ကင်ဆာသတိပေးချက်ပုံပါ ဆေးလိပ်ဗူးများ ထားဝယ်ဈေးကွက် စရောက်

0
533

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေအရ အသစ် ထုတ်လုပ်လိုက်သည့် ကျန်းမာရေး သတိပေးချက်ပါ ဆေးလိပ် ဗူးပုံစံသစ်များ ထားဝယ်ဈေးကွက် စဝင် လာပြီဖြစ်သည်။


ကင်ဆာသတိပေးချက်ပါ ဆေး လိပ်ဗူးအသစ်များ ပြီးခဲ့သည့် လေးရက် က ထားဝယ်ဈေးကွက်အတွင်း ဝင် ရောက်လာကြောင်း ထားဝယ်မြို့ပေါ်ရှိ စတိုးဆိုင် အရောင်း တာဝန်ခံတစ်ဦးက ပြောသည်။ထုတ်ပိုးပုံစံသစ်ကြောင့် ကြောက် ရွံ့ကာ ဆေးလိပ်သောက်သုံးသူများ လျော့ကျသွားနိုင်ကြောင်း ဆေးလိပ် သောက်သူများက ခန့်မှန်းသည်။
” ပုံကိုကြည့်ပြီး ဆေးလိပ်သောက် ရမှာတောင် ကြောက်လာတယ်လို့ လာ ဝယ်ရင်း ပြောသွားတာတွေရှိတယ်”  ဟု အထက်ပါ အရောင်းတာဝန်ခံက ဆိုသည်။
အသစ်ထုတ်လုပ်လိုက်သည့် ဆေး လိပ်ဗူးများတွင် ပုံနှိပ်ဖော်ပြထားသော ပါးစပ်ကင်ဆာဖြစ်ပွားနေသည့် ပုံရိပ် များကိုမြင်ကာ ဆေးလိပ်သောက်ရ            မည်ကိုပင် စိတ်မလုံဖြစ်ခဲ့ရကြောင်း ထားဝယ်မြို့မှ ကိုဇော်လင်းထိုက်က ပြော သည်။
” ကင်ဆာဖြစ်တဲ့ပုံပါတဲ့ ဆေးလိပ် ဗူးနဲ့ မပါတဲ့ ဆေးလိပ်ဗူးကို သောက်ရ တာ စိတ်ခံစားချက်ခြင်း မတူတော့ ဘူး” ဟု ၎င်းက ဆိုသည်။
သို့သော် ဆေးလိပ်အား စွဲလန်းစွာ သောက်သုံးနေသူများအတွက်မူ ထူးထူး ခြားခြားပြောင်းလဲသွားမည် မဟုတ် ကြောင်း ထားဝယ်မြို့မှ ကိုသိုက်ထွန်းက ပြောသည်။”ဆေးလိပ်ဆိုတာက စွဲလန်းတတ် တဲ့အရာဆိုတော့ စိတ်ထဲက ကြောက် နေပေမယ့် လျော့သောက်ဖြစ်မှာ မဟုတ် ဘူး”  ဟု ကိုသိုက်ထွန်းက ဆိုသည်။
သို့ရာတွင် ဆေးလိပ်စသောက် သည့် လူငယ်များမှာမူ ကင်ဆာဖြစ်ပွား သည့် ပုံကိုကြည့်ကာ ကြောက်ရွံ့သွားနိုင် သည်ဟု ၎င်းက ပြောသည်။ဆေးလိပ်အား သောက်သုံးသည့် ပမာဏအပေါ် မူတည်ကာ ကင်ဆာ ဖြစ်နိုင်ချေ အနည်းအများ ကွာခြားသွား ပြီး မျိုးရိုးထဲတွင် ကင်ဆာရောဂါဖြစ် သူရှိပါကဖြစ်နိုင်ချေများကြောင်း ဒေါက် တာ ဟိန်းမင်းထက်အောင်က ဆိုသည်။
“သောက်တိုင်းဖြစ်တာ မဟုတ်ပေ မယ့် သောက်တဲ့ပုံစံ ခန္ဓာကိုယ်ဖွဲ့စည်းပုံ စတဲ့အချက်တွေအပေါ် မူတည်တယ်” ဟု ၎င်းက ပြောသည်။
ယင်းကဲ့သို့ သတိပေးပုံထည့်လိုက် ခြင်းကြောင့် ဆေးလိပ်သောက်သူမှ အကြိမ်ကြိမ်ပြန် စဉ်းစားမည်ဖြစ်ကာ ဆေးလိပ်သောက်ချင်စိတ် လျော့ကျသွား အောင်ထည့်ထားခြင်း ဖြစ်ကြောင်း ဒေါက်တာ ဟိန်းမင်းထက်အောင်က ဆိုသည်။
ဆေးလိပ်နှင့် ကွမ်းစားဆေးဘူး များတွင် သတ်မှတ်ထားသည့် ကျန်းမာ ရေး သတိပေးစာ၊ ဓာတ်ပုံများ ထည့် သွင်းဖော်ပြရမည့် ဥပဒေမှာ ၂၀၁၆ ခု နှစ် စက်တင်ဘာလ ၁ ရက်တွင် စတင် အသက်ဝင်သော်လည်း အဆင်သင့် မဖြစ်သေးသည့်အတွက် ၆ လ ဆိုင်းငံ့ ကာ ၂၀၁၇ ခုနှစ် မတ်လ ၁ ရက်တွင် စတင် အရေးယူသွားမည်ဟု သိရသည်။ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ ကို ၂၀၀၆ ခုနှစ် မေလ ၄ ရက်က ပြဋ္ဌာန်း ခဲ့ပြီး ဆေးလိပ်ဗူးတွင် သတိပေးရုပ်ပုံ နှင့် စာသားများ ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာ ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်တွင် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။