ငါးလတာ ရေထွက်ပစ္စည်း တင်ပို့မှု မနှစ်ကထက်များ

0
412

၂၀၁၆ -၂၀၁၇ ခုနှစ် စာရင်းအရ ဧပြီလမှ ဩဂုတ်လအထိ ငါးလအတွင်း ရေထွက်ကုန်ပစ္စည်းတင်ပို့မှု ယမန်နှစ် ကထက် များလာကြောင်း တနင်္သာရီတိုင်းငါးလုပ်ငန်းဦးစီးဌာနထံမှ သိရ သည်။


၂၀၁၅-၂၀၁၆ ယခုနှစ် ငါးလအတွင်း တနင်္သာရီတိုင်းဒေသ၏ ရေထွက်ကုန် ပစ္စည်း ကုန်တန်ချိန်ပေါင်း ၅၂၁၁၀.၁၆၃ မက်ထရစ်တန် တင်ပို့ခဲ့သည်။၂၀၁၆-၂၁၁၇ ခုနှစ် ငါးလတာ တင်ပို့မှုမှာ ကုန်တန်ချိန်ပေါင်း ၆၂၇၂၇.၇၆  မက်ထရစ်တန် ဖြစ်ကြောင်း တနင်္သာရီ တိုင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိ သူက ပြောသည်။

fish_factory
“ကော့သောင်းကတော့ ထိုင်းကို တိုက်ရိုက်တင်ပို့ပြီး မြိတ်နဲ့ ထားဝယ် ကတော့ တိုက်ရိုက်တင်ပို့တာတွေ ရှိ သလို ရန်ကုန်ကတစ်ဆင့် တင်ပို့တာတွေ လည်း ရှိတယ်”  ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။

 

တနင်္သာရီတိုင်းဒေသကြီးရှိ ရေ ထွက်ကုန်ပစ္စည်းများအား ထိုင်းနိုင်ငံသို့ အဓိကတင်ပို့ကြပြီးတနင်္သာရီတိုင်းမှ တိုက်ရိုက်သော် လည်းကောင်း ရန်ကုန်မှ တစ်ဆင့် သော်လည်ကောင်း နိုင်ငံခြား သို့ တင်ပို့ကြကြောင်း ၎င်းတာဝန်ရှိသူ ကပြောသည်။