အလှူရှင် အရောက်နည်းသည့် နေရာများသို့ ထားဝယ်ရေဘေး ကူညီရေးအဖွဲ့ သွားရောက်လှူဒါန်းမည်

0
446

ဧရာဝတီတိုင်းဒေသကြီး မအူပင် မြို့နယ်ရှိ အလှူရှင်များ အရောက်နည်း သည့် နေရာများသို့ သွားရောက်လှူ ဒါန်းမည်ဖြစ်ကြောင်း ရေဘေးကူညီရေး အဖွဲ့(ထားဝယ်)ထံမှ သိရသည်။


ရေလမ်းခရီးကိုသာ အဓိကထား၍ ခက်ခဲစွာသွားရသော ဒေသများနှင့် အစိုးရဘက်မှ ကယ်ဆယ်ရေးအဖွဲ့များ မရောက်သည့် နေရာများတွင် အလှူရှင် အရောက်နည်းသောကြောင့် ယင်းဒေသ များသို့ လှူရန်ရွေးချယ်ရခြင်း ဖြစ် ကြောင်း    ရေဘေးကူညီရေးအဖွဲ့ (ထားဝယ်) မှ ကိုဝေဖြိုးက ပြောသည်။
” အဲဒီဒေသက ရေဘေးသင့်ပြည်သူ တွေ စားဖို့အဓိက အခက်အခဲဖြစ်နေတဲ့ အတွက် ဆန်နဲ့စားသောက်ကုန်တွေကို အဓိက လှူဖို့လုပ်ထားတယ်။ အလှူခံ ရရှိငွေက သိန်းရှစ်ဆယ်ကျော်သာရတဲ့ အတွက် တစ်အိမ်ကိုတစ်အိတ်နှုန်း လှူ ပေးနိုင်အောင် ကြိုးစားနေတယ်”  ဟု ကိုဝေဖြိုးက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး မအူပင် မြို့နယ်ရှိ ခွာလေးကျွန်းကျေးရွာ၊ ပန်းပင် စုကျေးရွာအုပ်စု သုံးစု၊ အိမ်ထောင်စု ၆၅၀ ရှိသော အောက်ထိုးကျေးရွာ နှင့် ကျေးရွာအုပ်စု (၁၅)အုပ်စုတို့တွင် သွား ရောက်လှူဒါန်းရန်အတွက် ဒေသခံပျိုး ခင်းသစ် လူမှုအဖွဲ့အစည်း၏ အကူ အညီဖြင့် ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။
ရေဘေးကူညီရေးအဖွဲ့(ထားဝယ်)အား  ထားဝယ်တက်ကြွလူငယ်အဖွဲ့၊ ကျောင်းသားများနှင့် အရပ်ဖက်အဖွဲ့ အစည်း ၁၀ ခုဖြင့် စုပေါင်း၍ ထားဝယ် မြို့အနှံ့ အလှူခံခဲ့ကြသည်။