရာနိုင်နှုန်းနှင့် ငါးလုပ်ငန်း ဦးစီးဌာနမှ ၃၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံ ထားသည်ဟု ကုမ္ပဏီ၏ဝက်ဘ်ဆိုက် တွင် ဖော်ပြသည်။