ဖိနပ်စီးကြသူများ

0
600

ဖိနပ်ဆိုတာ လူတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင် တစ်မျိုးပါ။ ဖိနပ်ကို အညစ်အကြေး၊ ဆူးငြောင့်ခလုတ်နဲ့ မြွေပါးကင်းပါး အန္တရာယ်ကနေပြီးတော့ ကာကွယ်နိုင်ဖို့ စီးကြပါတယ်။ အားကစားသမားတွေ ဒဏ်ရာအနာတရမဖြစ်ဖို့ တားဆီးပေး နိုင်ဖို့လည်း အားကစားဖိနပ်မျိုးစုံကို ထုတ်လုပ်ပေးလျက် ရှိပါတယ်။ အခုချိန် မှာတော့ ဖိနပ်ကို ဖက်ရှင်တစ်ခုအနေနဲ့ စီးကြတာကို တွေ့ရပါတယ်။


မြန်မာမှုဓလေ့တွေထဲက ရဟန်းခံ ရှင်ပြုပွဲတွေမှာ ပရိက္ခရာရှစ်ပါးဟာ မပါ လို့မရပါဘူး။ အဲဒီပရိက္ခရာ ရှစ်ပါးထဲမှာ ဖိနပ်ဟာလည်း တစ်ပါးအပါအဝင် ဖြစ်ပါ တယ်။ ရဟန်းခံရှင်ပြုပွဲမှာတော့ ဖိနပ်ဟာ အခမ်းအနားသုံး ပစ္စည်းတစ်ခုအဖြစ်နဲ့ နေရာပေးတာ ခံရပါတယ်။ အခြားတစ် ဖက်မှာတော့ မြန်မာတွေဟာ ဖိနပ်ကို ယုတ်ညံ့တဲ့ပစ္စည်းတစ်ခုအနေနဲ့ သဘော ထားကြပါတယ်။ အဲဒီလို သတ်မှတ်ကြတာ ကလည်း ခြေမှာ ဝတ်ဆင်အသုံးပြုတာ ကြောင့် ဖြစ်နိုင်ပါတယ်။ မြန်မာလူမျိုး တွေဟာ မိမိရဲ့ခန္ဓာကိုယ်မှာ ပါဝင်တဲ့ ကိုယ် အင်္ဂါအစိတ်အပိုင်းတွေကိုတောင်မှ အဆင့်အတန်းခွဲခြား သတ်မှတ်တတ်ကြ ပါတယ်။ ခါးအောက်ပိုင်းမှာရှိတဲ့ ကိုယ် အင်္ဂါအစိတ်အပိုင်းတွေကို ယုတ်ညံ့တယ် လို့ သတ်မှတ်ကြပါတယ်။ တကယ်လို့ လူတစ်ယောက်မှာ ခြေတွေသာ မပါခဲ့ဘူး ဆိုရင် လမ်းလျှောက်ဖို့၊ မတ်တတ်ရပ်ဖို့၊ ပြေးလွှားဆော့ကစားဖို့ဆိုတာ အင်မတန် မှ ခက်ခဲပါလိမ့်မယ်။ လူ့ကိုယ်ခန္ဓာ မှာပါတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတိုင်းဟာ သူနေရာနဲ့သူအရေးပါကြပါတယ်။ လူ ဟာမြင့်မြတ်တယ်လို့ ယူဆရင် လူ့ကိုယ် ခန္ဓာမှာပါတဲ့ အင်္ဂါအစိတ်အပိုင်းတိုင်း ဟာလည်း မြင့်မြတ်တယ်လို့ သတ်မှတ်ရ မှာပါ။ ဒါကြောင့် ခြေမှာဝတ်ဆင်ရတဲ့ ပစ္စည်းဖြစ်လို့ ဖိနပ်ကို ယုတ်ညံ့တယ်လို့ မသတ်မှတ်သင့်ပါဘူး။

 
ဖိနပ်တွေရဲ့ သမိုင်းကြောင်းလေး ကိုလည်း နည်းနည်းလောက် စကားကြော ရှည်ပါရစေ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀၀ ကျော်လောက်က စပိန်နိုင်ငံက လိုဏ်ဂူ တစ်ခုအတွင်းမှာ ရေးဆွဲထားတဲ့ ပန်းချီပုံတွေထဲမှာ ခြေတောက်တွေကို တိရိစ္ဆာန်သားရေ ဒါမှမဟုတ် သားမွေး တွေနဲ့ စည်းထားပတ်ထားတဲ့ လူတွေရဲ့ ပုံတွေကို ဖော်ပြထားပါတယ်။ ၁၉၃၈ခုနှစ် အမေရိကန်နိုင်ငံ အောရီဂွန်ဒေသမှာရှိတဲ့ The Fort Rock Cave  အတွင်း တွေ့ရ တဲ့ ရှေးကျတဲ့ ကွင်းထိုးဖိနပ်ပုံစံ ရှုးဖိနပ် ကိုတော့ ဘီစီ ၇၀၀၀ သို့မဟုတ် ၈၀၀၀ ခန့်က ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါ တယ်။ ၂၀၀၈ ခုနှစ်မှာ အာမေးနီးယားနိုင်ငံAreni-1 Cave Complex   မှာတွေ့ ရှိခဲ့တဲ့ ကမ္ဘာ့ရှေးအကျဆုံး သားရေရှုးဖိနပ် ကိုတော့ ဘီစီ ၃၅၀၀ လောက်က ဖြစ်နိုင် တယ်လို့ ယူဆကြပါတယ်။

 
ရှေးဟောင်း သုတေသနပညာရှင် တွေကတော့ သားရေရှုးဖိနပ်ကို ဘီစီ ၁၈၀၀ မှ ၁၁၀၀အကြားမှာ စတင် အသုံးပြုခဲ့တယ်လို့ ခန့်မှန်းပါတယ်။ ၁၇-၁၈ရာစုလောက်က ဥရောပမှာ ခေတ်စားခဲ့တဲ့ လက်ရာပုံစံ ရှုးဖိနပ်တွေ မှာတော့ အမျိုးသားဝတ်နဲ့ အမျိုးသမီး ဝတ်ဟာ ပုံစံအတူတူပဲဖြစ်ပါတယ်။ ၁၈၀၀ ပြည့်နှစ်အစောပိုင်း ကာလရောက်မှ သာ အမျိုးသားစီးရှုးဖိနပ်နဲ့ အမျိုးသမီး စီးရှုးဖိနပ်တို့ဟာ ပုံစံ၊ အရောင်အသွေး၊ ဖနောင့်နဲ့ ခြေထိပ်နေရာတွေမှာ စတင်ပြီး တော့ ကွဲပြားမှုတွေ ရှိလာတာပါ။ ၁၈၅၀ ပြည့်နှစ်ထိတိုင် ရှုးဖိနပ်တွေကို အဖြောင့် ပုံစံနဲ့ လုပ်ကြပါတယ်။ ဆိုလိုတာကတော့ ဘယ်ဘက်နဲ့ညာဘက်ဟာ ပုံစံကွဲပြားမှု မရှိပါဘူး။ ၂၀ရာစု အတွင်းမှာတော့ ဖိနပ်တွေရဲ့ ပုံသဏ္ဌာန်တွေဟာ ဆယ်စု နှစ်တစ်ခုမှ တစ်ခုအတွင်း သိသိသာသာ ပြောင်းလဲလာပါတယ်။

 
၂၁ရာစုမှာတော့ ဖိနပ်တွေဟာ ဒီဇိုင်းစုံ၊ အရောင်းသွေးစုံနဲ့ ဖြစ်နေပါပြီ။ ဈေးနှုန်းကလည်း အဖုံဖုံပါပဲ။ ကမ္ဘာ့ဈေး အကြီးလို့သတ်မှတ်ထားတဲ့ ဖိနပ်ကတော့ Harry Winston Ruby Slippers   ဖြစ်ပြီး ဒေါ်လာသုံးသန်း တန်ပါတယ်။ ဖိနပ်တစ်ရံလုံးကိုတော့ ပတ္တမြားအပြည့်နဲ့ စီခြယ်ထားပါတယ်။ အဲဒီလောက် ဈေးကြီးတဲ့ ဖိနပ်တွေကို ဝယ်စီးနိုင်သူတွေ ရှိပေမယ့်လည်း ဈေးအပေါဆုံး ဖိနပ်လေး တစ်ရံကိုတောင် ဝယ်မစီးနိုင်လို့ ရေသန့် ဘူးခွံကို ကြိုးတပ်ပြီးတော့ ဖိနပ်လုပ်စီး နေရသူတွေလည်း ရှိပါတယ်။ တစ် ယောက်တည်းနဲ့ ဈေးကြီးတဲ့ ဖိနပ်တွေ အများကြီးကို ပိုင်ဆိုင်တဲ့သူတွေ ရှိပေ မယ့်လည်း ဖိနပ်အဟောင်းလေး တစ်ရံ တောင်မှ မပိုင်တဲ့သူတွေလည်း ရှိပါ တယ်။

 
ဖိနပ်နဲ့ပတ်သက်တဲ့ စိတ်ဝင်စား စရာ အကြောင်းအရာလေးတွေလည်း ရှိပါတယ်။ ဂန္ဓီရဲ့အကြောင်းလေးနဲ့ အရင်စချင်ပါတယ်။ ဂန္ဓီဟာ ရထားနဲ့ခရီး တစ်ခုသွားရင်း ဖိနပ်တစ်ဖက် ပြုတ်ကျ ကျန်ခဲ့ပါတယ်။ ဂန္ဓီဟာ သူ့ဆီမှာကျန်နေ ခဲ့တဲ့ ဖိနပ်တစ်ဖက်ကိုပါ ပစ်ချခဲ့ပါတယ်။ သူဘာကြောင့် အဲဒီလိုလုပ်သလဲဆိုရင် ဖိနပ်တစ်ဖက်တည်းရတဲ့သူရော တစ်ဖက် တည်းကျန်ခဲ့တဲ့သူအတွက်ရော ဘာမှ အကျိုးမရှိနိုင်တာကြောင့် ကျန်တစ် ဖက်ကို ပစ်ချခဲ့တာပါ။ ဒါမှလည်း ဖိနပ် ကောက်ရတဲ့ သူဟာ နှစ်ဖက်စလုံးရလို့ သူ့အတွက်အသုံးတည့်သွားမှာပါ။ ဂန္ဓီရဲ့ လေးစားအားကျ အတုယူဖွယ်ရာတွေထဲက တစ်ခုပါ။

 
ကျွန်တော်တို့ရဲ့ ဗိုလ်ချုပ်မှာလည်း ဖိနပ်ဇာတ်လမ်းလေးတစ်ခု ရှိခဲ့ပါတယ်။ အစည်းအဝေးတစ်ခု တက်ရောက်ဖို့ လာစဉ် အတွင်း ဗိုလ်ချုပ်စီးလာတဲ့ကားဟာ လမ်းမှာပျက်သွားလို့ အစည်းအဝေး နောက်ကျမှာ လိုလားမှုမရှိတဲ့  ဗိုလ်ချုပ်ဟာ ခြေကျင်ဆင်းပြီးတော့ လျှောက်ပါတယ်။ အဲဒီလိုလမ်းလျှောက်သွားချိန်မှာ ဗိုလ် ချုပ်ရဲ့ခြေမှာ ဖိနပ်တစ်ဖက်ပဲ ပါတယ်လို့ သိရပါတယ်။ အလုပ်ပေါ်မှာ လေးစား လွန်းတဲ့ အာရုံစိုက်လွန်းတဲ့ ဗိုလ်ချုပ် တစ်ယောက် သူ့မှာဖိနပ် အစုံပါရဲ့လား ဆိုတာတောင် ကြည့်နေဖို့ အချိန်မရ ပါဘူး။ ယခုခေတ်ဗိုလ်ချုပ်ကြီးတွေမှာ ဗိုလ်ချုပ်ရဲ့စိတ်ဓာတ်မျိုး ရာခိုင်နှုန်း နည်းနည်းလောက် ရှိနေခဲ့မယ်ဆိုရင် တောင် ကျွန်တော်တို့တစ်တွေ ဒီလောက် ထိ ဆင်းရဲ့ဒုက္ခရောက်ကြရမှာ မဟုတ်ပါ ဘူး။ ဗိုလ်ချုပ်ကြီးတွေနဲ့ တစ်ဆက် တည်းတွဲပြီး ပြောလိုတာတစ်ခု ကတော့  ဒီမိုကရေစီ လိုလားသူတွေ ကြောက်ခဲ့ ကြရတဲ့ ရွံမုန်းခဲ့ရတဲ့ စစ်ဖိနပ်တွေ အကြောင်းပါပဲ။ အဲဒီစစ်ဖိနပ်ဒဏ်ကြောင့် နိုင်ငံရေးအကျဉ်းသားတွေရဲ့ သွားတွေ ကျွတ်ပြီး နံရိုးတွေကျိုးခဲ့ရသလို ပြည်သူ တွေရဲ့ဘ၀တွေလည်း စုတ်ပြတ်သတ် သွားခဲ့ရပါတယ်။ နောက်ဆုံး တော တောင် ရေ မြေ ပါမကျန်ပါပဲ။ ဒါတောင် စစ်ဖိနပ်ကို လွမ်းနေကြတဲ့ ကိုယ်တော်တွေ ရှိနေသေးတာ မြင်ရတော့ စိတ်အတော် ပျက်ရပါတယ်။

 
နောက်ပြီးတော့ နောက်လူတွေ သတိထားဆင်ခြင်နိုင်ဖို့ အတိတ်ကြောင်း လေး နည်းနည်းလောက် ပြန်သွားကြည့်ရ အောင်။ သမ္မတကြီး ဦးသိန်းစိန်လက်ထက် ကပါ ဦးသိန်းစိန်ကို သူ့လက်အောက်ငယ် သားတစ်ယောက်က ဖိနပ်စီးပေးနေတဲ့ပုံ ကို fခေနဘသသု မှာ မြင်ဖူးကြမှာပါ။ အခြားတစ်ဖက်မှာတော့ ကမ္ဘာမှာ ဩဇာ ကြီးတဲ့ စီးပွားရေး၊ စစ်ရေးအတောင့် တင့်ဆုံးလို့ ပြောလို့ရတဲ့ အမေရိကန် သမ္မတကြီး ဘားရက် အိုဘားမားကတော့ သူ့ဖိနပ်ကို သူကိုယ်တိုင် ကျကျနန စီးနေ လေရဲ့။ ဒီနေရာမှာ ကျွန်တော် တွေးမိတာ ကတော့ အမေရိကန်ဟာ ကျွန်တော်တို့ ထက် ဒီမိုကရေစီစနစ် အခြေခံကောင်းမွန် လို့လား သို့တည်းမဟုတ် ငယ်စဉ်က တည်းက ကိုယ့်အားကိုယ်ကိုးတတ်တဲ့ စိတ်ကို အမေရိကန်လူ့အသိုင်းဝိုင်းက ပြုစုပျိုးထောင်းပေးထားလို့လား ဆို တာပါ။ ကျွန်တော်တို့ဆီမှာတော့ အထက်လူကြီးကို ရိုသေလေးစားလွန်းတဲ့ စိတ်ကြောင့်လား၊ အထက်လူကြီးကို ဖား တတ်တဲ့ ဖားချင်တဲ့စိတ်ကြောင့်လား ဒါမှ မဟုတ် အထက်အရာရှိ ဆိုသူတွေကိုယ် တိုင်က ဇိမ်ခံချင်လွန်းလို့လားဆိုတာ စဉ်းစားစရာပါ။ အဲဒီလိုစိတ်မျိုးတွေဟာ နှစ်ဦးစလုံးအတွက် ရှက်စရာကောင်းပါ တယ်။ အမြန်ဆုံး ပြုပြင်သင့်တဲ့ စိတ် ဓာတ်တွေပါ။ နောက်လူတွေမှာ မရှိသင့် တော့ ပါဘူး။

 
၂၀၁၁ခုနှစ်တုန်းက ထိုင်းနိုင်ငံမှာ ဆိုးဆိုးရွားရွား ရေကြီးခဲ့တာကို မှတ်မိ ကြဦးမှာပါ။ အဲဒီတုန်းက ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်က ယင်လတ်ရှင်နာဝပ်ထရာ ပါ။ ရေဘေးသင့်ပြည်သူတွေနဲ့ သွား ရောက်တွေ့ဆုံချိန် သူမစီးသွားခဲ့တဲ့ တန် ဖိုးကြီးတဲ့ လည်ရှည်သားရေဖိနပ်ကြောင့် အတော်ကို ဝေဖန်ခံခဲ့ရတာပါ။ ပြည် သူတွေ ဆင်းရဲဒုက္ခကြုံတွေ့နေရချိန်မှာ အခုလိုမျိုး ဖက်ရှင်ဆန်ဆန် တန်ဖိုး ကြီးဖိနပ်ကို စီးလာလို့ ပြည်သူတွေရဲ့ ဆင်းရဲ့ဒုက္ခကို အတူမျှဝေခံစားလိုတဲ့စိတ် ပြည်သူတွေနဲ့ တစ်သားတည်းဖြစ်ချင်တဲ့ စိတ် မရှိတဲ့သဘော သက်ရောက် သွား လို့ပါ။

 
ကျွန်တော်တို့ဆီမှာလည်း ၂၀၁၅ တုန်းက ရေလွှမ်းမိုးမှုဒဏ်ကို ဒေသ အတော်တော်များများမှာ ဆိုးဆိုးရွားရွား ခံစားခဲ့ကြရပါတယ်။ အဲဒီတုန်းက တိုင်း ဒေသကြီးဝန်ကြီးချုပ်တစ်ဦး လှေပေါ်မှာ အခန့်သားထိုင်ပြီးတော့ သူ့နောက်လိုက် တွေက ရေထဲကနေ ဆင်းတွန်းပေးနေရတဲ့ ပုံကိုခေနဘသသု မှာတွေ့ရလို့ အတော် လေး ဝေဖန်ခံခဲ့ရပါတယ်။ အဲဒါကြောင့် လားတော့မသိ အခုဝန်ကြီးချုပ်တွေက တော့ ပုဆိုးခါးတောင်းကျိုက်ပြီးတော့ကို သွားတော့ တာပါပဲ။

 
အရပ်သား အစိုးရတက်လာပြီးတဲ့ အချိန် ရက်၁၀၀ အလွန်ကာလမှာတော့ အရင်နှစ်ကလိုပဲ အစဉ်အလာမပျက် ရေကြီး ပြန်ပါတယ်။ ဒီနှစ်မှာတော့ သမ္မတကြီး ဦးထင်ကျော်ဟာ ရေဘေး သင့်ပြည်သူတွေနဲ့ တွေ့ဆုံချိန်မှာ ကြမ်း တပြေးတည်းထိုင်ပြီးတော့ ရင်းရင်း နှီးနှီး နဲ့ တွေဆုံအားပေးခဲ့ပါတယ်။ နောက်ပြီး တော့ သူအခုလိုမျိုးနောက်ကျပြီးမှ ရောက်လာခဲ့တဲ့အတွက် ခွင့်လွှတ်ပေးဖို့ တောင်းပန်စကား ဆိုသွားခဲ့ပါတယ်။ အရင်က တစ်ခါမှမမြင်ဖူးခဲ့ မကြားဖူးခဲ့တဲ့ ကိစ္စပါ။ ကိုယ့်အမှား ကိုယ့်အားနည်း ချက်ကိုသိပြီး ဝန်ချတောင်းပန်ရဲတဲ့ ဝန်၊ ကလေး အထူးကု ဆရာဝန်၊ မေ့ဆေး အထူးကုဆရာဝန်၊ အသံလေ့ကျင့်ပေး သောဆရာဝန် (Sစနနခ့ ဏအေ့သူသါငျအ) စိတ်ရောဂါကု ဆရာဝန် စသည်ဖြင့် ပါဝင်ကြ၏။ ဆိုလိုသည်မှာ အဖွဲ့စုံ ရှုထောင့်စုံမှ စိတ်ရှည်ရှည်နှင့် သိမ်သိမ် မွေ့မွေ့ကုသရသော ရောဂါမျိုးဖြစ်သည်။

 

နိဂုံး
နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေး တစ်ယောက်၏ နောက်ဆက်တွဲဘ၀ စာမျက်နှာများသည် မိဘများ၏စိတ် ရှည်မှု၊ အမြော်အမြင်ရှိမှု၊ အကောင်းမြင် စိတ်ထားရှိမှု(တချို့မိဘများကကောင်း နေသော မွေးချင်းများနှင့်နှိုင်းပြီး နိမ့်ချ ဆက်ဆံ မိသလိုမျိုး ဖြစ်တတ်ကြသည်။) စသဖြင့် အရာရာနှင့် ဆက်စပ်နေပါသည်။

 
နှုတ်ခမ်းကွဲ အာခေါင်ကွဲဖြင့် မွေး ဖွားလာပြီး ကမ္ဘာမှာထူးချွန်နေသောသူ များလည်း ဒုနှင့်ဒေး ရှိကြသည်ကို သိစေ ချင်ပါသည်။
နိဂုံးချုပ်ဆိုရသော် နှုတ်ခမ်းကွဲ အာခေါင်ကွဲကလေးများအား မှန်ကန် ကောင်းမွန်သောကုသခြင်း၊ ပြုစုခြင်း မှသည် ထွန်းတောက်ထူးချွန်သော၊ ရဲရင့် စွာပြုံးနိုင်သော ပညာရှင်ကလေးများ အဖြစ် ပြောင်းလဲပျိုးထောင် ပေးနိုင်ပါ စေကြောင်း တင်ပြလိုက်ပါသည်။