ရှေးဟောင်းအမွေအနှစ်များတည်ရှိရာ ကေလာသဘေးမဲ့တောကို ထိန်းသိမ်းရန် လိုအပ်နေ

0
476

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာ ကေလာသ တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော ရေရှည်တည် တန့်ရန်အတွက် ထိန်းသိမ်းရန် လိုအပ် နေသည်ဟု ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးအသင်းက ပြောသည်။


ကျောက်မိုင်းလုပ်ကိုင်နေခြင်း၊ လက်ကိုင်လွှစက်ဖြင့် သစ်ခုတ်ခြင်း၊ မီးသွေးဖုတ်ခြင်း၊ အမဲလိုက်ခြင်း၊ ကျောက်၊ မြေတူးဖော်ရောင်းချခြင်း စသည်တို့ကြောင့် တောပျက်စီးတော့မည့် အန္တရာယ်ရှိနေသည်ဟု ဇီဝမျိုးစုံမျိုး ကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း ဥက္ကဌ ဦးစောထွန်းခိုင်က ပြောသည်။

mon_to_protect
ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်း သိမ်းရေးအသင်းအနေဖြင့် ကေလာ သဘေးမဲ့တောရှိ စမ်းချောင်းများမှတဆင့် ပင်လယ် ကမ်းနားပိုင်းရှိ ကျေးရွာ ၃ ရွာခန့်ကို ရေပေးဝေရန် စီစဉ်လျက်ရှိပြီး အကယ်၍ ကေလာသဘော မဲ့တောသာ ပျက်စီးသွားပါက ရေရရှိရေးလည်း မလွယ်ကူတော့သည့်အတွက် ကေလာ သဘေးမဲ့တောကို ထိန်းသိမ်းရန်   ဒေသခံလူထုများပါဝင်သည့် ဘေးမဲ့ တော ထိန်းသိမ်းရေးအဖွဲ့များ ဖွဲ့စည်း ရန် ဆွေးနွေးတိုင်ပင်လျက်ရှိသည်ဟုလည်း ဦးစောထွန်းခိုင်က ပြောသည်။
ကေလာသတောင်တွင် ကျောက် မိုင်း ၂ ခုရှိသည်ဟု မွန်ပြည်နယ်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးရုံးမှ    ညွှန်ကြားရေးမှူးက ပြောသည်။အကျယ်အဝန်း ၈ ဒသမ ၄၇ စတု ရန်းမိုင်ရှိသည့်ကေလာသဘေးမဲ့တောကို မြန်မာနိုင်ငံ၏ သဘာဝထိန်းသိမ်းရေး နယ်မြေတစ်ခုအဖြစ် ၁၉၄၂ ခုနှစ်က အသိအမှတ်ပြုခဲ့ပြီး အဆိုပါတောတွင် ဇီဝမျိုးကွဲများသာမက ကေလာသ ဆံတော်ရှင်၊ ကေလာသဖနှင့် မြသပိတ် ဘုရားစေတီပုထိုးများ တည်ရှိရာ  ပြည်နယ်အတွက် သမိုင်းဝင် ထိန်းသိမ်း ရမည့် နယ်မြေတစ်ခု ဖြစ်သည်။