အမေစုကို မေးပေးပါ၊

0
489

ထားဝယ်ဒေသ ဖွံ့ဖြိုးရေးဆွေးနွေးပွဲ မနက်ပိုင်းတုန်းက ကြားခဲ့ရတဲ့စကား တွေအတွက် အားတက်မိတယ်။ ကျေနပ် လွန်းလို့ နံဘေးက လုပ်ဖော်ကိုင်ဘက်တွေ ကိုတောင် ထုတ်ပြောမိတဲ့အထိ ပီတီဖြစ်ခဲ့ ရတယ်။


ဘယ်သူတွေ ဘာပဲပြောပြော.(အမေ လူရွေး..မမှားဘူး..လို့)။ဒီလိုနဲ့ အသီးသီးအသကနေရာတွေ ခွဲပြောကြဆိုကြ အတွေ့အကြုံလေးလည်း ဖောက်သည်ချလိုပါသဗျ။ဆွေးနွေးပွဲ ခေါင်းစဉ်များအောက်မှာ ဆွေးနွေးကြသူတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်၊ အမြင် မတူတာတူတာ အသာထား ပြော ကြဆိုကြ ငြင်းကြခုန်ကြ။ ဒီလိုပဲ အလုပ် ရုံဆွေးနွေးပွဲ သွားတက်ပါတယ်ဆိုမှ ကွက် စိပ်ဆရာတွေ၊ ဩဝါဒကထာတွေ၊ ဇာတ် ကြောင်း ပြန်ပြောသူတွေ၊ ကိုယ့်လုပ်ငန်း ကြော်ငြာသူတွေ၊ လုလုပြီး စကားနောက် ယောင်ခံ လိုက်ပြောသူတွေကလည်း တစ်ပုံတစ်ပင်။

 
ပြောကြဆိုကြရင်း ” ကျွန်တော် ကျွန်မ တို့က နိုင်ငံရေးသမားသန့်သန့်” လို့ ပြော လိုက်တော့မှ၊ ဘယ်လိုကြီးလဲ စိတ်ထဲ ဇဝေဇဝါ တွေးမိတယ်။ နိုင်ငံရေးဆိုတာ မွေးကတည်းကနေ သေတဲ့အထိ လှုပ်ရှား ရှင်သန်နေတာကို ဆိုလိုတယ်။ မိမိတို့ တာဝန်ယူကြရာ ကဏ္ဍအသီးသီးကို ကျွမ်းကျင်ပိုင်နိုင် စွာသိရှိမှု နားလည်မှု ရှိခြင်း၊ တစ်နည်း နိုင်ငံ့ရေးရာ ပြည်သူ့ ရေးရာ ကိစ္စများကို ကျွမ်းကျင်ခြင်းသည် လည်း နိုင်ငံရေးပါပဲ။

please_ask_amaysu
ဒါကို သဘောမပေါက်ဘဲ လူကြား ထဲ တိုက်ပုံနိုင်ငံရေးသမား    ဖြစ်မှန်ုးမသိ ဖြစ်နေတယ်လို့ သူတစ်ပါး အထင်ရောက် စေတဲ့ ရှက်စရာ ကောင်းတဲ့ ဒီစကားကို အုပ်စုလိုက်ကို ခံယူပြောဆိုနေကြသ  လားလို့လဲ အတွေးရောက်တယ်။  အရင်က နိုင်ငံရေးလူမှုရေးကိစ္စများ မှာ ဘယ်လိုပဲ ပါဝင်ဆောင်ရွက်ခဲ့သည်ဖြစ် ဖြစ်၊ အခုတာဝန်ရလာလို့ နားမလည် တာတွေ မသိတာတွေ မတတ်တာတွေကို နဖူးတွေ့ ဒူးတွေ့ ကြုံလာရတဲ့အခါ လူ ကြားထဲ မိုက်ကိုင်ပြီး ကျွန်မတို့ကျွန်တော် တို့က နိုင်ငံရေးသမား သန့်သန့်၊ မို့လို့ နားမလည်ပါ၊ မသိပါ၊ မတတ်ပါလို့ ပြောရတာကို အဟုတ်မှတ်နေအောင် ဘယ်နိုင်ငံရေးသမား ညစ်ညစ် ပတ်ပတ်၊ ရှုပ်ရှုပ်ယှက်ယှက် လူတွေက ရည်ရွယ် ချက်ရှိရှိနဲ့ ဒီစကားလုံးကို ပါးစပ်ထဲ ထည့်ပေး လိုက်ပါလိမ့်။
မဟုတ်ရင်လည်း အမေစုကိုတွေ့ရင် တိုးတိုးလေးအနားကပ်ပြီး မေးကြည့် ခဲ့ကြပါ။

 

သားတို့ သမီးတို့ကအရင် အရပ် ထဲမှကိုယ့်စီးပွားကိုယ့်အိမ် အလုပ်တစ် ဖက်နဲ့ နိုင်ငံရေးလုပ်ကြကိုင်ကြရင်း အခု ရွေးကောက်ပွဲမှာ အမေ့ပါတီဂုဏ်ရှိန် ကြောင့် အပြတ်အသတ်အနိုင်ရကာ တာဝန်ကြီးယူရသူ လူကြီးတွေဖြစ်လာ တာမို့ သားတို့သမီးတို့ရဲ့ နိုင်ငံရေးက သန့်ရှင်းလွန်းလို့၊ နိုင်ငံရေးသမား သန့် သန့်၊ မရှုပ်မယှက်တွေမို့ ဒီလို ပြည်သူ့ ရေးရာကိစ္စတွေကို မသိတာနားမလည် တာပါလို့ လူကြားထဲမှာ ပြောတာမှန်ရဲ့ လား အမေလို့၊ မေးခဲ့ပါ။

 
နိုင်ငံရေးဆိုတာ မနက်အိပ်ရာက ထလို့ သွားတိုက်ဆေးဗူး(တရုတ်လုပ် မြန်မာတံဆိပ်ကပ်)ကိုင်တာကနေ အိပ်ရာ ဝင်ဖို့ ခြင်ထောင် ထောင်ရတာကအဆုံး တစ်နေ့တာမှာ အကုန်အကျုံးဝင်နေပါ တယ်။ ပြောရင် အရှည်ကြီးပါ။ မွေးက တည်းကနေသေတဲ့အထိ နိုင်ငံရေးပါ။ ပြည်သူတွေ အားလုံးဟာ နိုင်ငံရေး ဖြစ် စဉ်ထဲမှာပါဝင်နေတဲ့ နိုင်ငံရေးသမား တွေပါ။
လူကြားထဲမှာ နိုင်ငံရေးသမား သန့်သန့်ဆိုတဲ့စကား လူကြီးမင်းတွေ ပါးစပ်ကမချ ခဏခဏ ပြောပြောနေတာ (တစ်ဆင့်ကြား ရတုန်းက မယုံသေး၊ နားနဲ့ ဆတ်ဆတ်ကြားရတော့မှ ဟိုက်ရှာလ ပတ်၊ သေရောဟ)၊ ဒီစကားလုံး သုံးတာ မအပ်စပ်လွန်းလို့ စေတနာနဲ့အကြံပေး တာပါ။ အမုန်းခံပြောတာပါ။ နံဘေးနား ကလူတွေ ဒီအကြောင်း ပြောနေလှပါပြီ။ ကြိတ်ရယ်နေကြပြီ။
မျက်နှာပျက်မှာ အဝင်အထွက် မကောင်းမှာ အမုန်းခံရမှာစိုးလို့ မပြော ကြတာ၊ အလိုက်အထိုက် နားထောင် နေကြရင်းနဲ့ ဘီးတပ်ပေးနေခဲ့ကြတယ်။ အောက်ခြေက အငယ်လေးတွေ မဟုတ် ဘူးနော်။ အကြီးကြီးတွေ ကိုယ်တိုင်က ဒီစကားပြော ထွက်တာ အံဩလွန်းလို့ပါ။
မသိတာ၊ မတတ်တာ ဝိုင်းကူလို့ ရတယ်။ ကိုယ့်ကိုကိုယ်ငါတို့သည် နိုင်ငံရေး သမားသန့်သန့်ကြီးများ ပေတည်းလို့ အထင်ရောက် ထုတ်ပြော ဂုဏ်ယူ နေကြ တာကို နားလည်တဲ့ လူကြီးတွေက ဝိုင်းဝန်းလမ်းညွှန် တည့်မတ်ပေးကြ ပါဗျာ။  ဘာမဆို စစချင်းမှာ အကုန်တတ် သိနားလည်သွားတတ်တာမှ မဟုတ်တာ သဘာဝပါ။ ထိပ်ပိုင်း ခေါင်းဆောင်တွေက အရပ်ဝတ် ဝတ်ပြီး အောက်ကလူတွေက ပင်နီဝတ်နေကြတာလည်း နိုင်ငံရေးအရ (အားလုံး ကိုယ်စားပြုတယ်ဆိုတဲ့ သင်္ကေတတစ်ခုပါ..ဥပမာအမေစု၊ တိုင်းဒေသကြီးဝန်ကြီးချုပ်) အဲဒါလည်း နိုင်ငံရေးပါ…။ အဝတ်ဝတ်တာ က.. အစ…ပါ ပါတယ်။
နိုင်ငံရေးသမားသန့်သန့် ဆိုတာ မရှိပါ…ဝန်ထမ်း ၊ စစ် သား၊ ဈေးသည်၊ ရှိရှိသမျှ ဒီနိုင်ငံကြီးအတွင်းပါ ဝင်နေ သမျှသော တိုင်းသူ ပြည်သားအားလုံး ဟာ ဒီနိုင်ငံရဲ့ နိုင်ငံရေးသမားတွေပါ။

 
သူ့နေရာသူ့ထောင့်နဲ့ သူအားလုံး နိုင်ငံရေးသမားများ ဖြစ်ပါတယ်။နိုင်ငံရေးသမားအစစ်က ပြည်သူ တွေပါ ပြည်သူတွေကသာ အစိုးရကို ရွေးချယ်နိုင်တဲ့ နိုင်ငံရေးသမား စစ်စစ် တွေပါ။ မမေ့ပါနဲ့….။ တင်ထားပြီး ပစ်မထားကြပါဘူး..ဆက်ဝန်းရံကြမှာပါ။
နိစ္စဒူဝလှုပ်ရှားရှုန်းကန် သွားလာ လုပ်ကိုင်နေတဲ့ ပြည်သူတွေဟာ နိုင်ငံရေး သမားတွေ မဟုတ်ကြဘူး၊ မသက်ဆိုင် ဘူးလို့ အထင်ရောက် နေကြပုံရတယ်။ ကိုယ့်ကလေးကို ကျောင်းထားတာလည်း နိုင်ငံရေးပဲ။ ကိုယ့်အိမ်က ကြောင်ကလေး ကို ထမင်းဝအောင်ကျွေးတာလည်း နိုင်ငံရေးပဲ။ အစာမ၀လို့ နံဘေးအိမ်မှာ ကြွက်သွားခုပ်ပြီး ဘီရိုပေါ်ကနာရီ…ခွမ်းကနဲ….ပြုတ်ကျ ကြည့်…. ဘယ်သူ့ ကြောင်လည်း.. ဇာတ်လမ်းစပြီ။

 
လမ်းလျှောက်ရင်တောင် ညာဘက် ကပ်လျှောက်ကြ ရတာလည်း နိုင်ငံရေးပဲ။ ကျောင်းတက်လို့ ကလေးတွေ နိုင်ငံတော် သီချင်း ဆိုတာလည်း နိုင်ငံရေးပဲ။ အခု ဒီစာကို ရေးလိုက်တာလည်း နိုင်ငံရေးပဲ။ စာဖတ်ပြီးလို့ အမှန်မြင်သွား ရင်လည်း နိုင်ငံရေးပဲ။ ဒါမှမဟုတ် စိတ်ပေါက်ပြီး ပြန်ဆဲချင်သပဆိုရင်လည်း နိုင်ငံရေး ပါပဲ။အငြိုးအတေးထားပြီး ဗျင်းမယ် စိတ်ကူးရင်လည်း နိုင်ငံရေးပဲ။ ကျေးဇူး တင်စရာလို့ ထင်ရင်လည်း နိုင်ငံရေးပါပဲ။ ပြဿနာ ရှာတယ်ထင်ရင်လည်း နိုင်ငံရေး ပါပဲ။

 
ခေါင်းဆောင်လုပ်တဲ့ လူတွေကို ပြည်သူတွေက လေးစားနေဖို့တော့ လို မယ် ထင်တယ်။ တို့လူကြီးတွေ သီလရှိ တယ်။ အကျင့်ကောင်းကြတယ်။ ပညာ အမြော်အမြင် ရှိကြတယ်။ စည်းကမ်း ရှိကြတယ်။ ခံယုချက် မြင့်မားကြတယ်။ စေတနာရှိကြတယ်။ သမာသမတ်ကျ တယ်။ နာယူလွယ်ကြတယ်။ သဘော ထားကောင်းကြတယ်..။ ပွင့်လင်းကြ တယ်..ဆိုတာတွေပေါ့။
အမေစုကို ကြုံရင်မေးခဲ့ပါ။ မေးပြီး မှ သုံးပါဗျာ။ ကျွန်တော်တို့၊ ကျွန်မတို့က နိုင်ငံရေးသမားသန့်သန့်ဆိုတာ ပြည်သူ တွေကြားမှာ သုံးခွင့်ရှိရဲ့လား။ မှန်လား။ သင့်တော်လား။ အကျိုးရှိသလား ဂုဏ် တက်စရာလားပေါ့။ဒီစကားပေါ့ပေါ့ ပျက်ပျက် စကား မဟုတ် နှစ်နှစ်ခြိုက်ခြိုက် ထပ်တလဲလဲကို သုံးနေကြတော့ ခံတွင်းတွေ့နေပုံရတယ်။မသင့်လွန်းလို့ပါ။ ပြည်သူ့အစိုးရမို့ ပြည်သူတွေ ဝန်းရံကြပါ။

 
ကူညီကြပါဆိုရင်…ကို..အတော် အလုပ်ဖြစ်နေပြီ။ လိုလိုလားလား လုပ် ပေးကြမယ့် သူချည်းပါ။
ပြည်သူ့အစိုးရကို ပြည်သူတွေက..ကူညီကြမှာပါ။
ဝန်းရံကြမှာပါ…ယုံလိုက်ပါ။

 
နံဘေးက လူတွေလည်း သတိပြု မိကြပေမယ့် သိတဲ့အတိုင်းပဲ ရှင်ဘုရင့် ပုဆိုးဆိုတော့ အကွက်ကြဲတယ် စိပ်တယ် ဘယ်သူ့မှ မပြောရဲ အားလုံးကောင်းပါ တယ်ပေါ့။ မပြောဘဲ နှုတ်ဆိတ်နေလို့ ရပါတယ်။ ကိုယ့်ဒေသကလူကြီးတွေ မို့လို့ပါ အမုန်းခံရမယ့် စကားကို စေတနာ နဲ့ပြောတာပါ။

 
မဟုတ်ရင် အားလုံးရဲ့ပုံရိပ်ကို ထိခိုက် သွားနိုင်လို့ပါ။
အကျိုးရှိမယ်ထင်လို့ အမုန်းခံပြီး ရှင်ဘုရင့်ပုဆိုးကို တစ်ချက် ပွတ် ကြည့် ပြီး ဖုန်ခါပေးလိုက်တာပါ။ ဒီစကားမျိုး ပြောဖန်များရင် နောက်ကလိုက်မယ့် လူငယ်တွေလည်း မလုပ်မရှုပ်ဘဲ ခပ်ကင်း ကင်းနေရင်း     ရွေးကောက်ပွဲတွေကျမှ နိုင်ငံရေးသမား သန့်သန့်လေးတွေ အဖြစ် နဲ့ ဝင်နွှဲဖို့ပြင်ဆင်နေကြတော့မှာမို့ ဒီတစ်ခါ နေပြည်တော်ရောက်လို့
အမေ့ကို တွေ့ရင် မေးဖြစ်အောင် မေးခဲ့ပေးပါ။
မေ့သွားတယ်လို့တော့ မလုပ်နဲ့ဦး။
ချစ်လို့ရေးတာပါ။ အမေစုကို မေး ပေးပါ။