မော်လမြိုင်ပြည်သူ့ ဆေးရုံကြီးတွင် မူးယစ်ဆေး ဖြတ်နိုင်ပြီ

0
431

မွန်ပြည်နယ်အတွင်း မူးယစ်ဆေး ဝါးစွဲနေသူများ ဆေးဖြတ်လိုပါက မော်လမြိုင်ပြည်သူ ဆေးရုံကြီးရှိ စိတ် ကျန်းမာရေးနှင့် မူးယစ်ဆေးစွဲ ကုသဌာ နတွင် ဆေးဖြတ်နိုင်ပြီဖြစ်သည်။အဆိုပါ အစီအစဉ်ကို မွန်ပြည်နယ် ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (ဗြဗြ) နှင့် မော်လမြိုင်ပြည်သူ့ ဆေးရုံကြီးတို့ ပူး ပေါင်း လုပ်ဆောင်ခြင်း ဖြစ်သည်။


ယင်းအစီအစဉ်ကို အကောင်အထည် ဖော်ခဲ့သည်မှာ တစ်လခန့် ရှိပြီဖြစ်သော် လည်း လက်ရှိချိန်ထိ ဆေးရုံတွင် ဆေး ဖြတ်သူ ၁ ဦးသာရှိသေးသည့်အတွက် ဆေးဖြတ်ပေးနေသည့် အကြောင်းကို လည်း ပြည်သူများကြား ကျယ်ကျယ် ပြန့်ပြန့် ဖြစ်အောင်လည်း     ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့ ဒု-မြို့နယ် ရဲမှူး ဒုရဲမှူးစိုးမွန် က ပြောသည်။
” တစ်ဖက်က မူးယစ်ဆေးဝါးကို အရှိန်အဟုန်နဲ့ ဖမ်းဆီးနှိမ်နင်းနေသလို တစ်ဖက်မှာလည်း ဆေးစွဲနေသူတွေကို ပြန်လည် ထူထောင်ရေးအတွက် ဒီအစီ အစဉ်ကို အကောင်အထည်ဖော်တာ ဖြစ် ပါတယ်”  ဟု ဒုရဲမှူးစိုးမွန်က ပြောသည်။
MANA အနေဖြင့် ဆေးဖြတ်ထား သူများ ဘ၀ရပ်တည်မှုအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင် ပေးသွားရန်လည်းရှိသည်ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (MANA) မှ မော်လမြိုင်ခရိုင် အတွင်း ရေးမှူး ဦးမြတ်ထွန်းက ပြောသည်။
” အရင်က မူးယစ်ဆေးစွဲနေတဲ့ သူ တွေ ဆေးဖြတ်ချင်ရင် ဝက်ထီးကန်တို့ တံတားလေးတို့ ပို့ပေးနေရတယ်၊ အခု ဆိုရင် ဒီမှာ ဖြတ်လို့ရပြီ ” ဟု ၎င်းက ပြောသည်။ဆေးဖြတ်လိုသူများကလည်း ဆေး လာဖြတ်သည့်အခါတွင် ဥပဒေအရ အ ရေးယူခံရမည်ကို စိုးရိမ်နေသည့် အပေါ် မှာလည်း ရဲတပ်ဖွဲ့အနေဖြင့် အရေးယူမှု လုံးဝပြုလုပ်မည်မဟုတ်ကြောင်း ဆေး ပြတ်သွားသည်ထိ ကုသပေးသွားမည်ဖြစ် ကြောင်း မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။ မူးယစ် ဆေးဝါးစွဲနေသူများ အနေ ဖြင့် ဆေးဖြတ်ချင်ပါက မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ မြန်မာနိုင်ငံ မူးယစ်ဆေး ဝါးဆန့်ကျင်ရေးအသင်းနှင့် ချိတ်ဆက် ပြီး အကူအညီရယူနိုင်ကြောင်း သိရသည်။

 
မွန်ပြည်နယ်တွင် ကျယ်ကျယ် ပြန့်ပြန့် ရောင်းဝယ် သုံးစွဲနေကြသည့် မူးယစ်ဆေးဝါး ပြဿနာကို သက်ဆိုင်ရာ တာဝန်ရှိသူတို့က တားဆီးနှိမ်နင်းမှုများ ကုသမှုများ ပြုလုပ်နေသလို မွန်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တခုဖြစ်သည့် မွန်ပြည်သစ်ပါတီမှာလည်း ၂၀၁၂ ခုနှစ် မှစပြီး ပညာပေးခြင်းများ ခရိုင်ဌာနချုပ် များဖြစ်သည့် သထုံခရိုင်၊ မော်လမြိုင် ခရိုင်နှင့် ထားဝယ်ခရိုင်တို့တွင် မိဘများ မှတဆင့် မူးယစ်ဆေးဝါးသုံးစွဲသူများကို ထိန်းသိမ်း စောင့်ရှောက်ပေးခြင်းတို့ကို လုပ်ဆောင်ပေးလျက် ရှိသည်။