ဘာသာပေါင်းစုံ သင်္ချိုင်းမြေအတွက် နစ်နာကြေးပေး

0
436

ဘာသာပေါင်းစုံ သင်္ချိုင်းအဖြစ် အသုံးပြုရန် သိမ်းဆည်းထားသည့် မြေ ဧက ၃၀ ကျော်အတွက် စက်တင်ဘာလ ၁၁ ရက်တွင် တောင်သူများအား နစ်နာ ကြေးပေးခဲ့သည်။ယင်းမြေဧက ၃၆.၉၇ ဧကကို မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၀၄ ခုနှစ်တွင် သိမ်းဆည်းခဲ့ပြီး တောင်သူများကို မြေယာအစား ချပေး ခြင်းနှင့် မြေသိမ်းဥပဒေနဲ့ အညီ သိမ်း ဆည်းခဲ့ခြင်း မရှိသောကြောင့် တောင်သူ များမှ အစိုးရအဆက်ဆက်မှာ နစ်နာ ကြေး လျော်ကြေးအဖြစ် တောင်းဆိုခဲ့ ကြောင်း ကလွင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးငယ်က ရှင်းပြသည်။


” အခုလည်း တောင်သူတွေက ပြန် လည်တောင်းဆိုနေတော့ ကျွန်တော်တို့ အစိုးရအဖွဲ့မှာက လက်ရှိ အနေအထား အရ ဘတ်ဂျက်ငွေ အခက်ခဲရှိနေတော့ မပေးပေးနိုင်သေးတာကြောင့် ဝန်ကြီး ချုပ်ရဲ့ လမ်းညွန်းချက်အရ နစ်နာနေတဲ့ တောင်သူတွေကို စိတ်ကျေနပ်မှုရအောင် လို့ မြိတ်အများပိုင်ကို အကူအညီတောင်း ပြီးတော့ လျော်ကြေးအနေနဲ့ မဟုတ်ဘဲ ကရုဏာ ကြေးအဖြစ် ပေးအပ်တာပါ” ဟု စီမံ/ဘဏ္ဍာ ရေးဝန်ကြီး ဦးဖြိုးဝင်း ထွန်းက ပြောကြားသည်။
တစ်ဧကလျှင် ကျပ် ၂၅ သိန်းနှုန်း ဖြင့် စုစုပေါင်း ငွေကျပ် ၉၂၅ သိန်းကို ပေးအပ်ခဲ့ကြောင်း အုပ်ချုပ်ရေးမှူး                ဦးစိုးငယ်က ရှင်းပြသည်။

 
” သိမ်းလိုက်ပြီးနောက် နေစရာမရှိ တော့ပဲ အခက်အခဲအမျိုးမျိုးတွေနဲ့ ကြုံ ခဲ့ရတာတွေ အများကြီးပါ၊ အဲ့ဒါနဲ့ အဒေါ်တို့က မရရ အောင်ဆိုပြီး တောင်း ဆိုခဲ့တာ လျော်ကြေးအနေနဲ့ မဟုတ်ဘဲ ကရုဏာကြေးအဖြစ် ပြန်ရတာကိုပဲ ကျေးဇူးတင်မိပါတယ် ” ဟု တစ်ဧကခန့် သိမ်းဆည်းခံခဲ့ရသည့် တောင်သူ ဒေါ် ဌေးရှင်က ပြောသည်။သိမ်းဆည်းခံတောင်သူများ၏ ကရုဏာနစ်နာကြေးကို မြိတ်အများပိုင် ကော်ပရေးရှင်မှ ငွေကျပ် ၉၂၅ သိန်းကို စက်တင်ဘာလ ၁၁ ရက်၊ နေ့လယ် ၂ နာရီအချိန်တွင် ဌာနဆိုင်ရာအဖွဲ့စည်းပေါင်းစုံဖြင့် မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ ချုပ်ရုံးတွင် ပေးအပ်ခဲ့သည်။