DDPC ဈေးဝယ်စင်တာ လာမည့်လတွင် ဖွင့်မည်

0
416

ထားဝယ်အများပိုင် ကုမ္ပဏီ (DDPC)က တည်ဆောက်ထားသည့် ဈေးဝယ်စင်တာအား လာမည့် အောက်တိုဘာလ ၉ ရက်တွင် စတင် ဖွင့် လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း DDPC ကုမ္ပဏီထံမှ သိရသည်။


ထားဝယ်မြို့ ကမြောကင်းတံတား အနီးရှိ ယင်းဈေးဝယ်စင်တာ အောက် ထပ်တွင် ဆိုင်ခန်း ၃၄ ခန်းရှိပြီး ဖက်ရှင် နှင့် ပတ်သက်သည့် ပစ္စည်းအရောင်း ဆိုင်များ၊ ဖိနပ်ဆိုင်များ၊ ရွှေဆိုင်၊ အိတ် မျိုးစုံဆိုင်အစသဖြင့် ဆိုင်ခန်းများ ပါဝင် ကြောင်း DDPC ကုမ္ပဏီ တာဝန်ရှိသူက ပြောသည်။
အပေါ်ထပ်တွင်လည်း ဆိုင်ခန်း ၃၄ ခန်းရှိကာ လက်စသတ်နေဆဲ ဖြစ် သည်။ DDPC ဈေးဝယ်စင်တာ ဖွင့်လှစ် မည်ဆိုပါက ထားဝယ်မြို့တွင် အလှသစ် ဈေးဝယ်စင်တာနှင့် DDPC ဈေးဝယ်စင် တာဟူ၍ ဈေးဝယ်စင်တာနှစ်ခု ရှိလာ မည်ဖြစ်သည်။