နွား ကြွက်ခုပ်သောအခါ

0
494

ဆရာအော်ပီကျယ်ရဲ့ ကာတွန်း လက်ရာကောင်းတစ်ခုကို  facebook ပေါ် တင်ထားတာ တွေ့ရပါတယ်။ ဆရာ့ ရဲ့ လက်ရာတွေထဲက အချို့သော ကာတွန်းလက်ရာတွေကို အဓိပ္ပာယ်ပေါက် အောင် အတော်ကို စဉ်းစားရပါတယ်။ ဆရာ့ရဲ့ကာတွန်းတွေဟာ အဆင့်မြင့် သလို နက်နဲတဲ့အတွေးအခေါ်တွေကိုလည်း ပေးပါတယ်။

ဆရာ့ရဲ့ကာတွန်းတွေထဲကတစ်ခုဖြစ်တဲ့ နွားကြွက်ခုပ်တဲ့ ကာတွန်း ကို ကြားဖူးသိဖူးပြီး ဖြစ်ကြမှာပါ။ ၁၉၈၈ မတိုင်ခင် မဆလခေတ်က ပေဖူးလွှာ မဂ္ဂဇင်းမှာ ဆင်ဆာလွတ်ပြီး ဖော်ပြခွင့် ရခဲ့တယ်လို့ ဆရာပြောထားတာ တွေ့ရ ပါတယ်။ မဆလခေတ်မှာ အစိုးရအဖွဲ့ တာဝန်ယူထားတဲ့လူတွေဟာ ကိုယ့် အလုပ်ကိုယ် မလုပ်ကြလို့ ဒီကာတွန်းကို ရေးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီကာ တွန်းကို ရေးဖြစ်ဖို့အတွက် တစ်လကျော် ကျော်လောက် အချိန်ယူ စဉ်းစားခဲ့ရတယ် လို့ ဆရာက ပြောပါတယ်။

 
ကာတွန်းရဲ့ ပထမအကွက်မှာ ဦး လေးကြီးတစ်ယောက်က သူ့နွားကြီးကို တိရစ္ဆာန်ဆရာဝန်ဆီမှာ လာပြပါတယ်။ ” ကျွန်တော့နွားကြီး လက်ကျိုးသွားလို့ပါ ဆရာ” လို့ပြောပါတယ်။ ဆရာဝန်က  ” ဘာဖြစ်လို့ ကျိုးတာလဲ ”  ဆိုပြီး ပြန်မေး လိုက်ပါတယ်။ ဦးလေးကြီး ” ဒီကောင်က ကျပ်ခိုးစင်ပေါ်တက်ပြီး ကြွက်လိုက်ခုပ် တယ်လေ” ။ ဆရာဝန် ” ဘာ. . နွားက နွား အလုပ်မလုပ်ဘဲ ကြောင်အလုပ် လုပ်တော့ လက်ကျိုးတာတောင် နည်း သေး” ။ ဆရာဝန် ” မနက်ဖန်ကျမှ လာပြ ကြ အခု မအားသေးဘူး” ။ ဆရာဝန် နောက်ဆုံး ပြောလိုက်တာက ” ကျုပ် တံတားသစ်ဖွင့်ပွဲ သွားလိုက်ဦးမယ်” တဲ့။ အဲဒီမှာ ဦးလေးကြီးလည်း” တိန် ”  ခနဲ ဖြစ်ပြီး ကျန်ခဲ့တော့တာပေါ့။

cow_and_rap
ကျွန်တော့် အသက်အရွယ်အရ မဆလခေတ်ကို သိပ်မမီလိုက်ပေမယ့် စစ်အစိုးရခေတ်ကိုတော့ ကောင်းကောင်း ကြီးကို မီလိုက်ပါတယ်။ မဆလခေတ်က ကိုယ့်အလုပ် ကိုယ်မလုပ်ကြဘူးလို့ ဆရာ အော်ပီကျယ် ပြောလို့ သိရပါတယ်။ စစ် အစိုးရခေတ်မှာရော ကိုယ့်အလုပ်ကိုယ်လုပ်ကြလားဆိုတော့ အဖြေက ဩ ဆို တာ အားလုံးအသိပါ။ နိုင်ငံတော် အုပ် ချုပ်ရေးအာဏာကို စစ်တပ်က သိမ်း လိုက်တယ်ဆိုတော့ အားလုံး ကမောက် ကမ ဖြစ်ကုန်တော့တာပေါ့။ ကိုယ်  မကျွမ်းကျင်တဲ့ နယ်ပယ်မှာ “ရေဘူးပေါက် တာ မလိုချင် ရေပါတာကို ပဲလိုချင် တယ် ” ဆိုတဲ့ ဗျူဟာကို ကိုင်စွဲပြီးတော့ အုပ်ချုပ်လိုက်တော့ ဘယ်နေရာကိုပဲ ကြည့် ကြည့် အဆိုးဘက်မှာဆို မြန်မာက ထိပ်နားကကို မဆင်းတော့ပါဘူး။
ပညာရှင်တွေရဲ့စကားကို မျက် ကွယ်ပြုပြီးတော့ ငါသိငါတတ်၊ ငါလုပ်တာ မှ အမှန်ဆိုတဲ့ မူဝါဒကိုကိုင်စွဲ ခေါင်း မာပြီးတော့ လုပ်ခဲ့တဲ့အကျိုး အပြစ်တွေကို အခုပုဂံငလျင်က ဖော်ထုတ်ပြလိုက်ပြီပဲ မဟုတ်လား။ ဒါပေမယ့်လည်း အဲဒီတုန်း က ဦးဆောင်တာဝန်ယူခဲ့တဲ့ သူတွေ အနေနဲ့ မိမိတို့ရဲ့လုပ်ရပ်ဟာ အမှားဘက် ကို ဦးတည်သွားခဲ့တယ်ဆိုတာကို အခု ထိလက်ခံချင်ပုံ မရသေးပါဘူး။ မိမိ ကိုယ်ကို မိမိအထင်ကြီးတဲ့ စိတ်ကတော့ သေရာပါပဲ ထင်ပါတယ်။ အမှန်ကိုအမှန် အတိုင်း အရှိကိုအရှိတိုင်း လက်ခံဖို့ဟာ သိပ်ကိုအရေးကြီးပါတယ်။ ဒါတွေကို နောက်လူတွေအနေနဲ့ သင်ခန်း စာယူဖို့ ဆင်ခြင်နိုင်ဖို့ လိုပါမယ်။
ယခုအချိန်ထိ မိုးကျရွှေကိုယ်တွေ ဟာ နေရာတကာမှာ နေရာယူချင်နေကြ တုန်းပဲ ဖြစ်ပါတယ်။ ဌာနဆိုင်ရာတွေ မှာ အသာထား လွှတ်တော်ထဲက အစိတ် သားကိုပဲကြည့်ပါ။ ရွေးကောက်ခံမဟုတ် ဘဲနဲ့ လွှတ်တော်ထဲမှာ ဝင်ရောက်နေရာ ယူထားတာဟာ ဒီမိုကရေစီစနစ်နဲ့ ကိုက် ညီမှုမရှိဘူးဆိုတာ အားလုံးအသိပါ။ လက်ရှိအနေအထားအရ ကြည့်ရင် ပြည်သူတွေအတွက် တကယ်အလုပ်လုပ် ပေးမယ့် ကိုယ်စားလှယ် ၂၅ရာခိုင်နှုန်း ဆုံးရှုံးနစ်နာနေရသလို ခံစားရပါတယ်။ အဲဒီ၂၅ရာခိုင်နှုန်းသော ကိုယ်စားလှယ် နေရာတွေကို ပြည်သူ့အကျိုးကို အမှန် တကယ် ဆောင်ရွက်ပေးနိုင်မယ့် ရွေး  ကောက်ခံ ပြည်သူ့ကိုယ်စားလှယ်တွေ လက်ထဲကို အမြန်ဆုံး ပြန်လည်ရောက်ရှိ စေချင်ပါတယ်။ ဒါမှလည်း ကိုယ့်အလုပ် ကို ကိုယ်လုပ်နိုင်ကြမယ် မဟုတ်လား။

 
ကျွန်တော်တို့ဆီမှာ ကိုယ့်အလုပ် ကိုယ်မလုပ်ကြတာ အစဉ်အလာလို ဖြစ် နေပါပြီ။ ဥပမာ ဘုန်းကြီးက လူအလုပ် ကိုလုပ်၊ လူကလည်း ဘုန်းကြီးအလုပ်ကို လုပ်နေကြတာ မြင်တွေ့ကြရမှာပါ။ ဘုန်း ကြီးက လူအလုပ် လုပ်တယ်ဆိုတာ ကိုယ် တိုင်မော်တော်ယာဉ်တွေ မောင်းနှင်ကြ တာ၊ ချဲထိုးတာ၊ ဘောလုံးပွဲလောင်းတာ၊ ငွေတိုး ချေးတာ စတာတွေကို ဆိုလိုတာ ပါ။ လူကဘုန်းကြီးအလုပ်ကို လုပ်တယ် ဆိုတာ ဘုန်းကြီးအတု၊ သံဃာအတုတွေ ကို ဆိုလိုတာပါ။ ဘုန်းကြီးအယောင် ဆောင်ပြီး လိုက်လံအလှူခံနေကြတာကို ပြောလိုတာပါ။

 

 

တခြားအကြောင်းတွေ မပြောရဲပါဘူး။ မျိုးညစ်တွေ ဘာတွေ အပြောခံရမှာကို စိုးရိမ်လို့ပါ။
ကိုယ်ကျွမ်းကျင်တဲ့အလုပ်မဟုတ်တာကို လုပ်မိလို့ သိက္ခာကျစရာတွေနဲ့ ကြုံခဲ့ကြရတာ အားလုံးအသိပါ။ ဥပမာ ရေသန့်ကို ပိုသန့်သွားအောင် ဏံ၇ ထက် ကျော်အောင်လုပ်ဖို့ ညွှန်ကြားတာမျိုးဟာ ပညာရှင်တွေအကြားမှာ ဟားစရာဖြစ်ခဲ့ ရပါတယ်။ တခြားသော အလွဲပေါင်းများ စွာလည်း ရှိခဲ့တယ်ဆိုတာ အားလုံး အသိပါ။ ပညာရှင်တွေအနေနဲ့ တင်ပြ ပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေမရဘဲ ပစ်ပယ်ခံ ထားခဲ့ကြရလို့ ကိုယ့်အလုပ်ကိုယ် မလုပ် ခဲ့ကြရလို့ အားလုံးဟာ ချွတ်ယွင်းချက် တွေပဲများနေခဲ့လို့ လက်ရှိအစိုးရ လက် ထက်မှာ တိုးတက်ရေးထက် ပြင်ဆင်ရေး တွေကိုပဲ အဓိကဦးစားပေး လုပ်နေကြရ တာ အားလုံးအသိပါ။ ဒါကြောင့် ယခု လက်ရှိတာဝန်ယူနေတဲ့ တာဝန်ရှိသူ များအနေနဲ့ အလားတူ ဖြစ်ရပ်မျိုးတွေ ထပ်မဖြစ်ဖို့ ဆင်ခြင်ကြရမှာပါ။

 
လက်ရှိအစိုးရအဖွဲ့ကို အကြံပြု လိုတာကတော့ မိမိတို့ဟာ နိုင်ငံရေးအခြေ အနေအရ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး လွှတ်တော်အမတ်အဆင့်ကနေ ဝန်ကြီး၊ ဝန်ကြီးချုပ်အဆင့် စသဖြင့်ရာထူး အဆင့် အသီးသီးကို ရရှိနေကြပါတယ်။ ယခုရရှိ နေတဲ့ နေရာဟာ တည်မြဲမှုမရှိနိုင်သလို၊ ရာထူးဆိုတာကလည်း အလုပ်တာဝန်သာ ဖြစ်တယ်ဆိုတာ သိဖို့လိုပါတယ်။ မိမိ ရထားတဲ့ ရာထူးတာဝန်အတွက် တာဝန် ကျေဖို့လိုအပ်သလို၊ လွဲမှားတဲ့ဆုံးဖြတ် ချက်တွေ၊ မူဝါဒတွေမချမိဖို့လည်း အရေး ကြီးပါတယ်။ ဆုံးဖြတ်ချက်တွေ၊ မူဝါဒ တွေမမှားဖို့ဆိုရင် သက်ဆိုင်ရာနယ်ပယ် အသီးသီးက ပညာရှင်တွေရဲ့ အကြံပြုချက် တွေကို လက်ခံရယူဖို့လိုပါမယ်။ ပညာ ရှင်လို့ ဆိုတဲ့နေရာမှာလည်း သက်ဆိုင် ရာ နယ်ပယ်က လက်ခံထားတဲ့သူတွေကို ဆိုလိုတာပါ။

 

ပညာရှင်တွေရဲ့ အကြံပြု ချက်တွေကို မျက်ကွယ်ပြုပြီး မိမိကိုယ် ကိုမိမိ အထင်ကြီးတဲ့စိတ်နဲ့ မိမိရဲ့ဆန္ဒကို ရှေ့တန်းတင်ဆုံးဖြတ် ကြမယ်ဆိုရင် နွား ကြွက်ခုပ်သလို ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့လည်း ကြွက်ခုပ်တဲ့ နွားတွေကို မလိုချင်တော့ပါ ဘူးဆိုတာ အသိပေး အကြံပြုလိုက်ရပါတယ်။