ကော့သောင်း မင်္ဂလာဈေး ပြန်ဆောက်မည်

0
406

အငြင်းပွားနေသည့် မြေယာပိုင်ဆိုင် မှုကိစ္စ ပြေလည်သွားပြီဖြစ်သည့်အတွက် မင်္ဂလာဈေးကို အမြန်ဆုံးအကောင် အထည် ဖော်သွားမည်ဟု ကော့သောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှု ဆောင်အရာရှိက ပြောသည်။


အဆိုပါဈေးအား ပြီးခဲ့သည့် မေလ က တိုင်းဝန်ကြီးချုပ် ကိုယ်တိုင်လာ ရောက်ကြည့်ရှုခဲ့ပြီး မြေပိုင်ဆိုင်မှု အငြင်း ပွားနေသည့် အခြေအနေအား အမြန်ဆုံး ပြေလည်အောင်ဖြေရှင်းပြီး အသစ် ဆောက်လုပ်ရန် ညွှန်ကြားခဲ့သည်။
ညှိနှိုင်းမှုအရ ကာယကံရှင် မိသားစု များအား အိမ်မြေနေရာ အစားထိုးပေး မည်ဟု ဈေးဧရိယာနှင့် မြေယာအငြင်းပွား ခဲ့သည် အိမ်ရှင်၏သားဖြစ်သူက ပြောသည်။
“ေ ဈးသူဈေးသားတွေရဲ့ လိုအပ် ချက်ကို အရင် ဆွေးနွေးပြီး၊ သက်သာ တဲ့ဈေးနှူန်းတွေနဲ့ လိုသလောက်ဆိုင် ခန်းတွေပဲ အရင်စဆောက်ပြီး အကောင် ထည်ဖော်ဖို့ ရည်ရွယ်ထားတယ်” ဟု မင်္ဂလာဈေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင် က ဆိုသည်။
မင်္ဂလာဈေးဧရိယာသည် လက်ရှိ တွင် အရှေ့မျက်နှာစာအလျား ၁၆၇ ပေ၊ အနောက်ဘက်အလျား ၁၆၁ ပေ၊ နှင့်အနံ ၁၀၃ပေရှိကြောင်း ဈေးကော်မတီ ထံမှ သိရသည်။